ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1940 Rangoon Law Reports 826 


Daw Shin v. Arjandas .


Before Sir Ernest H. Goodman Roberts , Kt., Chief Justice , and Mr. Justice Mosely.


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၈၃၀၌၊စီရင်လျက်ရှိသောအယူခံမှုတွင်ပေါ်ပေါက်သောအမှုနှင့်အများဆုံးဆင်တူသည်ဟုအကြောင်းပြကိုးကားသော၊ ILR 13 Lah 702 ( P C )စီရင်ထုံးမှာ၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၇၃အရဆုံးဖြတ်သောအမှုဖြစ်သည်။


အထက်ပါကျမ်းတွင်ပုဒ်မ၇၃ပါဥပဒေကိုကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရန်ဖြစ်သည်ဟုအထက်ပါကျမ်းဒုတိယတွဲစာမျက်နှာ၁၃၀၃၌ပင်၊အောက်ပါအတိုင်းပြဆိုသည်-


“သို့ဖြစ်ရာပေါင်သောပစ္စည်းမှာပစ္စည်းတွင်မခွဲဝေရသေးသောအစုဖြစ်ပြီးပူးတွဲအစုရှင်များသည်ခွဲဝေကြလျှင်အပေါင်ခံသူ၏အာမခံ(ပစ္စည်း)သည်မိမိအားပေါင်နှံသူကိုတဦးချင်းအလိုက်ခွဲဝေသတ်မှတ်ပေးသောဝေစုနှင့်သက်ဆိုင်သည်။”


ပုဒ်မ၇၃သည်အာမခံချက်များအစားထိုးခြင်းဆိုင်ရာဥပဒေ”The doctrine of substituted securities”ကိုကျင့်သုံးမှုတရပ်ဖြစ်သည်။


39 Mad 283နှင့်ILR(1933)All 513( F B )စီရင်ထုံးများကိုကြည့်ပါ။


သို့ဖြစ်ရာမခွဲဝေရသေးသောပစ္စည်းတွင်ပူးတွဲအစုရှင်တဦးကမိမိအစုကိုပေါင်ခဲ့ပြီးနောက်ပစ္စည်းခွဲဝေသည့်အခါအပေါင်ခံသူသည်ပေါင်နှံသူရရှိသောအစုကိုအပေါင်ပစ္စည်းအဖြစ်ရရှိသည်ဖြစ်၍၊ထိုအစုအပေါ်အပေါင်မှုစွဲဆိုနိုင်သည်။


1940 RLR ( D B )826အမှုတွင်၊ဆိုင်ရာပြဌာန်းချက်များနှင်စပ်ဟပ်အဖြေထုတ်မပြပဲပရီဗွီကောင်စီ၊စီရင်ထုံးများကိုကိုးကားဆုံးဖြတ်သည်ဖြစ်၍၊ဆိုင်ရာစီရင်ထုံးများကိုဖတ်ခွင့်မရဘဲထုံးဖွဲ့ချက်များကိုနားလည်နိုင်မည်မဟုတ်၍၊ဆိုင်ရာပြဌာန်းချက်များနှင့်စပ်ဟပ်ဆွေးနွေးရန်လိုအပ်သည်အလျောက်၊ပြည့်ပြည့်စုံစုံဆွေးနွေးရခြင်းဖြစ်သည်။


ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ