အယူခံတရားရုံး( ၄ )ရုံး၊ပေါင်း( ၅ )ရုံးတွင်တရားဆိုင်ခဲ့သည့်ထူးခြားသောအမှု၊ 1950 BLR ( S C ) 258
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1950 BLR ( S C ) 258
Abdul Razak v. U Paw Tun Aung & Co.
Present : U E Maung, Chief Justice of the Union of Burma, U Tun Byu, Chief Justice of the High Court, and U On Pe, J.
စီရင်ထုံးတွင်မှပြီးပြတ်သည့်အမှုကို-
————————-
လက်ထောက်တရားမတရားသူကြီးရုံး(မူလတရားရုံး)မှခရိုင်တရားရုံး၊
——————————-
တရားလွှတ်တော်(တရားမဒုတိယအယူခံတရားရုံး)
1948 BLR ( H C ) 182
U Paw Tun Aung & Co. v. Abdul Razak.
Before U Thaung Sein, J.
—————————
တရားလွှတ်တော်(အထူးတရားမအယူခံမှု)
1948 BLR ( H C ) 830
Abdul Razak v. U Paw Tun Aung & Co.
Before U Thein Maung, Chief Justice and U San Maung, J.
—————————
နှင့်
—————————-
1950 BLR ( S C ) 258
Abdul Razak v. U Paw Tun Aung & Co.
Present : U E Maung, Chief Justice of the Union of Burma, U Tun Byu, Chief Justice of the High Court, and U On Pe, J.
စသည့်အယူခံတရားရုံး(၄)ရုံး၊ပေါင်း(၅)ရုံးတွင်တရားဆိုင်ခဲ့သည့်ထူးခြားသောအမှုဖြစ်သည်။
အမှုကို၁၉၄၇ခုနှစ်အတွင်းစတင်တရားစွဲဆိုခဲ့ပြီး၊၁၉၅၀ပြည့်နှစ်အတွင်းအပြီးသတ်သည်။
ရွှေထည်အပေါင်ခံသူကအပေါင်ခံပစ္စည်းကိုရောင်းချပစ်သဖြင့်၊ပေါင်သူကအပေါင်ခံသူအပေါ်တရားစွဲဆိုသောအမှုဖြစ်သည်။
အပေါင်ခံသူကအပေါင်ခံပစ္စည်းကိုရောင်းချမည့်အကြောင်း၊ပေါင်သူအားအကြောင်းမကြားဘဲရောင်းလိုက်သဖြင့်၊ပေါင်သူကပေါင်သောပစ္စည်းကိုပြန်ရလိုမှု( for the return of the pledged articles (သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၀နှင့်သက်ဆိုင်သည်) or their value after deducting all moneys due in respect of the previous loan. (ပေါင်သောပစ္စည်းတန်ဖိုးရလိုမှု)စွဲဆိုခြင်းဖြစ်သည်။
ပစ္စည်းများကိုရောင်းချပြီးဖြစ်၍ပြန်ရလမ်းမရှိ။
ပစ္စည်းများတန်ဖိုးသာရနိုင်သည်။
ထိုတန်ဖိုး၏အဖြေကိုရှာရာ၌၊စွဲဆိုသောအမှုသည်၊အပေါင်ပဋိဉာဉ်ကိုချိုးဖောက်မှုလား။
တရားမနစ်နာမှုဥပဒေလာ conversion ကိုကျူးလွန်ခြင်းလားပြဿနာမှာ၊ခဲကတ်သော( thorny )ဥပဒေပြဿနာဖြစ်သည်။
၁၉၄၈ခုနှစ်တွင်တရားလွှတ်တော်ကိုတည်ထောင်သောအခါ၊ဦးစံမောင်နှင့်ဦးသောင်းစိန်တို့သည်၊တရားသူကြီးများဖြစ်လာသည်။
၎င်းတို့သည်တရားလွှတ်တော်( High Court )တွင်၊တရားလွှတ်တော်ဝန်ကြီးအဖြစ်တာဝန်ပေးခံရသောနောက်ဆုံးအိုင်စီအက်(စ်)တရားသူကြီးများဖြစ်ကြသည်။
တရားလွှတ်တော်( High Court )၌တင်သွင်းသောတရားမဒုတိယအယူခံမှုကိုကြားနာသောတရားသူကြီးမှာဦးသောင်းစိန်ဖြစ်သည်။
အပေါင်ခံသူသည် conversion ကျူးလွန်သည်ဟု၊ Ratanlal ၏ကျမ်း(၁၀ကြိမ်မြောက်ထုတ်)ကိုကိုးကားကာ၊အောက်ပါအတိုင်းဆုံးဖြတ်သည်-
Held : The rights of pledgor and pledgee are gevorned by ss. 176 and 177 of the Contract Act. Pledgee has no right to foreclose, and his remedy is either to sell the pledged article or to file a suit and retain pledged article as collateral security. The stipulation in the contract of pledge that if the pledgor does not redeem by a particular date the pledge will be irredeemable is void, and the right of pledgee to redeem the pledged article subsists.
If the pledgee sells the pledged articles without notice as provided under ss. 176 and 177 of the Act it amounts to conversion even though there was a contract that after a particular date the pledge will become irredeemable.
The general measure of damages in case of conversion is in general the value of the goods at the time of conversion.
Ratanlal’s Law of Torts (10 Edn.), p 305;
တရားလိုရထိုက်သောငွေကြေးကို၊စီရင်ထုံးစာမျက်နှာ၁၉၀၌တွက်ချက်ဖော်ပြပုံကိုမှတ်သားသင့်သည်-
In the present case, the sale of pledged jewellery in September 1942 was probably under the boan fide belief that the ownership in them had passed to the appellants. Under these circumstances, I am of opinion that in assessing the damages payable by the appellants the value to be put on the pledged articles should be in accordance with the general rule, namely, their value at the date of conversion. Had the appellants been guilty of fraudulent retention of the properties, then I would have held that a departure from the general rule would be justified and fixed the value at the price on the date of suit. Both the Lower Courts thus erred in the calculation of damages. The amount which would be payable by the appellants to the respondent may be worked out as follows:
အထူးတရားမအယူခံမှုကိုကြားနာသောတရားလွှတ်တော်( High Court )ခုံရုံးသည်၊တရားဝန်ကြီးချုပ်ဦးသိန်းမောင်နှင့်အိုင်စီအက်စ်ဝန်ထမ်းဟောင်းဦးစံမောင်ပါဝင်သောခုံရုံးဖြစ်သည်။
စီရင်ချက်ကိုတရားဝန်ကြီးချုပ်ဦးသိန်းမောင်ကရေးသည်။
ဦးသောင်းစိန်၏အဆုံးအဖြတ်ကိုအတည်ပြုရာ၌၊စီရင်ထုံးများကို၊ကိုးကားကာအောက်ပါအတိုင်းတရားစီရင်ဆုံးဖြတ်သည်-
Even though a pledger agrees that he will have no right of redemption after a certain period still his right of redemption continues under ss. 176 and 177 of the Contract Act. The pledger cannot contract himself out of his statutory right given by ss. 176 and 177 of the Contract Act and if the pledgee sells the pledged articles without due notice as provided in the act, he is guilty of conversion.
Measure of damages in a suit for conversion of pledged goods made bona fide is the market value of the goods sold at the time of conversion and not at the time of the institution of the suit.
ယခင်တရားလွှတ်တော်ချုပ်( Supreme Court )တွင်တင်သွင်းသောနောက်ဆုံးအယူခံ၌၊တရားမနစ်နာမှုဥပဒေအရဆုံးဖြတ်ရန်မဟုတ်။
ပဋိဉာဉ်ကိုချိုးဖောက်မှုအဖြစ်လျော်ကြေးတွက်ချက်ရန်ဖြစ်သည်ဟုဆုံးဖြတ်သည်။
စီရင်ချက်ရေးသူသည်ဦးဧမောင်(နောင်တွင်ဒေါက်တာဧမောင်)ဖြစ်သည်။
တရားလွှတ်တော်ချုပ်၏တရားဝန်ကြီးချုပ်ဦးဧမောင်၊တရားလွှတ်တော်၏တရားဝန်ကြီးချုပ်ဦးထွန်းဖြူနှင့်တရားဝန်ကြီးဦးအုံးဖေတို့ပါဝင်သောခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
Held : A clause in a document evidencing a contract of pledge, purpoting to vest the pledged articles absolutely in the pledgee on failure to redeem by end of April 1942 curtails the statutory right of redemption and is invalid.
The pledgor, coming to know of the sale held without notice to him could not sue for return of the specific articles against the pledgee alone.
There is a distinction between the cause of action for conversion and the cause of action in wrongful detention. The former is based on an unequivocal act of ownership by the defendant over plaintiff’s goods without any right or authority while the latter is based on a wrongful withholding of the plaintiff’s goods by defendant, being in possession of the same.
မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါ၊အိုင်စီအက်စ်ဝန်ထမ်းများကိုအငြိမ်းစားပေးသည်။
သို့သော်ဝန်ထမ်းများအဖြစ်ဆက်လက်ထမ်းဆောင်ခွင့်ပြုခဲ့သည်။
Comments
Post a Comment