Reversed နှင့် Overruled သဘောချင်းမတူ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စီရင်ထုံးများတွင်ယခင်စီရင်ထုံးကိုကိုးကား၍-


တရားလွှတ်တော်၏ဆုံးဖြတ်ချက်ကိုပရီဗွီကောင်စီ၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်တွင်ဆက်လက်အယူခံနိုင်ရာ၌၊ပယ်ဖျက်သောအခါ(reversed)ဟူသောစကားရပ်ကိုသုံးသည်။


ပယ်ဖျက်(overruled)နှင့်သဘောချင်းမတူသည်ကိုသတိချပ်ရန်လိုပါသည်။


အမှုတမှုတွင်ချမှတ်သောထုံးဖွဲ့ချက်တရပ်မှားယွင်းကြောင်းတွေ့ရ၍၊အလားတူပြဿနာပေါ်ပေါက်သောနောက်တမှုတွင်၊မတူသောပြဿနာကိုစဉ်းစားပြီးပထမစီရင်ထုံးကို(overruled)လုပ်ခြင်းသည်၊တမှုတည်းတွင်ချမှတ်သောဆုံးဖြတ်ချက်ကိုအယူခံတွင်ပြောင်းပြန်ပြန်လိုက်ခြင်းနှင့်ကွဲပြားပါသည်။


——————————


6 LBR 18 ( P C )


Maung Pe v. Lon Ma Gale 


Before Lord Atkinson , Lord Robson , Sir Arthur Wilson , and Mr. Ameer Ali.


စီရင်ထုံးသည်-


5 LBR 114


Lon Ma Gale v. Maung Pe 


Before Sir Charles Fox , Chief Judge , and Mr. Justice Parlett.


စီရင်ထုံးအား(Overrules)ပြုလုပ်ကြောင်း၊6 LBR 18 စီရင်ထုံးစာမျက်နှာ၁၈၏အောက်ခြေမှတ်စုတွင်အောက်ပါအတိုင်းဖော်ပြထားသည်-


“Overrules Lon Ma Gale v. Maung Pe , V L. B. R. , 114.”


—————————————


5 LBR 114


Lon Ma Gale v. Maung Pe 


Before Sir Charles Fox , Chief Judge , and Mr. Justice Parlett.


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၁၁၇၌၊တရားသူကြီးချုပ် Fox ကအောက်ပါအတိုင်းသုံးသပ်သည်-


“The cause of action being in my opinion the same,the law of procedure laid down for our Courts says that the whole of the claim which a plaintiff is entitled to make in respect of a cause of action,and that if a person entitled to more remedies than one in respect of the same cause of action omits(except with the leave of the Court) to sue for any such remedies,he shall not afterwards sue for the remedy so omitted.


In my view the remedies of a Burmese Buddhist spouse against his or her partner for matrimonial fault committed by him or her being in some cases a divorce and a partition of or declaration of right to the whole of the joint property or a decree ordering the other party to give up possession of it,the party who sues the other may ask for only a divorce if he or she so chooses,but if he or she chooses to sue for a divorce only,then unless the leave of the Court for a subsequent suit for the other remedies has been obtained in such suit,a subsequent suit in which such remedies are claimed is barred by the provisions of the Civil Procedure Code.


I think that the suit from the decree in which this appeal is made was barred by the provisions of section 42 of the Civil Procedure Code of 1882.”


———————————


6 LBR 18 


Maung Pe v. Lon Ma Gale 


Before Lord Atkinson , Lord Robson , Sir Arthur Wilson , and Mr. Ameer Ali.


ပရီဗီကောင်စီက၁၉၁၁ခုနှစ်မေလ၉ရက်နေ့တွင်အဆုံးအဖြတ်ပေးထားသည့် မောင်ဖေ နှင့် လုံမကလေး၊အတွဲ ၆၊အောက်မြန်မာ၊စာ-၁၈(ပီ စီ)စီရင်ထုံးတွင်လင်မယားကွာရှင်းပေးစေလိုမှုတွင်တရားစွဲဆိုရန်အကြောင်းမှာအိမ်ထောင်ရေးပြစ်မှုဖြစ်ပြီး၊ပစ္စည်းခွဲဝေပေးစေလိုမှုတွင်တရားစွဲဆိုရန်အကြောင်းမှာထိုအိမ်ထောင်ရေးပြစ်မှုအပေါ်အခြေခံသောကွာရှင်းမှုဖြစ်သည်ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားသည်။


MAUNG PE vs. LON MA GALE ( LBR  , Vol 6 , Page - 18 , ( P C ) 


A obtained a decree of divorce only in the Township Court against B under Burmese Buddhist Law . He then sued her in the District Court for a partition of property and obtained a decree . The Chief Court allowed the appeal against this decree and set it aside on the ground that section 43 of the Code of Civil Procedure , 1882 , prevents suits for partition of property in consequence of divorce under Burmese Buddhist Law from being brought after a suit for divorce only unless permission to omit the claim for a partition of property was given by the Court before which the divorce suit was heard .


On appeal to the Privy Council it was held that section 42 and 43 of the Code of Civil Procedure , 1882 . ( Rules 1 and 2 of Order 2 of the Code of Civil Procedure , 1908 ) were not intended to bar an action like the present . The cause of action for the divorce was the misconduct of the wife , but the cause of action for the partition was the divorce of the wife founded on that misconduct .


Aသည်Bအပေါ်မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ၊လင်မယားကွာရှင်းပေးစေလိုမှုဒီကရီကိုမြို့နယ်တရားရုံးတွင်သာရရှိခဲ့သည်။


ထို့နောက်Aသည်Bအားခရိုင်တရားမရုံးတွင်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရာဒီကရီရရှိခဲ့သည်။


ကွာရှင်းပေးစေလိုမှုကိုမကြားနာမီပစ္စည်းခွဲဝေပေးရန်တောင်းဆိုချက်ကိုချန်လှပ်ထားရန်တရားရုံးကခွင့်ပြုခဲ့ခြင်းမရှိလျှင်မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရလင်မယားကွာရှင်းမှုအရပစ္စည်းခွဲဝေပေးစေလိုမှုကိုတရားမကျင့်ထုံးဥပဒေအမိန့်၂၊နည်း၂ကပိတ်ပင်သည်ဟူသောအကြောင်းပြချက်ဖြင့်တရားရုံးချုပ်ကဤဒီကရီကိုပယ်ဖျက်လိုက်သည်။


6 LBR 18( PC )စီရင်ထုံးစာမျက်နှာ၂၀တွင်ပရီဗွီကောင်စီတရားသူကြီးတဦးဖြစ်သော၊ Lord Robson ကအောက်ပါအတိုင်းသုံးသပ်သည်-


“With regard,however,to the point itself,their Lordships are of opinion that sections 42 and 43 of the Civil Procedure Code were not intended to bar an action like the present.


The cause of action for the divorce was the misconduct of the wife,but the cause of action for the partition was the divorce of the wife founded on the misconduct.


The partition may no doubt be treated as relief consequential upon the divorce and therefore dealt with in the same suit,but the evidence is different and the ground of divorce must be first and separately proved as a distinct cause of action before any question of partition can properly arise.”


ပရီဗီကောင်စီသို့အယူခံဝင်ရာ-


ဆုံးဖြတ်ချက် ။   ။ အမိန့်၂၊နည်း၂သည်ယခုအမှုမျိုးအတွက်မရည်ရွယ်ချေ။ကွာရှင်းပေးစေလိုမှုအတွက်တရားစွဲဆိုနိုင်ရန်အကြောင်းသည်မယား၏အကျင့်ပျက်ပြားမှုဖြစ်သည်။


သို့ရာတွင်ပစ္စည်းခွဲဝေပေးစေလိုမှုအတွက်တရားစွဲဆိုနိုင်ရန်အကြောင်းသည်ထိုအကျင့်ပျက်ပြားမှုအပေါ်အခြေခံ၍မယားအားကွာရှင်းခြင်းဖြစ်သည်။


(မောင်ဖေ နှင့် လုံမကလေး၊အောက်မြန်မာ၊အတွဲ၆၊စာ-၁၉(ပီစီ)


ဆိုလိုသည်မှာလင်မယားကွာရှင်းပေးစေလိုမှုနှင့်ပစ္စည်းခွဲဝေပေးစေလိုမှုကိုတမှုတည်းတွင်ပူးတွဲစစ်ဆေးနိုင်ကြောင်းမောင်ဖေစီရင်ထုံးကစတင်ခဲ့ခြင်းဖြစ်သည်။


မောင်ဖေစီရင်ထုံးမတိုင်မီကတခုပြီးမှတခုစွဲဆိုခဲ့ခြင်းဖြစ်သည်။


လင်မယားကွာရှင်းပေးစေလိုမှုနှင့်ပစ္စည်းခွဲဝေပေးစေလိုမှုတွင်၊လင်မယားကွာရှင်းခွင့်ကိုပလပ်လိုက်လျှင်ပစ္စည်းခွဲဝေပေးစေလိုမှုအောင်မြင်ရန်အကြောင်းရှိမရှိစဉ်းစားရန်ဖြစ်သည်။


တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုနိုင်ရန်သက်သေထင်ရှားပြရမည့် အကြောင်းခြင်းရာများဖြစ်သည်။


နှစ်ဘက်တင်ပြသော သက်သေခံချက်များကိုမရယူသေးမီတရားပြိုင်ဘက်မှမငြင်းသောအကြောင်းခြင်းရာများမှအပအဆိုလွှာပါကျန်အကြောင်းခြင်းရာများသည်သက်သေထင်ရှားခြင်းမရှိနိုင်သေးသည့်အလျောက် တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုမည်သို့ဆိုနိုင်ပါမည်နည်း။


တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆိုခြင်းသည်တရားလိုအမှုနိုင်ရန် သက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာများသက်သေထင်ရှားသည်ဟုဆိုရာရောက်သည်ဖြစ်၍သက်သေများကိုမစစ်ဆေးမီတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆိုနိုင်ပါမည်လား ?


မောင်ဖိုးသီးပါ၂နှင့်မောင်ကျော်ဆင့် 1952 BLR ( H C ) 410 အမှုတွင်တရားစွဲဆိုရန်အကြောင်းသည်တရားမစွဲဆိုမီပေါ်ပေါက်ရမည်ဟုဆိုခြင်းသည်အလုံးစုံမမှန်နိုင်။


မောင်ဖေအမှုအရဒုတိယသက်သာခွင့်များသည်တရားစွဲဆိုစဉ်က တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်သေးပါ။


ထိုအချက်ကိုကွဲကွဲပြားပြားမှတ်သားရန်လိုပါသည်။


ကြောင်းကျိုးဆက်စပ်ဆင်ခြင်၍တွေးခေါ်စဉ်းစားသည့်ဉာဏ်ဖြင့်စဉ်းစားဆင်ခြင်ကြည့်ပါ။


ကြောင်းကျိုးဆက်စပ်စဉ်းစားဆင်ခြင်သည့်ဉာဏ်တိမ်ကောသွားသည်နှင့်အမျှ၊မြန်မာ့တရားစီရင်ရေးသည်ရင်လေးဖွယ်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ