အမှုပုံစံဆိုသည်မှာဘာလဲဆိုသည့်အကြောင်း၊မယ်မယ်ရရစီရင်ထုံးအနေဖြင့်အမှုနှစ်မှုသာရှိဖူးသည်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမှုပုံစံမလွှဲမှားစေရန်အတွက်၊ဆောင်ရန်ရှောင်ရန်အချက်များမှာ၊တရားလို၊တရားပြိုင်တို့၏ဆက်ဆံရေးအနေအထားနှင့်အရေးဆိုရမည့်ပစ္စည်းအမျိုးအစား(ရှိလျှင်)ကိုစိစစ်ပြီး၊တရားလိုရလိုသောသက်သာခွင့်ကိုအရေးဆိုဖို့၊ဘယ်ပုံဘယ်နည်းနဲ့တရားစွဲဆိုရမည်ဆိုတာဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။


အမှုပုံစံမှားသည်ဆိုခြင်းမှာ၊အမွေပစ္စည်းကိုခွဲဝေပေးစေလိုမှုစွဲဆိုခြင်းမျိုး၊အမွေပစ္စည်းအပါအဝင်ပူးတွဲပိုင်တဲ့ပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုခြင်းမျိုးအစရှိသည်တို့ဖြစ်ပါသည်။


အမှုပုံစံမှားသည်ဆိုခြင်းမှာတရားလိုကိုယ်တိုင်ကဝန်ခံထားသော၊


တရားပြိုင်၏အနေအထားနှင့်ဆန့်ကျင်သောသက်သာခွင့်ကို


တောင်းဆိုစွဲဆိုသောအမှုမျိုးဖြစ်သည်။


ဥပမာ-အချင်းဖြစ်မြေကိုတရားပြိုင်ထံအခိုင်အမာပေါင်ထားကြောင်းအဆိုပြုပြီးလက်ရောက်ရလိုမှုစွဲဆိုခြင်းမျိုးဖြစ်သည်။


တရားပြိုင်ကတရားဝင်အပေါင်ခံသူဟုဝန်ခံလျှင်၊အပေါင်မှုစွဲဆိုမှသာအမှုပုံစံမှန်ပါလိမ့်မည်။


အချင်းဖြစ်ပစ္စည်းသည်တရားလိုတဦးတည်းအမွေရသောပစ္စည်းဟုအဆိုပြုပြီးသူတစိမ်းတဦးတည်းအပေါ်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုခြင်းသည်အမှုပုံစံမှားခြင်းဖြစ်သည်။


အမှုပုံစံဆိုသည်မှာဘာလဲဆိုသည့်အကြောင်း၊မယ်မယ်ရရစီရင်ထုံးအနေဖြင့်၊အမှုနှစ်မှုသာရှိဖူးပါသည်။


အဆိုပါအမှုနှစ်မှုတွင်အမှုပုံစံအမှန်မှာမည်သို့ဖြစ်သည်၊အမှုပုံစံအမှားဆိုသည်မှာမည်သို့ဖြစ်သည်အကြောင်းကိုရှင်းပြထားသည်။


1957 BLR ( H C ) 5


Daw Daw Shin and two others v. U Aung Pe and two others.


Before U San Maung, J.


အမှုတွင်တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


Burmese Buddhist Law- Suit for Partition- Maintainability.


Held : A suit for partition and possession among Burmese Buddhist heirs is not maintainable in Law.


The only way in which one heir can obtain his share of inheritance from the other heirs is by an administration suit.


စီရင်ထုံးစာမျက်နှာ၉တွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“For these reasons I consider that the suit for possession of the land in dispute is not maintainable in law. In the result the appeal succeeds, the judgment and decree of the District Court of Pakokku appealed against are set aside and the plaintiffs’ suit dismissed with costs throughout.”


—————————————


1963 BLR ( C C ) 992


မသိန်းညွန့် နှင့် ဒေါ်ဖွားသန့်ပါ၂


တရားသူကြီးဦးထွန်းတင်ရှေ့တွင်


အမှုတွင်၊တရားသူကြီးဦးထွန်းတင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


အမွေခံတဦးလက်ရောက်ရလိုမှုမစွဲသင့်ခြင်း၊မိမိအစုကိုခွဲဝေပေးစေမှု၊သို့မဟုတ်၊အုပ်ထိန်းခွဲဝေပေးစေလိုမှု(Administration Suit)သာစွဲသင့်ခြင်း။


အယူခံတရားလိုသည်အချင်းဖြစ်မြေ၏မူလပိုင်ရှင်၏အမွေခံတဦးသာဖြစ်သော်လည်း၊ထိုမြေကိုလက်ရောက်ရလိုမှုတရားစွဲဆိုခဲ့လေသည်။


ဆုံးဖြတ်ချက်။  ။တရားလိုဖြစ်သူအယူခံတရားလိုသည်၊အချင်းဖြစ်မြေနှင့်ပတ်သက်၍မိမိ၏အစုကိုခွဲခြမ်းဝေပေးရန်သော်၎င်း၊အမွေကြောင်းအလျောက်အုပ်ထိန်းခွဲဝေပေးစေလိုမှု(Administration Suit)သာစွဲဆိုခွင့်ရှိပြီး၊ယခုကဲ့သို့အချင်းဖြစ်မြေကိုလုံးဝလက်ရောက်အပ်ပေးရယူလိုမှုမစွဲဆိုနိုင်ပေ။


Essafally Alibhai v. Abdeali Gulm Hussain 45 Bombay p. 75 ကိုရည်ညွှန်းသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ