ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ရာဇဝတ်ကျင့်ထုံးဥပဒေကို၊၁၈၉၈ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၅အဖြစ်(၁-၇-၁၈၉၈)နေ့တွင်ပြဌာန်းသည်။


၁၈၉၈ခုနှစ်ပြဌာန်းစဉ်အခါက၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈တွင်ပုဒ်မခွဲ(၆-က)မှ(၆-င)အထိကိုပြဌာန်းထားခြင်းမရှိ။


[ Code of Criminal Procedure(Amendment Act , 1923) ]ဖြင့်၁၉၂၃ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၁၈ကို(၂-၄-၁၉၂၃)နေ့တွင်၊ပြဌာန်းသည်။


[ Act No . XVIII of 1923 . ] 


Code of Criminal Procedure(Amendment).


တွင်အောက်ပါအတိုင်းဖော်ပြထားသည်-


“13.( 1 )After sub-section ( 6 ) of section 88 of the said Code the following sub-section shall be inserted , namely : -


စသည်ဖြင့်အစချီကာ၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)မှ(၆-င)အထိပြဌာန်းချက်များကိုဖော်ပြထားသည်။


ဖြည့်စွက်ပြဌာန်းချက်၏ဘေးခေါင်းစဉ်တွင်အောက်ပါအတိုင်းဖော်ပြထားသည်-


“Amendment of section 88 , Code of Criminal Procedure , 1898 .”


ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)မှ(၆-င)အထိကိုဖြည့်စွက်ပြဌာန်းထားခြင်းဖြစ်သည်။


ဖြည့်စွက်ပြဌာန်းထားသောဥပဒေမှာအောက်ပါအတိုင်းဖြစ်သည်-


“88.(6A)If any claim is preferred to,or objection made to the attachment of any property attched under this section, within six months from the date of such attachment,by any person other than the proclaimed person,on the ground that the claimant or objector has an interest in such property,and that such interest is not liable to attachment under this section,the claim or objection shall be inquired into,and may be allowed or disallowed in whole or in part;


Provided that any claim preferred or objection made within the period allowed by this sub-section may,in the event of the death of the claimant or objector,be continued by his legal representative.”


အထက်ပါပြဌာန်းချက်၏မြန်မာဘာသာပြန်ဆိုချက်မှာအောက်ပါအတိုင်းဖြစ်သည်-


“၈၈။(၆-က)ကြေညာခြင်းခံရသူမှတပါးအခြားသူတဦးဦးကဤပုဒ်မအရဝရမ်းကပ်သည့်ပစ္စည်းတစုံတရာတွင်မိမိအကျိုးခံစားခွင့်ရှိကြောင်း၊ထိုအကျိုးခံစားခွင့်ကိုဤပုဒ်မအရဝရမ်းမကပ်ထိုက်ကြောင်းဖြင့်ဝရမ်းကပ်သည့်နေ့မှခြောက်လအတွင်းတောင်းဆိုခြင်းသို့မဟုတ်ကန့်ကွက်ခြင်းအပေါ်စုံစမ်းစစ်ဆေးရာတွင်ထို့နောက်တောင်းဆိုချက်သို့မဟုတ်ကန့်ကွက်ချက်များအားလုံးကိုဖြစ်စေ၊တချို့တဝက်ကိုဖြစ်စေခွင့်ပြုနိုင်သည်သို့မဟုတ်ငြင်းပယ်နိုင်သည်။


သို့ရာတွင်ဤပုဒ်မခွဲအရခွင့်ပြုထားသည့်အချိန်အတွင်းသို့မဟုတ်ကန့်ကွက်ထားစဉ်တောင်းဆိုသူသို့မဟုတ်ကန့်ကွက်သူသေဆုံးခဲ့သော်ထိုသူ၏တရားဝင်ကိုယ်စားလှယ်ကဆက်လက်ဆောင်ရွက်နိုင်သည်။”


ပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)ကိုဖြည့်စွက်ခြင်းမပြုမီက၊ဝရမ်းကပ်သောပစ္စည်းကိုပိုင်ရေးပိုင်ခွင့်ရှိသောအခြားသူ( any person )ကကန့်ကွက်ပိုင်ခွင့်မရှိခဲ့။


ထို့အပြင်ဥပဒေပြုအဖွဲ့၏အနာဂတ်ကိုမျှော်မြင်သော၊ဥပဒေပညာဉာဏ်ကြီးမားသောအချက်တချက်မှာ၊ပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)တွင်ပြဌာန်းထားသော၊“သို့ရာတွင်ဤပုဒ်မခွဲအရခွင့်ပြုထားသည့်အချိန်အတွင်းသို့မဟုတ်ကန့်ကွက်ထားစဉ်တောင်းဆိုသူသို့မဟုတ်ကန့်ကွက်သူသေဆုံးခဲ့သော်ထိုသူ၏တရားဝင်ကိုယ်စားလှယ်ကဆက်လက်ဆောင်ရွက်နိုင်သည်။”ဆိုသောအချက်ဖြစ်သည်။


ပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)ပြဌာန်းချက်အားခြုံငုံသုံးသပ်လေ့လာပါက၊ဝရမ်းကပ်သောပစ္စည်းကိုတောင်းဆိုသူ၊ကန့်ကွက်သူဆိုရာတွင်ထိုပစ္စည်းကိုပိုင်ရေးပိုင်ခွင့်ရှိသောအခြားသူတဦးဦး( any person )အပြင်၊၎င်းသေဆုံးပါကထိုသူ၏တရားဝင်ကိုယ်စားလှယ်ကဆက်လက်ဆောင်ရွက်နိုင်သည်အထိကျယ်ပြန့်သည်။


ဥပဒေပညာရှင် B. B. Mitra ပြုစုသော၊ The Code of Criminal Procedure ( Act V of 1898 )( ၁၄ကြိမ်မြောက်ထုတ် )ကျမ်းတွင်၊ရာဇဝတ်ကျင့်ထုံးဥပဒေအား၊၁၈၉၈ခုနှစ်ဥပဒေပြဌာန်းစဉ်မှစ၍၊ဥပဒေပြုအဖွဲ့ကပြင်ဆင်ရန်လိုအပ်လာသည့်အခါနှစ်အလိုက်ပြင်ဆင်ဖြည့်စွက်ပြဌာန်းခဲ့ကြောင်းတွေ့မြင်နိုင်သည်။


ထို့အပြင်၊ဥပဒေပညာရှင် B. B. Mitra က၎င်းရေးသားပြုစုသောဥပဒေကျမ်းတွင်၊ The Code of Criminal Procedure ( Act V of 1898 )အကြောင်းအောက်ပါအတိုင်းဖော်ပြထားသည်-


“The Code of Criminal Procedure Act XXV of 1861,which repealed the old Regulations,was repealed by Act X of 1872.


This Act was replaced by the Code of 1882.


This enactment was displaced by the present Code of 1898.


The Code was amended frequently,but drastic changes were effected by amendment by Acts XII and XVIII of 1923,popularly known as the Racial Distinction Act and the Criminal Procedure Amendment Act.”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ