သေသူအပေါ်အယူခံတင်သွင်းခြင်း။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


သေသူအပေါ်အယူခံတင်သွင်းခြင်း


သေသူအပေါ်တင်သွင်းသောအယူခံသည်တရားမဝင်ချေ။


1983 BLR 181 


ဒေါ်အေးခင်ပါ၄ နှင့် ဒေါ်လှခင်


အမှုတွင်အမှုသွားအမှုလာကိုမစိစစ်ဘဲသေသူအပေါ်တင်သွင်းသောအယူခံတရားမဝင်ခြင်းအရအယူခံကိုပယ်လိုက်သည်။


သေနတ်တချက်ပင်မပစ်ဖောက်ရဘဲစစ်ပွဲရှုံးရခြင်းဖြစ်သည်ကိုသင်ခန်းစာယူသင့်သည်။


အယူခံတရားလို၏ရှေ့နေတွင်တာဝန်ရှိသည်။


မြို့နယ်တရားရုံးများကချမှတ်သောဒီကရီကိုခရိုင်ရုံးစိုက်ရာအရပ်၌နေထိုင်သောရှေ့နေက၊ခရိုင်တရားရုံးတွင်အယူခံတင်သွင်းရာ၌၊အယူခံတရားပြိုင်ဖြစ်မည့်ပုဂ္ဂိုလ်သည်အယူခံလွှာတင်သွင်းသည့်နေ့၌သက်ရှိထင်ရှားရှိမရှိ၊အယူခံတရားလိုအမှုသည်ကိုစုံစမ်းမေးမြန်းသင့်သည်။


ယခုအခါတောရောမြို့ပါဒေသအရပ်ရပ်၌(ပြည်နယ်များသည်ခြွင်းချက်ဖြစ်နိုင်သည်)တယ်လီဖုန်းများရှိသည်ဖြစ်၍စုံစမ်းရန်ခက်ခဲမည်မဟုတ်။


အယူခံလွှာတင်ပြီးမှတဦးတည်းသောအယူခံတရားပြိုင်သေဆုံးကြောင်းသိရလျှင်၊သေသူ၏အခွင့်အရေးကိုဆက်ခံသူများအပေါ်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၄၆တွင်ခွင့်ပြုထားသည့်အတိုင်းအယူခံလွှာအသစ်တင်ရန်ဖြစ်သည်။


ကာလစည်းကမ်းသတ်ကျော်လျှင်ကာလစည်းကမ်းသတ်ကျော်ရခြင်းအတွက်၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၅တွင်အကျုံးဝင်သောလုံလောက်သောအကြောင်းရှိကြောင်းကျမ်းကျိန်လွှာတင်သွင်းလျှောက်ထားရန်ဖြစ်သည်။


တရားလွှတ်တော်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့တွင်တင်သွင်းသောအယူခံမှုများ၌လည်းအလားတူဆောင်ရွက်ရန်ဖြစ်သည်။


သေသူအပေါ်အယူခံတင်မိသည့်ကိစ္စတွင်ဆိုင်ရာရှေ့နေ၌တာဝန်ရှိသည်ကိုသတိချပ်အပ်သည်။


တဦးတည်းသောအယူခံတရားပြိုင်ကွယ်လွန်ပြီးဖြစ်၍၎င်း၏အမွေစားအမွေခံများအပေါ်အယူခံတင်သွင်းခြင်းသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၄၆တွင်အကျုံးဝင်သည်။


1990 BLR 34 ( F B )


ဒေါ်တင်ကြည် နှင့် ဦးစန်းမြင့်ပါ၂


တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးအေးအုန်း၊ဦးကျော်တင့်နှင့်ဦးမျိုးထွန်းလင်း၊ဦးကျော်ဝင်းတို့ရှေ့တွင်


စီရင်ထုံးကိုကြည့်ပါ။


အယူခံလွှာကိုအယူခံတရားပြိုင်များအပေါ်တွင်တင်သွင်းရာ၌၊တဦးမှာကွယ်လွန်ပြီးဖြစ်စေကာမူ၊အယူခံမှာမူတရားဝင်သည်။


၎င်း၏နေရာတွင်တရားဝင်ကိုယ်စားလှယ်များကိုအမှုသည်များအဖြစ်ထည့်သွင်းပေးရန်တရားမကျင့်ထုံးဥပဒေအမိန့်၁၊နည်း၁၀( ၂ )နှင့်ပုဒ်မ၁၀၇( ၂ )အရလျှောက်ထားရန်ဖြစ်သည်။


အမိန့်၂၂၊နည်း၄( ၂ )အရလျှောက်ထားရန်မဟုတ်။


အကြောင်းမူအယူခံမှုတင်သွင်းထားဆဲ၌အမှုသည်သေဆုံးခြင်းမဟုတ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]