ဥပဒေကျမ်းများ၏အထောက်အကူ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဥပဒေကျမ်းများ၏အထောက်အကူ
စာရေးသူသည် AIR Commentaries ၊တရားမကျင့်ထုံးဥပဒေကျမ်း၊ပစ္စည်းလွှဲပြောင်းခြင်းဥပဒေကျမ်းနှင့်ကာလစည်းကမ်းသတ်အက်ဥပဒေကျမ်းများကို၊တရားရုံးချုပ်ပိဋကတ်တိုက်တွင်လေ့လာခွင့်ရခဲ့သည်။
အချို့ရှေ့နေကြီးများ၌ထိုကျမ်းများရှိသည်ကိုသတိထားမိသည်။
မန္တလေးမြို့မှရှေ့နေဦးမြစိန်(မြန်မာဓလေ့ထုံးတမ်းဥပဒေကိုပြုစုသူ)သည်၎င်း၏ဆရာ Mr Bose(စီရင်ထုံးများတွင်၎င်းလိုက်ပါသောအမှုများကိုတွေ့မြင်နိုင်သည်)ဌာနေပြန်ရာမှရရှိလိုက်သောကျမ်းများတွင်၊တရားမကျင့်ထုံးဥပဒေကျမ်း( AIR Commentaries )များပါဝင်သည်။
ဥပဒေကျမ်းများတွင်အမှန်တရားပေါ်ထွန်းရေးသည်ရည်ရွယ်ချက်ဖြစ်သည်။
ဥပဒေပညာရှင်အကျော်အမော်ဒေါက်တာဧမောင်က(၁၉၇၀ပြည့်နှစ်ထုတ်)မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်းစာမျက်နှာ၂၁၉တွင်-
1966 BLR 27 ( C C )
Maung Khet and two others vs. Ma Yin
တရားသူကြီးဦးစိန်သင်းကြားနာဆုံးဖြတ်သည်
စီရင်ထုံးကိုပြန်လည်ဆင်ခြင်သင့်ကြောင်းအောက်ပါအတိုင်းပြဆိုထားသည်-
Maung Khet vs. Ma Yin ( 1966 C . C . 27 ) is a difficult decision by a single Judge of the Chief Court . The Learned Judge explicity accepts the principle that the kittima child loses all rights of inheritance in his natural family which has as its basis the view that he drops out of his family .
It is obvious , also , that the Learned Judge accepts the principles laid down by the Privy Council decision in Maung Sein Shwe vs. Maung Sein Gyi ( 13 Ran. 69 ) and the Full Bench decision of the High Court of Judicature at Rangoon in Maung Thein vs. U Tha Byaw ( 1939 Ran. 341 ) that apart from the question relating to Orasa( ဩရသ )rights , the kittima( ကိတ္တိမ ) enjoys all the rights of a natural son of the adopter including rights of inheritance in the estate of ancestors and collaterals of the adoptive parent .
However , the Learned Judge held that it could not " be taken to mean that for all purposes the adoptee must be identified with the interest of the adopted family alone. "
The Learned Judge took the view that " the adoptee should not be regarded as a stranger to his natural relatives for the purpose of determining the question as to who should inherit his estate. "
It would appear that the Learned Judge considered the adoptee to be a member of both the adoptive family and his natual family concurrently , for the special purpose of determining who inherits his estate .
This is apparent from the Learned Judge's conclusion that the kittima's natural sister is of nearer kinship to him than the grandchildren of his adoptive parents , who , in other words , are his nephews and nieces by adoption.
This involves recognition of the principle of dual membership of the kittina in his natural family and in the adoptive family , as , otherwise , there would be no need to make a comperative assessment of nearness of kinship as between a natural sister and adoptive nephews and nieces .
Dual family relationship appears to be unknown to Burmese Buddhist Law and the Learned Judge's dictum was an ipse dixit , which clearly calls for further consideration in an appropriate case .
The decision in Daw Hla Shin vs. Daw Aye Khin [ 1957 BLR ( H C ) 242 ] is of interest in that the High Court allowed a natural sister of an insane brother who had been adopted into another family , to inherit his estate on the ground , not of proximity of relationship , but , on the ground that he , having no other heir , was looked after and his funeral ceremonies carried out by such natural sister .
မောင်ခက်နှင့်မရင်အမှု( ၁၉၆၆ မတစ ၂၇ )အမှုတွင်၊ကွယ်လွန်သူမွေးစားသားကို၊ညီမအရင်းကနာစဉ်၌ပြုစုခဲ့၍နှမအရင်းသည်မွေးစားမိဘဘက်မှတော်စပ်သည့်တဝမ်းကွဲညီအစ်ကိုမောင်နှမများထက်မွေးစားသား၏အမွေကိုရခွင့်ရှိသည်ဟုဆုံးဖြတ်ခြင်းမှာခြွင်းချက်မျှသာဖြစ်သည်။
ယင်းအမှု၌မွေးစားသားတွင်ပိုမိုနီးစပ်သည့်အမွေစားအမွေခံမကျန်ရစ်ခဲ့၍ဆုံးဖြတ်ခြင်းဖြစ်သည်။
မွေးစားသားသမီးများသည်မွေးစားမိဘနှင့်မွေးစားမိဘဆွေမျိုးများထံမှအမွေဆက်ခံခွင့်ရှိသည်ဆိုသောဥပဒေသမှာမြန်မာဓလေ့ထုံးတမ်းအမွေခန်းဥပဒေ၏အခြေခံတရပ်ဖြစ်သည်။
ထိုဥပဒေသဘောကို-
မသော် နှင့် မစိန်အမှု( ၅ အောက်မြန်မာပြည်စီရင်ထုံးများ စာ-၈၉ )
မောင်သိန်း နှင့် မောင်သာဗျောအမှု( ၁၉၃၉ ရန်ကုန် ၁၄၁ )
မောင်ခက် နှင့် မရင်အမှု( ၁၉၆၆ မတစ ၂၇ )၊
ဒေါ်သန်းခင် နှင့် ဒေါ်နွဲ့နွဲ့ခင်အမှု( ၁၉၉၀ မတစ ၁၁၉ )တွင်ကြည့်ပါ။
မွေးစားသားသည်၎င်း၏မိရင်းဖရင်းတို့ထံမှအမွေဆက်ခံခွင့်ဆုံးရှုံးပြီးမွေးစားမိဘနှင့်မွေးစားမိဘ၏ဆွေမျိုးများထံမှအမွေဆက်ခံခွင့်ရသည်ဆိုသည့်ဥပဒေသဘောတရားသည်မြန်မာဓလေ့ထုံးတမ်းဥပဒေတွင်အခြေခံအချက်တရပ်ဖြစ်သည်။
သို့ရာတွင်အဆိုပါကိစ္စရပ်မှလွဲ၍အခြားကိစ္စအရပ်ရပ်တို့အတွက်မွေးစားသားသည်မိရင်းဖရင်းတို့နှင့်လုံးဝအဆက်ပြတ်ပြီးသူစိမ်းပြင်ပြင်တယောက်အဖြစ်သို့ရောက်ရှိသွားသလောဆိုသည့်ပြဿနာမှာစဉ်းစားဖွယ်ရာဖြစ်သည်။
————————————-
AIR Commentaries ကျမ်းများကိုဥပဒေပညာရှင်အများအပြားစုပေါင်းထုတ်ဝေခြင်းဖြစ်သည်။
စာတည်းအဖွဲ့၌ပင်တရားလွှတ်တော်ဥပဒေပညာရှင်အများအပြားပါဝင်သည်ကိုတွေ့ရသည်။
၁၉၅၀ပြည့်နှစ်ထုတ်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကျမ်းသုံးတွဲ(စာမျက်နှာ၂၅၁၅)ရှိသည်။
မြန်မာနိုင်ငံ၌လက်ရှိထုတ်ဝေလျက်ရှိသည့်စီရင်ထုံးပေါင်းချုပ်အနှစ်ချုပ်ဖြစ်သည့်နောက်အကျဆုံးဥပဒေကျမ်းမှာလေးတွဲ၊ကာလစည်းကမ်းသတ်ဥပဒေကျမ်းမှာနှစ်တွဲ(မှတ်မိသမျှ)ရှိသည်။
မြန်မာနိုင်ငံရှိအဆိုပါကျမ်းများမှာနှစ်ငါးဆယ်ကျော်ခေတ်နောက်ကျကျန်လျက်ရှိသည်။
အိန္ဒိယနိုင်ငံ၌နောက်ဆုံးထုတ်ဝေသောအဆိုပါကျမ်းများမှာများစွာပို၍ထူလာကာ၊ကျမ်းများတွင်အကြောင်းအရာအညွှန်း၊စီရင်ထုံးအညွှန်းများပါသည်။
ကျမ်းကြီးများတွင်မှားသောစီရင်ထုံးအချို့ကိုဘဝင်မကျကြောင်းတင်ပြထားသည်ကိုလည်းတွေ့ရသည်။
ဒေါက်တာဧမောင်သည်၁၉၇၀ပြည့်နှစ်တွင်ထုတ်ဝေသောမြန်မာဗုဒ္ဓဘာသာတရားဥပဒေ(မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၂)တွင်ပါရှိသည့်အတိုင်း)ကျမ်းစာမျက်နှာ၆၃တွင်-
1963 BLR 912(917)
Maung Kyin Maung and one vs. Ma Waing Kyi
တရားဝန်ကြီးဦးစံမောင်ကြားနာဆုံးဖြတ်သည်
စီရင်ထုံးပါဆုံးဖြတ်ချက်မမှန်ကြောင်းကိုလည်းကောင်းထောက်ပြထားသည်။
ဒေါက်တာဧမောင်ကျမ်းစာမျက်နှာ၆၃တွင်အောက်ပါအတိုင်းဝေဖန်ထားသည်-
" An obiter dictum in Maung Kyin Maung vs. Ma Waing Kyi ( 1963 C . C . 912 ) at page 917 of the Report that the acution purchaser of the wife's interest at an execution sale cannot claim partition of the interest against the husband during the subsistence of marriage is clearly incorrect . It ignores a long line of decisions to the contrary and also overlooks the fact that inability to claim partition is personal to the husband or the wife . "
မောင်ကျင်မောင်အမှုမှာမဝိုင်းကြည်ရဲ့အဖေကဂရန်ရတယ်။အဖေလုပ်တဲ့သူဂရန်ရတဲ့မြေကွက်မှာမယားလုပ်တဲ့သူဆိုင်တာပေါ့။မယားကအကြွေးတင်ပါလိမ့်မယ်ထင်တယ်။လင်မယားနှစ်ယောက်ပိုင်ဂရန်ပစ္စည်းမှာမယားရဲ့အကျိုးခံစားခွင့်ကိုဝရမ်းကပ်တယ်။ရောင်းတယ်။တရားပြိုင်မောင်ကျင်မောင်ကဝယ်လိုက်တယ်။တပိုင်းတစမှာသူဝင်နေလိုက်တယ်။
အဖေရောအမေရောသေပြီးတဲ့နောက်ဂရန်ရသူရဲ့သမီးဖြစ်သူမဝိုင်းကြည်ကမောင်ကျင်မောင်ကိုကျူးကျော်သူအဖြစ်လက်ရောက်ရလိုမှုစွဲတယ်။မောင်ကျင်မောင်ကကျွန်တော်ကျူးကျော်သူမဟုတ်ဘူး။သူ့အမေရဲ့ရပိုင်ခွင့်ကိုဝယ်နေတဲ့အတွက်ကျူးကျော်သူဟုတ်ဘူးလို့ထုချေတယ်။
တောင်ငူခရိုင်တရားမတရားသူကြီးကမယားအပေါ်မှာကြွေးမြီကိုအကြောင်းပြုပြီးတော့ရောင်းတာဟာ၊ဂရန်သည်ကော်လိတ္တော်ခွင့်ပြုချက်မရပဲရောင်းတာ၊ပဋိညာဉ်ဥပဒေနဲ့ဆန့်ကျင်တယ်။ဒါကြောင့်မောင်ကျင်မောင်ဝယ်တာအကျိုးအမြတ်မရှိဘူးဆိုပြီးဆုံးဖြတ်လိုက်တယ်။
တရားရုံးချုပ်ရောက်တော့၊ဂရန်မှာဘယ်လိုပဲရေးထားရေးထားရောင်းလို့ရပါတယ်။ပဋိညာဉ်ဥပဒေအရမပျက်ဘူးလို့ဆုံးဖြတ်တယ်။
ထူးခြားတဲ့ဥပဒေလေးတခုက၊သမီးမဝိုင်းကြည်ဘက်ကလိုက်တဲ့ရှေ့နေက၊ဝယ်တဲ့မောင်ကျင်မောင်ဟာမူလပိုင်ရှင်သမီးနဲ့အဖေရဲ့မြေကိုလည်းမခွဲရသေးဘူး။မခွဲရသေးလို့ဘယ်အပိုင်းဟာသူ့ပစ္စည်းလဲလို့မသိနိုင်ပါဘူးလို့လျှောက်တယ်။မောင်ကျင်မောင်ဝယ်တာကမယားရဲ့ပိုင်ဆိုင်မှုကိုဝယ်တာ။ဂရန်ရတာကလင်လုပ်သူကရတာ။
တရားသူကြီးဦးစံမောင်ကသူတို့လင်မယားကွဲမှမကွဲဘဲ၊ဘယ်လိုလုပ်လက်မယားပိုင်ခွဲလို့ရပါ့မလဲ၊သူတို့လင်မယားဟာသေတဲ့အထိကွဲမှမကွဲပဲ၊ဒါကြောင့်မူလပိုင်ရှင်နဲ့မောင်ကျင်မောင်တို့ခွဲဖို့တင်ပြတာဟာမမှန်ဘူးလို့ဆုံးဖြတ်တယ်။
အဲဒီလိုဆုံးဖြတ်တာမမှန်ဘူးလို့ဒေါက်တာဧမောင်ကသူရေးတဲ့စာအုပ်မှာဝေဖန်တယ်။
ဒေါက်တာဧမောင်က၊လင်မယားမကွဲသရွေ့ပစ္စည်းခွဲပေးဖို့စွဲလို့မရဘူးဆိုတာမှန်ပါတယ်။
ဦးစံမောင်မမြင်လိုက်တာကိုဒေါက်တာဧမောင်ကမြင်လိုက်တယ်။
လေလံတင်ရောင်းချပြီးတဲ့နောက်၊အချင်းဖြစ်ပစ္စည်းများရဲ့ပိုင်ရှင်တွေဟာဂရန်ရတဲ့သူမယားရဲ့ပိုင်ဆိုင်ခွင့်ကို၊လေလံဆွဲဝယ်သူမောင်ကျင်မောင်တို့ဖြစ်တယ်။
ဒါကြောင့်၊ပူးတွဲပိုင်သူတွေဟာလင်မယားမဟုတ်လို့ပစ္စည်းခွဲဖို့ဘာဖြစ်လို့စွဲလို့မရတော့မှာလဲ။
ဒီနေ့အထိတော့ဆရာဦးစံမောင်ရဲ့စီရင်ထုံးဟာရှိနေသေးတာပဲ။
မှားတယ်လို့ပြောလို့မရဘူး။လိုက်နာရမှာပဲ။
တနေ့နေ့တချိန်ချိန်အလားတူအမှုမျိုးရုံးချုပ်ကိုရောက်လာရင်၆၃ခုနှစ်ကမှားနေတဲ့အစိတ်အပိုင်းကိုပယ်ထုတ်လို့ရပါတယ်။
ဆရာတို့စီရင်ထုံးတွေကိုလေ့လာရာမှာမှန်တယ်ဆိုပြီးတသက်လုံးမှတ်ထားဖို့မဟုတ်ဘူး။
မှားတာဆိုရင်သိရမယ်။
မှန်သည်ထက်မှန်အောင်လုပ်သွားရမယ်။
မူလကလင်နှင့်မယားပိုင်တဲ့ပစ္စည်းဟာ၊မယားကအပိုင်ပေးပြီးတဲ့နောက်၊လင်နဲ့အပိုင်ရသူတို့ပိုင်ပစ္စည်းဖြစ်သွားပါပြီ။
ခွဲယူတဲ့အခါတယောက်ရဲ့ဝေစုမှာကျန်တယောက်ကအကျိုးခံစားခွင့်မရှိနိုင်ပါဘူး၊ဘာကြောင့်လဲဆိုတော့ခွဲဝေယူကြသူတွေဟာလင်မယားမှမဟုတ်ပဲ၊ဒါကြောင့်ခွဲဝေခြင်းဟာအထမြောက်ပါတယ်။
ဒါပေမယ့် 1963 BLR 912 ( 917 )( မောင်ကျင်မောင် နှင့် မဝိုင်းကြည် )အမှုမှာ၊မယားရဲ့ဝေစုကိုလေလံတင်ရောင်းချတဲ့အခါ၊ဝယ်သူဟာလင်အပေါ်လင်မယားပေါင်းသင်းဆဲမှာဝယ်တဲ့အစုကိုခွဲဝေပေးဖို့၊တရားစွဲဆိုခွင့်မရှိကြောင်းဆုံးဖြတ်ဖူးပါတယ်။
ပညာရှင်ဒေါက်တာဧမောင်ကမြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်း(၁၉၇၀ပြည့်နှစ်ထုတ်)စာမျက်နှာ၆၃မှာ၊အဲဒီဆုံးဖြတ်ချက်မှားယွင်းကြောင်းထောက်ပြတဲ့အခါ၊ပစ္စည်းခွဲဝေပေးရန်တောင်းဆိုခွင့်မရှိခြင်းသည်၊လင်သို့မဟုတ်မယားနဲ့ဆိုင်တဲ့ပုဂ္ဂိုလ်ရေးကိစ္စဖြစ်တယ်လို့ရှင်းပြထားပါတယ်။
——————————————-
ဥပဒေကျမ်းများမှာတရားစီရင်မှုအောင်မြင်ရေးအတွက်အထောက်အကူများဖြစ်ကြသည့်အားလျော်စွာ၊အနည်းဆုံးပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်များရုံးစိုက်ရာမြို့များတွင်အဆိုပါဥပဒေကျမ်းများနှင့်စီရင်ထုံးများရှိသောပိဋကတ်တိုက်များဖွင့်သင့်သည်။
စာရေးသူရန်ကုန်တက္ကသိုလ်တွင်ပညာသင်စဉ်ကထိုတက္ကသိုလ်ရှိပိဋကတ်တိုက်တွင်စာအုပ်များငှါးရမ်းဖတ်ခဲ့ရသည်။
စာဖတ်ရန်သီးခြားအခန်းတခန်းဖွင့်ထားသည်။
တက္ကသိုလ်ကျောင်းသားကတ်ပြားအပ်၍စာအုပ်ငှါးရသည်။
မိမိအိမ်သို့ယူ၍မရ။
စာအုပ်ပြန်အပ်သောအခါကတ်ပြားပြန်ရသည်။
ထိုနည်းလမ်းအတိုင်းဆောင်ရွက်သင့်သည်။
သို့သော်ပိဋကတ်တိုက်ဝန်ထမ်းများလစာပေးနိုင်ရန်အခကြေးငွေတောင်းရန်ဖြစ်သည်။
စာဖတ်သူကမိတ္တူကူးလိုလျှင်အခကြေးငွေယူ၍ကူးပေးရန်လည်းစီစဉ်အပ်သည်။
ဖြစ်နိုင်လျှင်ခရိုင်တရားရုံးများတွင်ထိုပိဋကတ်တိုက်မျိုးရှိသင့်သည်။
အချိန်တိုအတွင်းမဆောင်ရွက်ပေးနိုင်သည့်တိုင်၊စီမံချက်ချပြီးငါးနှစ်အတွင်းအပြီးဆောင်ရွက်သင့်သည်။
Comments
Post a Comment