အယူခံမှုတွင်မပါမဖြစ်ပါဝင်ရန်လိုအပ်သည့်အမှုသည်များ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အယူခံမှုတွင်မပါမဖြစ်ပါဝင်ရန်လိုအပ်သည့်အမှုသည်များ


အယူခံမှုတွင်မပါမဖြစ်ပါဝင်ရန်လိုအပ်သည့်အမှုသည်များကိုမထည့်မိ၍အယူခံမှုများရှုံးနိမ့်ရသည့်ဥပဒေပြဿနာ၏သာဓကများကိုစာရေးသူ၏တရားမကျင့်ထုံးဥပဒေ(ပထမနှင့်ဒုတိယတွဲ)စာမျက်နှာ၁၄၆မှ၁၄၉တွင်တွေ့မြင်နိုင်သည်။


ထိုအမှုမျိုးထပ်မံမကျူးလွန်မိရန်အယူခံလွှာရေးသူရှေ့နေရှေ့ရပ်များသတိမူသင့်သည်။


1950 BLR ( H C ) 156


Ko Maung Gyi v. Maung Nyi Nge and one.


Before U San Maung , J.


အမှုတွင်၊ A နှင့် Bတို့သည်အချင်းဖြစ်မြေကို C ထံမှဝယ်ယူပြီးနောက်၊လက်ရောက်ရလိုကြောင်းဖြင့်ပစ္စည်းလက်ရှိဖြစ်သူ D နှင့် C တို့အပေါ်တရားစွဲဆိုသည်။


D ကထိုမြေကို C ၏ကိုယ်စားလှယ်ဟောင်း E ထံမှဝယ်ယူထားကြောင်းချေပသည်။


သို့သော် E ကိုအမှုသည်အဖြစ်ထည့်သွင်းခြင်းမပြု။


E သည်တရားပြိုင်ဘက်မှသက်သေအဖြစ်ပါသည်။


C ကအမှုတွင်တရားလိုတို့၏တောင်းဆိုချက်ကိုဝန်ခံသည်။


မူလရုံးတွင်အရေးနိမ့်သဖြင့်၊ D ကအယူခံဝင်ရာ C အားအမှုသည်အဖြစ်ထည့်သွင်းခြင်းမပြု၍ပထမအယူခံရုံးကအယူခံကိုပလပ်လိုက်သည်။


D ကထပ်မံအယူခံသောအခါတရားလွှတ်တော်က”မြေရောင်းသူ C သည်အမှုတွင်မပါမဖြစ်ပါဝင်ရမည့်အမှုသည်ဖြစ်ကြောင်း၊၎င်းသည်ပိုင်ရှင်ဖြစ်သည်ဟုစိစစ်တွေ့ရှိခဲ့သည်ဖြစ်၍၎င်း၏ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသောမူလရုံး၏ဆုံးဖြတ်ချက်မှာအပြီးသတ်အတည်ဖြစ်သွားပြီဖြစ်ကြောင်း၊ထိုဆုံးဖြတ်ချက်မှာ C နှင့် D တို့အကြားမီးသေသောဆုံးဖြတ်ချက်ဖြစ်သွားပြီဖြစ်ကြောင်း၊သို့ဖြစ်၍ D သည်အယူခံဝင်ခွင့်မရှိဟုအောက်အယူခံရုံးကဆုံးဖြတ်ပြီးအယူခံကိုပလပ်ခြင်းမှာမှန်ကြောင်း”အောက်ပါအတိုင်းဆုံးဖြတ်သည်-


“Where the plaintiff filed a suit for the recovery of possession of a piece of land from the 1st defendant and added his own vendor as a party to the suit and the Court held that the vendor was the owner of the land and conveyed good title to the Plaintiff and decreed the suit ; the defendant preferred an appeal but did not make the vendor a party to the appeal.


The District Court dismissed the appeal on the ground that the appeal was incompetent for the failure of the defendant-appellant to add the vendor as a party.”


“Held , That as the vendor was a necessary party to the suit and it having been found that the vendor was the owner and the decision as to his ownership has become final, the principle laid down in V. P. R. V.Chokalingam Chetty and one v. Seethai Achi and others, I. L. R. 6 Ran 29 P. C. applied, and the appeal was rightly dismissed as incompetent.


The finding that the vendor was the owner has been res judicata between the vendor and the defendant.”


စီရင်ထုံးစာမျက်နှာ၁၅၇တွင်တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းသုံးသပ်သည်-


“The suit was decreed with costs as against the defendant-appellant and on appeal to the District Court of Yemethin the learned District Judge by his judgment in Civil Regular Appeal No. 12 of 1948 dismissed the appeal on the ground that it was incompetent for failure to add M. R. M. M. Chettyar as a party respondent.


Hence this appeal to this court by the defendant-appellant Ko Maung Gyi.”


မပါမဖြစ်ပါဝင်ရန်လိုအပ်သောအမှုသည်မပါဘဲတင်သွင်းသောအယူခံသည်၊တရားမဝင်သောအယူခံ( incompetent )ဖြစ်သည်ဟုပြဆိုရာ၌ထိုအယူခံကိုခရိုင်တရားရုံးကပလပ်သည်မှာမှန်သည်ဟုဆုံးဖြတ်သည်ကိုဂရုပြုရန်ဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၁၅၇တွင်တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“In coming to the conclusion that the defendant-appellant’s appeal was incompetent the learned District Judge relied upon the ruling of the Privy Council in V. P. R. V. Chokalingam Chetty and one v. Seethai Achi and others , 6 Ran. p 29. in which their Lordships affirmed the judgment of the late High Court in a case between the same parties , 2 Ran. 541.”


စီရင်ထုံးစာမျက်နှာ၁၅၈တွင်ခရိုင်တရားသူကြီး၏သုံးသပ်ဆုံးဖြတ်ချက်မှန်ကန်ကြောင်း၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“However, in my opinion the learned District Judge was right in holding that the principle underlying the decision in V. P. R. V. Chokalingam Chetty’s case , 6 Ran. p. 29. is applicable to the present case.”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]