ဦးကျော်ဇော နှင့် ဒေါ်ဗိုလ်မခေါ်ဒေါ်ဌေးဌေးပါ၄၊၂၀၁၈ မတစ ၁ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဦးကျော်ဇော နှင့် ဒေါ်ဗိုလ်မခေါ်ဒေါ်ဌေးဌေးပါ၄
၂၀၁၈ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများတရားမစာ၁မှ၁၅ထိ
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ
—————————————————
စီရင်ထုံးစာမျက်နှာ၁၅တွင်-
မောင်လှပါ၂
နှင့်
ဒေါ်မမလေး(၎င်း၏တရားဝင်ကိုယ်စားလှယ်မောင်ကိုကြီး)အမှု
၁၉၆၆ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၄၆၀ပါ-
[ အောက်ရုံးနှစ်ရုံးစလုံးကအကြောင်းခြင်းရာပေါ်တွင်သော်၎င်း၊ဥပဒေအချက်အလက်များပေါ်တွင်သော်၎င်း၊တသဘောတည်းချမှတ်ထားသောအမိန့်ကို၊ဒုတိယအယူခံရုံးအနေဖြင့်ဝင်ရောက်စွက်ဖက်ရန်အကြောင်းမရှိပေ။ထိုကဲ့သို့တသဘောတည်းချမှတ်ခဲ့သောအမိန့်မှာအလွန့်အလွန်မှားယွင်းပြီးတရားမျှတမှုလွန်စွာကင်းမဲ့နေမှသာလျှင်၊ဤရုံးက ဝင်ရောက်စွက်ဖက်နိုင်သည်။ ]ဟူသောထုံးဖွဲ့ချက်ကိုကိုးကားဆုံးဖြတ်ထားပါသည်။
မောင်လှစီရင်ထုံးသည်-
MA PYU v. K. C. MITRA.
Indian Law Reports ( Rangoon Series )
Volume 6 , Page 586 ( 590 )
စီရင်ထုံးပါ
[ Under the provisions of ss.100, 101, second appeals lie only if the decision is contrary to law or if the decision fails to determine some material issue of law or if there is any substantial error or defect in the procedure.
S. 100 says nothing about the findings of facts, concurrent or otherwise, and therefore the findings of the first Appellate Court upon a question of fact is final, if that Court had before it evidence in support of the findings, however unsatisfactory it might be if examined. ]
ဟူသောလမ်းညွှန်ချက်ကို၊ကိုးကားထားခြင်းဖြစ်သည်ကိုလေ့လာတွေ့ရှိနိုင်ပါသည်။
သို့ဖြစ်ရာ၊မဖြူစီရင်ထုံးသည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀အရတက်ရောက်သော ဒုတိယအယူခံမှုနှင့်ပတ်သက်၍ဆုံးဖြတ်ခဲ့သောစီရင်ထုံးဖြစ်ပြီးထိုစီရင်ထုံးတွင်မောင်လှစီရင်ထုံး၌၊အောက်ရုံးနှစ်ရုံးစလုံးကအကြောင်းခြင်းရာပေါ်တွင်သော်၎င်း၊ဥပဒေအချက်အလက်များပေါ်တွင်သော်၎င်း၊တသဘောတည်းချမှတ်ထားသောအမိန့်ကို ဒုတိယအယူခံရုံးအနေဖြင့်ဝင်ရောက်စွက်ဖက်ရန်အကြောင်းမရှိကြောင်းဆုံးဖြတ်ခဲ့ခြင်းမရှိပါဘဲလျက်မောင်လှစီရင်ထုံးတွင်ထိုအချက်ကိုဆုံးဖြတ်ခဲ့ခြင်းမှာ၊မိမိကိုးကားသည့်မဖြူစီရင်ထုံးနှင့်ညီညွတ်ခြင်းမရှိသည်ကိုတွေ့မြင်နိုင်ပါသည်။
မောင်လှစီရင်ထုံးကိုလေ့လာကြည့်ပါလျှင်အောက်ခြေမှတ်စုအရ၊၁၉၆၄ခုနှစ်တရားမဒုတိယအယူခံမှုအမှတ်၅၂ဖြစ်ကြောင်းပေါ်ပေါက်ပါသည်။
သို့ဖြစ်၍မောင်လှစီရင်ထုံးသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀အရအယူခံသော ဒုတိယအယူခံမှုတွင်ဆုံးဖြတ်ခဲ့သည့်အဆုံးအဖြတ်ဖြစ်ကြောင်းညွှန်ပြနေပါသည်။
ယခုဆွေးနွေးလျက်ရှိသောဦးကျော်ဇောအမှုမှာ၊အောက်ခြေမှတ်စုအရ ၂၀၁၇ခုနှစ်တရားမအယူခံမှုအမှတ်၂၀၆ဟုဖော်ပြထားသည်ကိုတွေ့မြင်နိုင်ပါသည်။
သို့ဖြစ်ရာဦးကျော်ဇောအမှုမှာတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)ပါ-
[ from any decree or final order passed on appeal by the High Court or by any other Court of final appellate jurisdiction. ]
ဟူသောပြဌာန်းချက်အရအယူခံဝင်ရောက်လာသောအမှုဖြစ်ကြောင်းတွေ့မြင်နိုင်ပါသည်။
ရှင်းလင်းအောင်ဆွေးနွေးရလျှင်-
မောင်လှအမှုမှာ[ HighCourt ]တရားလွှတ်တော်သို့ ပုဒ်မ၁၀၀အရဒုတိယအယူခံတက်ရောက်ခြင်းဖြစ်ပြီး-
ဦးကျော်ဇောအမှုမှာပုဒ်မ၁၀၉အရ[ SupremeCourt ]သို့အယူခံတက်ရောက်ခြင်းဖြစ်ရာ-
အယူခံမှုချင်းကွဲပြားသည်ကိုသတိထားမိပုံမပေါ်ပါ။
သို့ဖြစ်ရာဦးကျော်ဇောအမှုတွင်ပုဒ်မ၁၀၀အရဒုတိယအယူခံမှုတွင်ဆုံးဖြတ်သောမောင်လှအမှုကိုကိုးကားဆုံးဖြတ်ခြင်းသည်အခြေခံမှစမှားယွင်းပါသည်။
Comments
Post a Comment