တရားမကျင့်ထုံးဥပဒေအမိန့်၄၇။နည်း၁တွင်စီရင်ချက်ကိုပြန်လည်သုံးသပ်နိုင်သောအကြောင်းသုံးရပ်။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားမကျင့်ထုံးဥပဒေအမိန့်၄၇၊နည်း၁တွင်စီရင်ချက်ကိုပြန်လည်သုံးသပ်နိုင်သောအကြောင်းသုံးရပ်ကိုဖော်ပြရာ၌၊ပထမနှစ်ရပ်ကိုတိတိကျကျပြဌာန်းပြီးနောက်”for any other sufficient reason”ဆိုသောစကားရပ်ကိုတတိယအချက်အဖြစ်ဖော်ပြသည်။
ယင်းစကားရပ်သည်ပထမအချက်နှစ်ရပ်နှင့်မျိုးတူသောအကြောင်းဖြစ်ရန်လိုမလိုအမြင်များကွဲလွဲခဲ့ရာ၊၁၉၂၂ခုနှစ်၊ပရီဗီကောင်စီက၊အေအိုင်အာ ၁၉၂၂ ပီစီ ၁၁၂(လာဟိုး အတွဲ၃ စာ၁၂၇)တွင်၊ယုတ်စွအဆုံးပထမအချက်နှစ်ရပ်၌ဖော်ပြထားသောအကြောင်းများနှင့်သဘောချင်းတူသောလုံလောက်သည့်အကြောင်းဖြစ်သည်ဟုဖွင့်ဆိုသည်။
အထက်ပါစီရင်ထုံးကိုလိုက်နာ၍
5 Ran 675
K. K. S. A. R. Firm v. Maung Kya Nyun and one.
Before Mr. Justice Maung Ba.
အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့သည်-
“The words “any other sufficient reason” occuring in O. 47, rule 1 of the Civil Procedure Code, mean a reason sufficient on grounds at least analogous to those specified immediately previously. The Latin phrase “ejusdem generis” which mean “of the same kind” is more restricted than the word “analogous.”
————————————
1957 BLR ( H C ) 259
Ma Thaung v. Maung Pe Tin .
Before U Aung Khine and U Choon Foung , JJ .
အမှုတွင်လည်းအောက်ပါအတိုင်းပြဆိုပါသည်-
“It is settled law that the words “any other sufficient reason” are ejusdem generis having reference to grounds analogous to those other two mentioned in the rule.
It is settled law that a wrong or incorrect exposition of law is no ground for review.”
——————————
ထို့ပြင်ပြဿနာတရပ်မှာတဦးထိုင်တရားသူကြီးစီရင်ထုံးများသဘောကွဲလွဲသည့်အခါအောက်ရုံးတရားသူကြီးသည်မည်သည့်စီရင်ထုံးကမှန်သည်၊မှားသည်စသည်ဖြင့်ဝေဖန်ခွင့်မရှိသော်လည်းမှန်သည်ထင်သည့်စီရင်ထုံးကိုကိုးကားဆုံးဖြတ်ခွင့်ရှိသည်။
1957 BLR ( H . C . ) 259 စီရင်ထုံးကိုကြည့်ပါ။
ထိုသို့ကွဲလွဲသောစီရင်ထုံးနှစ်ရပ်ရှိနေလျှင်ဆိုင်ရာရှေ့နေသည်မည်သည့်စီရင်ထုံးကပို၍ကျိုးကြောင်းဆီလျော်ကြောင်းတင်ပြလျှောက်လဲနိုင်ရန်လိုသည်ကိုသတိချပ်ရန်ဖြစ်သည်။
မှားယွင်းသောစီရင်ထုံးများသည်ပြဿနာအဖြစ်ဆုံးဖြစ်သည်။
စီရင်ထုံးများကိုကိုးကားရာ၌၊ FB(စုံညီ)၊ DB(ခုံရုံး)စသည်ဖြင့်ဖော်ပြခြင်းသည်အကြောင်းရှိပါသည်။
တချိန်ကတရားလွှတ်တော်ရုံးထိုင်တရားသူကြီးတဦးသည်၊အခြားတရားသူကြီးတဦးချမှတ်သောစီရင်ထုံး၊စီရင်ချက်နှင့်ကွဲလွဲဆုံးဖြတ်ခွင့်ရှိသဖြင့်၊ထိုသို့သဘောကွဲလွဲသောစီရင်ထုံးအများအပြားရှိသည်။
အောက်ရုံးများအနေဖြင့်၊မိမိမှန်သည်ဟုသဘောရရှိသောစီရင်ထုံးကိုလိုက်နာဆုံးဖြတ်ခွင့်ရှိသည်။
1957 BLR ( HC ) 259 စီရင်ထုံးကိုကြည့်ပါ။
—————————————
1957 BLR ( H C ) 259
Ma Thaung v. Maung Pe Tin .
Before U Aung Khine and U Choon Foung , JJ .
အမှုတွင်အောက်ပါအတိုင်းဆုံးဖြတ်ထုံးပြုထားသည်-
"When there are two rulings by two Benches of equal standing , it is not for the lower Court to say which rule is right and which rule is wrong . He should follow the rule which appeals to his reason."
Comments
Post a Comment