မြန်မာလူမျိုးများထဲမှတရားဝန်ကြီးပထမဖြစ်လာသူ”ဆာမောင်ခင်”

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


PJLB( Printed Judgments of Lower Burma )တွင်၊၁၈၉၃ခုနှစ်မှ၁၉၀၀ပြည့်နှစ်ကာလအတွင်း၊တရားဌာနမင်းကြီးရုံးနှင့်အထူးခုံရုံးတို့ကချမှတ်သောစီရင်ချက်များကိုထုံးပြုထားပါသည်။


တချိန်တည်းမှာပင်၊အထက်မြန်မာပြည်၌၁၈၉၆ခုနှစ်မှ၁၉၂၂ခုနှစ်ထိ၊အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးကိုတည်ထောင်ခဲ့ပါသည်။


စစ်မဖြစ်မီကတရားလွှတ်တော်ကို”Letters Patent”ခေါ်စာချွန်တော်ဖြင့်၊အင်္ဂလန်နိုင်ငံဘုရင်ကတည်ထောင်ပြီး၊တရားသူကြီးများခန့်ထားသည်။


မြန်မာလူမျိုးများထဲမှတရားဝန်ကြီးပထမဖြစ်လာသူမှာ၊အောက်မြန်မာပြည် Chief Court ၌၊နောင်တွင်ဆာဘွဲ့ရသော”ဆာမောင်ခင်”ဖြစ်သည်။


တရားလွှတ်တော်တည်ထောင်သောအခါ၊၎င်းပင်တရားသူကြီးတဦးဆက်လက်ဖြစ်လာသည်။


နောက်ပိုင်းတွင်ဦးမေအောင်၊ဦးဖိုးဟန်၊ဆာမောင်ဘ၊ဆာဂျေအေမောင်ကြီး၊ဆာမြဘူး၊ဆာဘဦး၊ဦးဧမောင်၊ဦးသိန်းမောင်နှင့်ဦးကျော်မြင့်တို့ဖြစ်ကြသည်။


နောက်ဆုံးသုံးဦးမှာ၊စစ်ကြီးနောက်ပိုင်းတွင်ခန့်ထားသူများဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ