အထူးအယူခံမှုသည်၊အထူးအယူခံဝင်ခွင့်ပေးသည့်အမိန့်ခိုင်လုံမှု[ valid ]အပေါ်မူတည်သည်မှာယုံမှားဖွယ်မရှိ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊၂၀၁၄ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၀မှာ၊ 1998 BLR 177 ( F B )(ဒေါ်ခင်သောင်းအမှု)နှင့်ဖြစ်ရပ်ချင်းမတူ။
အကြောင်းမူအထူးအယူခံဝင်ခွင့်ပြုသောတရားမအထွေထွေလျှောက်လွှာ(အထူး)အမှုတွင်အမိန့်ချမှတ်ပြီးမှ၊လျှောက်ထားခံရသူသေဆုံးသည့်နေ့မှရက်၉၀ကုန်ဆုံးသည်ဖြစ်၍လျှောက်လွှာသည်ရပ်စဲသည့်ပြဿနာမပေါ်ပေါက်နိုင်။
အကြောင်းမူရက်၉၀မပြည့်မီအမိန့်ချမှတ်သည့်နေ့တွင်လျှောက်လွှာဆုံးခန်းတိုင်သွားသည်။
အမိန့်၂၂၊နည်း၉( ၂ )အရလျှောက်ထားရန်အကြောင်းလုံးဝမပေါ်ပေါက်။
၂၀၁၄ခုနှစ်၊တရားမအထူးအယူခံမှုကို၊အထူးအယူခံဝင်ခွင့်ပြုရန်လျှောက်လွှာတင်သွင်းစဉ်ကပင်တင်သွင်းရာရောက်သည်ဟု၊ 1938 RLR 629 အရမှတ်ယူပြီးအယူခံလျှောက်လွှာတင်သွင်းထားစဉ်အတွင်းကွယ်လွန်သည်ဟုဆိုကာအမိန့်၂၂၊နည်း၉( ၂ )အရလျှောက်ထားနိုင်သည်ဟုစောဒကတက်နိုင်ဖွယ်ရာအကြောင်းရှိသည်။
အထူးအယူခံမှုသည်၊အထူးအယူခံဝင်ခွင့်ပေးသည့်အမိန့်ခိုင်လုံမှု( validity )အပေါ်မူတည်သည်မှာယုံမှားဖွယ်မရှိ။
သို့ဖြစ်ရာထိုအမိန့်မခိုင်လုံ( invalid )လျှင်၊အထူးအယူခံမှုသည်လည်းခိုင်မာစွာရပ်တည်နိုင်မည်မဟုတ်။
အမိန့်၂၂၊နည်း၃၊၄နှင့်၉တို့သည်(တရားဝင်ကိုယ်စားလှယ်ကိစ္စမှအပ)ခိုင်ခိုင်မာမာရပ်တည်သောမှုခင်းများကိုရည်ညွှန်းသည်ဖြစ်၍၊ပျက်ပြယ်သောအထူးအယူခံဝင်ခွင့်ပေးသည့်အမိန့်ကိုအကြောင်းပြပြီးရပ်တည်သောအထူးအယူခံမှုသည်၊အမိန့်၂၂၊နည်း၃၊၄နှင့်၉တို့တွင်အကျုံးမဝင်နိုင်။
ဤအခြေအနေတွင်၂၀၁၄ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၀ကိုပွင့်စေသောပြည်ထောင်စုတရားလွှတ်တော်ချုပ်၊၂၀၁၃ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၂၄၄၌ချမှတ်သောအယူခံဝင်ခွင့်ပြုသည့်အမိန့်မှာ၊စီရင်ပိုင်ခွင့်အာဏာမရှိဘဲချမှတ်သည့်အမိန့်ဖြစ်သဖြင့်ပျက်ပြယ်သည့်အလျောက်၊အမှုခေါ်စာချွန်တော်ထုတ်ဆင့်ပယ်ဖျက်နိုင်သည့်” speaking order “ဖြစ်ရကား၊ထိုအမိန့်ကိုပယ်ဖျက်ပေးရန်ဒေါ်အေး၏အမွေစားအမွေခံတို့ကအမှုခေါ်စာချွန်တော်လျှောက်ထားရန်ဖြစ်ပေလိမ့်မည်။
Comments
Post a Comment