ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈အကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရာဇဝတ်ကျင့်ထုံးဥပဒေကို၊၁၈၉၈ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၅အဖြစ်(၁-၇-၁၈၉၈)နေ့တွင်ပြဌာန်းသည်။ ၁၈၉၈ခုနှစ်ပြဌာန်းစဉ်အခါက၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈တွင်ပုဒ်မခွဲ(၆-က)မှ(၆-င)အထိကိုပြဌာန်းထားခြင်းမရှိ။ [ Code of Criminal Procedure(Amendment Act , 1923) ]ဖြင့်၁၉၂၃ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၁၈ကို(၂-၄-၁၉၂၃)နေ့တွင်၊ပြဌာန်းသည်။ [ Act No . XVIII of 1923 . ] Code of Criminal Procedure(Amendment). တွင်အောက်ပါအတိုင်းဖော်ပြထားသည်- “13.( 1 )After sub-section ( 6 ) of section 88 of the said Code the following sub-section shall be inserted , namely : - စသည်ဖြင့်အစချီကာ၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)မှ(၆-င)အထိပြဌာန်းချက်များကိုဖော်ပြထားသည်။ ဖြည့်စွက်ပြဌာန်းချက်၏ဘေးခေါင်းစဉ်တွင်အောက်ပါအတိုင်းဖော်ပြထားသည်- “Amendment of section 88 , Code of Criminal Procedure , 1898 .” ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)မှ(၆-င)အထိကိုဖြည့်စွက်ပြဌာန်းထားခြင်းဖြစ်သည်။ ဖြည့်စွက်ပြဌာန်းထားသောဥပဒေမှာအောက်ပါအတိုင်းဖြစ်သည်- “88.(6A)If any claim is preferred to,or objection made to the att...