Court of last resort
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်၊ပရီဗီကောင်စီနှင့်ယခင်တရားလွှတ်တော်ချုပ်တို့နည်းတူ၊အမြင့်ဆုံးတရားရုံး၊နောက်ဆုံးအယူခံဝင်ရာတရားရုံး( Court of last resort )ဖြစ်သည်။
အများပြည်သူအားထားရာတရားရုံးဖြစ်သည်။
သို့သော်ထိုပရီဗီကောင်စီနှင့်ယခင်တရားလွှတ်တော်ချုပ်တို့နှင့်မတူဘဲ၊တပန်းရှုံးနေသောအနေအထားတွင်ရှိလျက်ရှိသည်။
ယခင်တရားလွှတ်တော်ချုပ်က၊တရားလွှတ်တော်ချုပ်ကိုစတင်တည်ထောင်ခဲ့သည့်နှစ်ကစီရင်ခဲ့သောစီရင်ထုံးများကိုလေ့လာကြည့်လျှင်ပင်၊တပန်းရှုံးမှုမှာမြင်သာသည်။
နိုင်ငံအရပ်ရပ်ရှိအမြင့်ဆုံးတရားရုံးအများစုမှာဤအားနည်းချက်မျိုးနှင့်ရင်ဆိုင်ရခြင်းမရှိ။
ယခင်တရားလွှတ်တော်ချုပ်တွင်လိုက်ပါခဲ့သောရှေ့နေရှေ့ရပ်တို့သည်၊ဝါရင့်သမ္ဘာရင့်ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။
မြန်မာနိုင်ငံ၏အဆင့်အမြင့်ဆုံးတရားရုံးတွင်လိုက်ပါဆောင်ရွက်သောရှေ့နေတဦးသည်ဆိုင်ရာဥပဒေကိုတင်ပြနိုင်စွမ်းမရှိသည်ကိုထောက်ချင့်ပါကမြန်မာနိုင်ငံတရားစီရင်ရေးမှာရင်လေးဖွယ်ဖြစ်သည်။
မြန်မာနိုင်ငံတရားစီရင်ရေးသည်ဗဟိုတရားရုံးလက်ထက်မှစ၍အရှိန်မပျက်ရုံသာသာရှိခဲ့ကြောင်းယုတ်စွအဆုံးစီရင်ထုံးစာအုပ်များပါးသွားခြင်းကညွှန်ပြလျှက်ရှိသည်ကိုမငြင်းနိုင်။
ရှေ့နေရှေ့ရပ်တို့သည်ထိုရေစီးကြောင်း၌မျှောပါနေဆဲအခြေအနေတွင်ရှိနေသေးသည်ဟုမေးခွန်းထုတ်ခွင့်ရှိပါလျှင်ဖြစ်ကောင်းသည်မဟုတ်။
1956 BLR ( S C ) 1
Haji Abdul Shakoor Khan v. The Burma Publishers Ltd.
Before U Thein Maung , Chief Justice of the Union , Mr. Justice Myint Thein and U San Maung , J.
အမှုတွင်၊တရားဝန်ကြီးဦးမြင့်သိန်းကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“A question of law raised for the first time in a Court of last resort would receive consideration only if it was based upon facts admitted beyond controversy.”
စီရင်ထုံးစာမျက်နှာ၄တွင်၊တရားဝန်ကြီးဦးမြင့်သိန်းကအောက်ပါအတိုင်းသုံးသပ်သည်-
“On the face of it, the plea is a substantial one in that a demand may be made only for 25 per cent of the value of the shares but the question is, should this Court as a Court of last resort (အမြင့်ဆုံးတရားရုံး၊နောက်ဆုံးအယူခံဝင်ရာတရားရုံး) permit the appellant to raise it ?”
အထက်ဖော်ပြပါစာမျက်နှာတွင်ပင်၊တရားဝန်ကြီးဦးမြင့်သိန်းကနိုင်ငံခြားစီရင်ထုံးတရပ်ကို၊ကိုးကား၍အောက်ပါအတိုင်းသုံးသပ်သည်-
The classic authority on this point is Connecticut Fire Insurance Co. v. Kavanagh (1892) A. C. 473 at 480 where it was observed:
“When a question of law is raised for the first time in a Court of last resort upon the construction of a document or upon facts either admitted or proved beyond controversy, it is not only competent but expedient in thd interests of justice to entertain the plea.
The expediency of adopting that course may be doubted when the plea cannot be disposed of without deciding nice questions of fact in considering which the Court of ultimate review is placed in much less advantageous position than the Courts below. But their Lordships have no hesitation in holding that the course ought not in any case to be followed unless the Court is satisfied that the evidence upon which they are asked to decide, established beyond doubt that the facts if fully investigated would have supported the new plea.”
ထို့နောက်တရားဝန်ကြီးဦးမြင့်သိန်းက၊စီရင်ထုံးစာမျက်နှာ၅တွင်( Court of last resort )နှင့်ပတ်သက်၍၊မြန်မာနိုင်ငံတရားစီရင်ထုံး( ၃ )ခုကိုကိုးကားပြီးအောက်ပါအတိုင်းသုံးသပ်သည်-
“This was followed in M. E. Moola Sons Ltd. V. Burjorjee , 10 Ran.242. where a plea raised for the first time before the Privy Council was disallowed on the ground that the records did not show that the parties had agreed upon the facts. See also A. R. M. N. A. Chettyar Firm v. R. M. V. S. Chettyar and others , (1938) R.L.R. 256. where it was held that a question of law raised for the first time in a Court of last resort would receive consideration only if it was based upon facts admitted beyond controversy. Also Bishwa Nath Rai v. Koshi , (1948) B.L.R. 449. which reiterates this principle.”
Comments
Post a Comment