တရားမနစ်နာမှုဥပဒေသည်လျော်ကြေးရထိုက်စေသောတရားမမှုအများအပြားနှင့်သက်ဆိုင်သောဥပဒေဖြစ်သည်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားမနစ်နာမှုဥပဒေသည်လျော်ကြေးရထိုက်စေသောတရားမမှုအများအပြားနှင့်သက်ဆိုင်သောဥပဒေဖြစ်သည်။


ထိုဥပဒေတွင်လျော်ကြေးရထိုက်စေသော၊ wrong or tortious act (တရားမနစ်နာမှုဥပဒေအရအရေးယူထိုက်သောပြုလုပ်မှု)ဟုပြဆိုသည်။


အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၄၇၄တွင်၊ tort ကို”မတရားမှု”ဟုဘာသာပြန်သည်။


တရားမနစ်နာမှုအသွင်သုံးမျိုးကိုကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၃၆တွင်အောက်ပါအတိုင်းဖော်ပြထားသည်-


“ပဋိဉာဉ်နှင့်မဆိုင်သည်လည်းဖြစ်၍၊ဤဇယားတွင်အထူးပြုပြဌာန်းထားခြင်းမရှိသည်လည်းဖြစ်သော၊မတရားပြုမှု၊ဖြစ်ကတတ်ဆန်းပြုမှု၊ပြုရန်ပျက်ကွက်မှုတခုခုအတွက်လျော်ကြေးတောင်းခံမှု”


——————————-


မတရားပြုမှု(malfeasance)


Black’s Law Dictionary စာမျက်နှာ-၄၈၈တွင်၊မတရားပြုမှု(malfeasance)ကိုအောက်ပါအတိုင်းပြဆိုသည်-


malfeasance 


A wrongful,unlawful,or dishonest act:esp.,wrongdoing or misconduct by a public official;misfeasance in public office.


——————————


ဖြစ်ကတတ်ဆန်းပြုမှု(misfeasance)


Black’s Law Dictionary စာမျက်နှာ-၅၀၉-၅၁၀တွင်၊ဖြစ်ကတတ်ဆန်းပြုမှု(misfeasance)ကိုအောက်ပါအတိုင်းပြဆိုသည်-


misfeasance 


1. A lawful act performed in a wrong manner.


2. More broadly,a transgression or trespass;malfeasance.


————————————


ပြုရန်ပျက်ကွက်မှု(nonfeasance)


Black’s Law Dictionary စာမျက်နှာ-၅၃၉တွင်၊ပြုရန်ပျက်ကွက်မှု(nonfeasance)ကိုအောက်ပါအတိုင်းပြဆိုသည်-


nonfeasance 


The failure to act when a duty to act exists.


——————————


အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောတရားရုံးများလက်စွဲ(ပထမအကြိမ်နှင့်ဒုတိယအကြိမ်ထုတ်)တွင်၊ Pollock’s Law of Torts နှင့် Ratanlal နှင့်တဦးရေးသားပြုစုသော The Law of Torts ကျမ်းတို့ကိုစံစာအုပ်များအဖြစ်သတ်မှတ်ခဲ့သည်။


ယခင်တရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်များကထိုကျမ်းများကို၊ကိုးကားတရားစီရင်ခဲ့သည်။


BL သင်တန်းတွင်တရားမနစ်နာမှုဥပဒေမှာသင်ရိုးညွှန်းတမ်းတွင်ပါသဖြင့်၊ဒုတိယစာအုပ်ကိုကျောင်းသုံးစာအုပ်အဖြစ်ပြဌာန်းခဲ့သည်။


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၃တွင်ပဋိဉာဉ်ကိုဆက်လက်ဖောက်ဖျက်နေသောကိစ္စ၌လည်းကောင်း၊ပဋိဉာဉ်နှင့်မဆိုင်သောမတရားပြုမှုကိုဆက်လက်ကျူးလွန်သောကိစ္စ၌လည်းကောင်း၊ထိုကိစ္စတခုခုဆက်လက်ကျူးလွန်နေသောကာလအတွင်းတွင်အဆိုပါကျူးလွန်သောအခါတိုင်းမှစ၍စည်းကမ်းသတ်ကာအပိုင်းအခြားကိုအသစ်ရေတွက်ရမည်ဟုပြဌာန်းထားသည်။


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၃ရှိ wrong independent of contract (ပဋိဉာဉ်နှင့်မဆိုင်သော)မတရားမှုတမျိုးမှာ-


———————————-


1965 BLR 913


မောင်ကိုကြီး နှင့် ဒေါ်အုန်းခင်


တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးချစ်နှင့်တရားသူကြီးဦးစိန်သင်းတို့ရှေ့တွင်


——————————


1966 BLR 1021 


မောင်သန်းဌေး နှင့် မပု(ခ)မသန်းရင်


တရားသူကြီးဦးစိန်သင်းရှေ့တွင်


——————————-


စီရင်ထုံးများကိုပေါ်ပေါက်စေသောမတရားမှု(wrong)ဖြစ်သည်။


အလျဉ်းသင့်၍၊မောင်ကိုကြီးနှင့်ဒေါ်အုန်းခင်စီရင်ထုံးကိုတဆက်တည်းဆွေးနွေးလိုပါသည်။


မောင်ကိုကြီးနှင့်ဒေါ်အုန်းခင်၊ 1965 BLR 913 စောဒကအမှုတွင်"လျှောက်ထားသူသည်မူလရုံးတွင်၎င်းအပေါ်ကတိပျက်ကွက်မှုစွဲဆိုခံရစဉ်အခါကအသက်(၂၅)နှစ်ခန့်ရှိပြီးဖြစ်၍အရွယ်ရောက်ပြီးသူတဦးဖြစ်သည်။လျှောက်ထားခံရသူ​၏သမီးမသက်ထားမှာအသက်(၁၇)နှစ်ကျော်ခန့်အရွယ်သို့ရောက်သည်တွင်လျှောက်ထားသူနှင့်လူငယ်ချင်းရည်ငံခဲ့ကြသည်သာမက၊လျှောက်ထားသူကမသက်ထားအားတရားဝင်လက်ထပ်၍ယူပါမည်ဟုကတိပြုခဲ့သည်။လျှောက်ထားခံရသူနှင့်မသက်ထားနှစ်ဦးဆုံ၍လည်းလျှောက်ထားသူ​၏ကတိကိုရယူခဲ့ကြသည်။ထို့နောက်မသက်ထားတွင်ကိုယ်ဝန်အရင့်အမာရှိလာသောအခါလျှောက်ထားသူကလက်ထပ်ရန်ကတိပျက်သဖြင့်၎င်းအပေါ်မသက်ထားနှင့်လျှောက်ထားခံရသူတို့ကလျော်ကြေးရလိုမှုတရားစွဲဆိုခဲ့ကြသည်။


၎င်းတို့အမှုကိုအောက်ရုံးကပလပ်ခဲ့သည်။


အယူခံဝင်ရာခရိုင်တရားမတရားရုံးကမသက်ထား​၏အမှုကိုပလပ်ခြင်းမှာမှန်ကန်သည်။သို့ရာတွင်လျှောက်ထားခံရသူအားလျှောက်ထားသူကကတိပြုခြင်းမှာမူပဋိညာဉ်မြောက်သဖြင့်လျော်ကြေးငွေပေးစေဟုဆုံးဖြတ်သည်။


တရားရုံးချုပ်သို့အယူခံဝင်ရာ-


"အရွယ်ရောက်ပြီးယောကျ်ားတဦးကအရွယ်မရောက်သေးသောမိန်းကလေးတဦးကိုလက်ထပ်ပါမည်ဟူ၍၎င်းမိန်းကလေး​၏မိခင်အားကတိဝန်ခံပြုခဲ့သည်။မိခင်ကလည်းတုံ့ပြန်၍ခံဝန်ပဋိညာဉ်ပြုခဲ့ရာတွင်သမီး​၏သဘောတူညီချက်ကိုရရှိခဲ့ပြီးသမီး​၏အကျိုးကိုငဲ့၍ပြုလုပ်ခြင်းဖြစ်သည်ဆိုလျှင်ယောကျ်ားဘက်မှကတိပျက်သောအခါလက်ထပ်ရန်ကတိကိုပျက်ကွက်ခဲ့သည့်အတွက်လျော်ကြေးရလိုမှုတရားစွဲဆိုနိုင်ပါသလော"ဟူသောပြဿနာကိုစုံညီခုံရုံးဖွဲ့စည်း၍သုံးသပ်ကာဖြေကြားပေးရန်ပေါ်ပေါက်လာသည်။


အထက်ပါဥပဒေပြဿနာများကိုတရားရုံးချုပ်တရားသူကြီးချုပ်ပါဝင်သောစုံညီခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


"အထက်ပါအကြောင်းတို့ကြောင့်မြန်မာ့ထုံးတမ်းစဉ်လာဥပဒေကိုကိုးကား၍လည်းကောင်း၊ယခုအခါတွင်နိုင်ငံ၌ကျင့်သုံးနေကြသောလူလူချင်းအနိုင်အထက်မပြု၊အမြတ်မထုတ်၊လောကပါလတရားကျင့်ဝတ်တို့နှင့်အညီကူးလူးဆက်ဆံကြသည့်တရားကိုထောက်ရှု၍လည်းကောင်း၊ရှေ့မှောက်ရှိပြဿနာပေါ်တွင်"ဖော်ပြသောအခြေအနေမျိုးတွင်ကတိပျက်သောယောကျ်ားအပေါ်လျော်ကြေးရလိုကြောင်းတရားစွဲဆိုနိုင်သည်"ဟုယူဆသည်။"


မောင်ကိုကြီးအပေါ်လျော်ကြေးရလိုကြောင်းမသက်ထားနှင့်မိခင်ဒေါ်အုံးခင်တို့ကတရားစွဲဆိုခြင်းဖြစ်သည်။


ခရိုင်တရားမရုံးကဒေါ်အုံးခင်ကိုလျော်ကြေးပေးစေရန်ဆုံးဖြတ်ရာ၌မသက်ထား​၏အမှုကိုပလပ်သောမူလတရားရုံး​၏အဆုံးအဖြတ်ကိုအတည်ပြုခဲ့သည်။


တရားရုံးချုပ်အယူခံတွင်တရားဖက်များမှာအယူခံတရားလိုမောင်ကိုကြီးနှင့်အယူခံတရားပြိုင်ဒေါ်အုံးခင်တို့ဖြစ်သည်။


မသက်ထားမပါတော့။


ရုံးတော်သဟာယအဖြစ်ဆောင်ရွက်သောယခင်တရားလွှတ်တော်ချုပ်တရားဝန်ကြီးဟောင်းဦးကျော်မြင့်က"ထိုနစ်နာသောအချက်များကြောင့်ဒေါ်အုံးခင်သည်မောင်ကိုကြီးအပေါ်တရားစွဲဆိုနိုင်ပါလိမ့်မည်။ပညာရှိခရိုင်တရားမတရားသူကြီးဆုံးဖြတ်သည့်အတိုင်း၊မိခင်ကသမီးကိုပေးပါမည်ဟုကတိပြုခဲ့ခြင်းသည်သမီးအကျိုးအတွက်ဖြစ်ခဲ့ပါသည်။ထိုကတိအတိုင်းမိခင်ရောသမီးပါဆက်လက်ဆောင်ရွက်ရန်အဆင်သင့်ရှိကြသည်။သမီးဘက်မှလည်းမိမိကိုယ်ကိုပင်ပုံ၍ပေးခဲ့သည်။ထိုအချက်တို့ကြောင့်ပဋိညာဉ်ဥပဒေအရပင်လျှင်မိခင်သည်မောင်ကိုကြီးအပေါ်တွင်လျော်ကြေးရလိုကြောင်းတရားစွဲဆိုနိုင်ပါသည်ဟုထင်မြင်ချက်ပေးသည်။"ဟု၊စီရင်ထုံးစာမျက်နှာ၉၂၀တွင်ဖော်ပြထားသည်။


မသက်ထားကမောင်ကိုကြီးအပေါ်တရားစွဲဆိုခွင့်ရှိမရှိထင်မြင်ချက်မပေး။


စောဒကအမှုဆုံးဖြတ်ရန်ပြဿနာပါ"မိခင်ကလည်းတုံ့ပြန်၍ခံဝန်ပဋိညာဉ်ပြုခဲ့ရာတွင်သမီး​၏သဘောတူညီချက်ကိုရရှိခဲ့ပြီးသမီး​၏အကျိုးကိုငဲ့၍ပြုလုပ်ခြင်းဖြစ်သည်ဆိုလျှင်ယောကျ်ားဘက်မှကတိပျက်သောအခါလက်ထပ်ရန်ကတိကိုပျက်ကွက်ခဲ့သည့်အတွက်လျော်ကြေးရလိုမှုစွဲနိုင်ပါသလော"ဟူသောမေးခွန်းကိုသတ္တုချကြည့်လျှင်၊လျော်ကြေးရလိုမှုစွဲဆိုနိုင်သလောဟူသော၊ဟူသောဝါကျ​၏ကတ္တား( subject )သည်၊ဒေါ်အုံးခင်ဖြစ်ရပါမည်။မသက်ထားမဟုတ်။


ဦးကျော်မြင့်တင်ပြချက်သည်ဆုံးဖြတ်ရန်ပြဿနာနှင့်ညီညွတ်သည်။


စီရင်ထုံးစာမျက်နှာ၉၁၈တွင်၊မောင်ကိုကြီး​၏ရှေ့နေ(ဦးလှညွန့်)ရည်ညွှန်းသော-


14 Ran. 215( F B )


( Maung Tun Aung  v.  Ma E Kyi. )


( Before Sir Arthur Page , Kt. , Chief Justice , Mr . Justice Mya Bu , Mr . Justice Baguley , Mr . Justice Mosely , and Mr . Justice Ba U. )


အမှုသည်ပဋိညာဉ်ပြုသူယောကျ်ားလေးမောင်ထွန်းအောင်ကတဖက်၊ကာယကံရှင်မိန်းကလေး(ကတိရသူ)ကတဖက်တရားဆိုင်သောအမှုဖြစ်၍ထိုစီရင်ထုံးသည်၊မောင်ကိုကြီးနှင့်ဒေါ်အုံးခင်တို့နှစ်ဦးသာတရားဆိုင်သောအမှုနှင့်သက်ဆိုင်ရန်အကြောင်းမရှိ။


စီရင်ထုံးစာမျက်နှာ၉၂၀၌ရုံးတော်သဟာယရှေ့နေတဦး(ဦးမြစိန်)ကမောင်ထွန်းအောင်အမှုစီရင်ထုံးသည်ခေတ်နှင့်မလျော်တော့ပါပြီ။အခြေခံအားဖြင့်လည်းမှားယွင်းပါသည်ဟုတင်ပြခြင်းသည်လည်းကောင်း၊


စီရင်ထုံးစာမျက်နှာ၉၂၁၌အခြားရုံးတော်သဟာယဖြစ်သည့်လက်ထောက်နိုင်ငံတော်ရှေ့နေချုပ်(ဦးဘကျော်)က၊မောင်ထွန်းအောင်အမှုစီရင်ထုံးကို၊ပြောင်းလဲလာသည့်အခြေအနေများနှင့်ယှဉ်၍ထပ်မံသုံးသပ်ရန်လိုအပ်ပြီဟုတင်ပြခြင်းသည်လည်းကောင်း၊


စုံညီခုံရုံးကဆုံးဖြတ်ရန်ဖြစ်သောပြဿနာ(အမှုတွင်မောင်ကိုကြီးနှင့်ဒေါ်အုံးခင်တို့အချင်းများသည့်ပြဿနာ)တွင်၊အကျုံးမဝင်သည်ကိုသတိထားမိပုံမပေါ်။


စီရင်ထုံးခေါင်းစီး၌၊မောင်ထွန်းအောင်အမှုစီရင်ထုံးနှင့်သဘောကွဲလွဲသည်ဟုဖော်ပြခြင်းမှန်ခဲ့ပါလျှင်၊ပြဿနာကတခြားအဖြေကတမျိုးဖြစ်သည်ဟုဆိုရန်ဖြစ်ပေလိမ့်မည်။


မောင်ကိုကြီးကယောက္ခမလောင်းဒေါ်အုံးခင်အားပေးသောကတိအတွက်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဃ)တွင်အကျုံးဝင်သော၊အပေးအယူရှိမရှိပြဿနာကိုဆုံးဖြတ်ရန်ဖြစ်သည်။


အပေးအယူရှိပါမှမောင်ကိုကြီးကဒေါ်အုံးခင်အားပေးသည်ဆိုသောကတိသည်၊ပဋိညာဉ်မြောက်မမြောက်ပြဿနာကိုဆုံးဖြတ်နိုင်မည်ဖြစ်ပြီး၊ကတိဖောက်ဖျက်သောအခါပုဒ်မ၇၃အရကတိပျက်လျော်ကြေးကိုဒေါ်အုံးခင်အားတရားရုံးကခွင့်ပြုနိုင်မည်ဖြစ်သည်။


ထိုပြဿနာ​၏အဖြေကို၊မောင်ကိုကြီးအမှုတွင်တိကျသည့်ကြောင်းကျိုးပြဆုံးဖြတ်ခြင်းမရှိသည်ကိုတွေ့မြင်နိုင်သည်။


ဒေါက်တာဧမောင်​၏ကျမ်းစာမျက်နှာ၂၀ရှိဒုတိယစာပိုဒ်တွင်အောက်ပါအတိုင်းဝေဖန်ထားသည်-


" On principle , a suit by the parent of the daughter against the man for damages for breach of promise in similar circumstances must fail . Maung Ko Gyi v. Daw On Kin ( 1965 C . C . 913 ) , where the mother of a minor girl successfully claimed damages for breach of promise of marriage against the man , turned on special facts and the Learned Chief Judge made it clear that the decision was on the special facts of the case .


There the agreement was tri-partite . The minor daughter and the man promised to marry each other and in consideration of the man's promise to marry the daughter the mother promised to consent to her daughter contracting marriage .


Since at Burmese Buddhist Law , a minor girl cannot contract a valid union without her parent's consent , the agreement between the man and the mother of the girl was a valid contract . "


မသက်ထား​၏အမှုကိုပယ်သောမူလတရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုခရိုင်တရားမရုံးကအတည်ပြုခဲ့ရာ၊မသက်ထားကတရားရုံးချုပ်(မန္တလေးရုံးထိုင်)တွင်ဆက်လက်အယူခံမဝင်တော့သဖြင့်မောင်ကိုကြီးက၎င်းအားထိမ်းမြားပါမည်ဟုပြုသောကတိပျက်ခြင်းမရှိဟုစုံညီခုံရုံးကဆုံးဖြတ်ခြင်းသည်၊ခရီးသွားဟန်လွှဲဆုံးဖြတ်ချက်ဖြစ်သည်ဟု၊ဒေါက်တာဧမောင်က၎င်း​၏မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်း(၁၉၇၀ပြည့်နှစ်ထုတ်)စာမျက်နှာ၁၈တွင်အောက်ပါအတိုင်းဝေဖန်ပြထားသည်-


" From what has preceded , the conclusion of the Chief Court of the Union of Burma in Maung Ko Gyi's case , that promise of marriage by or with a minor is not invalid , though technically an obiter dictum because of the failure of the minor girl to appeal to the Chief Court against the rejection by the Lower Court of her claim to damages for breach of promise of marriage , is not assailable . 


Even so , as some of the observations of the Learned Chief Judge can perplex Judges of subordinate courts ( just as they perplex the author ) who might misconstrue them , as indeed some have , some comments on them are called for . "


မသက်ထားအမှုသည်အဖြစ်မပါဝင်သောစောဒကအမှု၌မောင်ကိုကြီးကမသက်ထားအားပေးသောကတိခိုင်လုံခြင်းရှိမရှိဆင်ခြင်ဆုံးဖြတ်ရန်မဟုတ်ဟု၊နှစ်ဖက်သောရှေ့နေများကစုံညီခုံရုံးရှေ့တွင်လျှောက်လဲပုံမပေါ်၊


စုံညီခုံရုံးကလည်းသတိမူမိပုံမပေါ်။


မောင်ထွန်းအောင်အမှုစီရင်ထုံးမှားသည်ဟုယူဆကာ၊တရားရုံးချုပ်တရားသူကြီးဦးစံမောင်ကအချင်းဖြစ်ပြဿနာကိုစုံညီခုံရုံးဖြင့်ကြားနာအဆုံးအဖြတ်ပေးရန်တင်ပြခဲ့ခြင်းဟုတ်မဟုတ်မသိရပါ။


အမှန်စင်စစ်ထိုစောဒကအမှုမျိုးတွင်ပြဿနာကိုဖော်ထုတ်အဆုံးအဖြတ်ခံယူသောတရားသူကြီး​၏တင်ပြချက်ကိုစုံညီခုံရုံး​၏စီရင်ချက်နှင့်အတူဖော်ပြစမြဲဖြစ်သည်။


မောင်ထွန်းအောင်အမှု၊ 14 Ran . 215 ( F B )ထုံးဖွဲ့ချက်မမှန်၊


မောင်ကိုကြီးအမှု၌ရည်ညွှန်းသော-


11 LBR 99 ( F B )


Maung Gale v. Ma Hla Yin . 


 Before Mr . Justice Robinson , Chief Judge , Mr . Justice Maung Kin , and Mr . Justice Heald 


( 14 Ran . 215 ( F B )စီရင်ထုံးကပယ်ဖျက်သည် )


ဆုံးဖြတ်ချက်ကမှန်သည်ဟုဒေါက်တာဧမောင်က၎င်း​၏ကျမ်းစာမျက်နှာ၁၇နှင့်၁၈တို့တွင်အောက်ပါအတိုင်းဝေဖန်ထားသည်-


" An agreement to marry , if and when implemented by the parties living together , unquestionably will constitute marriage at Burmese Buddhist Law .


An agreement to marry is thus an essential step in the creation of marriage status .


Section 2 ( a ) of the Majority Act cannot be read as meaning " in the matter of celebrating marriage . " Also the words ' to act ' does not imply a physical operation ; to enter into an agreement to marry no less than to cohabit is ' to act '.


The High Court of Judicature at Rangoon in holding that nothing that does not bring about a change of status can be said ' to act ' read into the provisions of section 20 ( a ) something which is not there .


It would appear then , with respect , that the High Court of Judicature at Rangoon in Maung Tun Aung's case misdirected itself and that the rule laid down by the Chief Court of Lower Burma in Maung Gale's case is good law ."


မောင်ကိုကြီးအမှုစီရင်ထုံးသည်၊ 11 LBR 99 ( F B )စီရင်ထုံးနှင့်အယူအဆတူသော်လည်း၊၎င်းအမှုတွင် 11 LBR 99 ( F B )စီရင်ထုံးကိုလက်ခံခြင်းမပြုဘဲသီးခြားအကြောင်းပြချက်များအရဆုံးဖြတ်ခြင်းဖြစ်သည်။


မသက်ထားအမှုသည်အဖြစ်မပါသဖြင့်ထိုသို့ကိုးကားမှုမပြုခြင်းဖြစ်တန်ရာသည်။


မောင်ကိုကြီးအမှုတွင်တရားသူကြီးချုပ်(ဒေါက်တာမောင်မောင်)ကသာလျှင်စီရင်ချက်ရေးသည်။


ကျန်တရားသူကြီးများ​၏အမြင်အသီးသီးကိုသိခွင့်မရ။


မသက်ထားအမှုသည်အဖြစ်မပါ၍မောင်ကိုကြီးက၎င်းအားပြုသောကတိခိုင်လုံခြင်းရှိမရှိဆင်ခြင်ဆုံးဖြတ်ရန်မလိုဟုသိသောကြောင့်၊ယင်းကတိခိုင်လုံသည်ဟုအကျောက်အကန်စီရင်ချက်ရေးသောတရားသူကြီးချုပ်နှင့်ထိပ်တိုက်မတွေ့လို၍မရေးခြင်းလား။


မောင်ကိုကြီးအမှုတွင်၊"ထိမ်းမြားလက်ထပ်ရန်ကတိပြုခြင်းကိုကုန်ရောင်းကုန်ဝယ်ပြုရန်ကတိပဋိညာဉ်ပြုခြင်းမျိုးနှင့်တပြေးတည်းထား၍စဉ်းစားရန်သင့်တော်မည်မဟုတ်ချေ"သုံးသပ်ခြင်းနှင့်စပ်လျဉ်း၍ဒေါက်တာဧမောင်က၊ပဋိညာဉ်အက်ဥပဒေသည်နှစ်ဦးနှစ်ဖက်သဘောတူဆက်ဆံကြသည့်ကိစ္စအရပ်ရပ်တို့နှင့်သက်ဆိုင်ကြောင်း၊၎င်း​၏ကျမ်းစာမျက်နှာ၁၈တွင်အောက်ပါအတိုင်းသုံးသပ်သည်-


" The implication that the Contract Act applies only to mercantile or commercial dealings is to restrict the scope of the Act without justification . The Act is intended to and does apply to all consensual dealings . "


မောင်ကိုကြီးနှင့်ဒေါ်အုံးခင်အမှုတွင်-


"ယခုအခါတွင်နိုင်ငံ၌ကျင့်သုံးနေကြသောလူလူချင်းအနိုင်အထက်မပြု၊အမြတ်မထုတ်၊လောကပါလတရားကျင့်ဝတ်တို့နှင့်အညီကူးလူးဆက်ဆံကြသည့်တရားကိုထောက်ရှု၍လည်းကောင်း၊ရှေ့မှောက်ရှိပြဿနာပေါ်တွင်'ဖော်ပြသောအခြေအနေမျိုးတွင်ကတိပျက်သောယောကျ်ားအပေါ်လျော်ကြေးရလိုကြောင်းတရားစွဲဆိုနိုင်သည်'ဟုယူဆသည်။"


ဟုထုံးဖွဲ့ထားချက်နှင့်စပ်လျဉ်း၍၊ဒေါက်တာဧမောင်က၎င်း​၏ကျမ်းစာမျက်နှာ၁၈နှင့်၁၉တို့တွင်"လောကပါလတရား"ဟူသည်အများပြည်သူဆိုင်ရာမူဝါဒအဖြစ်ဖြင့်စီး၍မကောင်းသောမြင်းဆိုးကြီးဟုတင်စားကာအောက်ပါအတိုင်းဝေဖန်သည်-


" The reference to(လောကပါလတရား)( principles upholding the Universe ) could well have been omitted . The principles are amorphous and lack defination . Buddhist scriptures enumerate ' fear ' and ' shame ' as the two principles : being afraid to do wrong and feeling ashamed at consciousness of doing wrong .


The Constitution of 1947 of the Union of Myanmar ( Burma ) enumerates justice , liberty and equality .


The Learned Chief Judge defined the principles as non-oppression between man and man and non-exploitation of man by man .


(လောကပါလတရား) appears to be as unruly a horse to ride as public policy. "


စုံညီခုံရုံးအဖွဲ့ဝင်ကျန်တရားသူကြီးများ​၏အမြင်များကိုသိခွင့်မရသော်လည်းမြန်မာဓလေ့ထုံးတမ်းဥပဒေ(မြန်မာဗုဒ္ဓဘာသာတရားဥပဒေ)ပညာရှင်အကျော်အမော်လည်းဖြစ်ပြီး၊ယခင်တရားလွှတ်တော်ချုပ်​၏တရားဝန်ကြီးတဦးလည်းဖြစ်သောဒေါက်တာဧမောင်​၏ဝေဖန်ချက်များသည်နှောင်းခေတ်ဥပဒေပညာရှင်များ​၏အမြင်ကိုပွင့်စေမည်။


မည်သည့်အမြင်ကမှန်သည်ကိုမူယင်းပညာရှင်တို့ကမိမိတို့၏အသိတရား(ကိုယ်ပိုင်ဉာဏ်)တို့ဖြင့်ချင်ချိန်ဆုံးဖြတ်ရန်ဖြစ်ပေလိမ့်မည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ