Conversion

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ရာဇသတ်ကြီးပုဒ်မ၄၀၃တွင်ပြဌာန်းထားသည့်ရာဇဝတ်မကင်းသောပစ္စည်းအလွဲသုံးစားမှုကို၊ဥပဒေပညာရှင်တိုင်းသိသည်။


မျက်မှောက်ခေတ်တွင်၊ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုအလွဲသုံးစားပြုသည့်အတွက်၊တရားမကြောင်းအရလျော်ကြေးရလိုမှုစွဲဆိုခွင့်ရှိကြောင်းသိသူနည်းပါးသွားချေပြီ။


တရားမနစ်နာမှုဥပဒေတွင် misappropriation ဟူသောစကားကိုမသုံး။


Conversion (ပုဒ်မ၄၀၃ပါ convert ၏နာမ်စကားရပ်ဖြစ်သည်)ဟူသောစကားကိုသုံးစွဲထားသည်။


အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောတရားရုံးများလက်စွဲ(ဒုတိယအကြိမ်ထုတ်)စာမျက်နှာ၇၆၅၌၊တရားမနစ်နာမှုဥပဒေနှင့်စပ်လျဉ်း၍စံစာအုပ်အဖြစ်ပြဌာန်းထားသော Ratanlal နှင့်အခြားတဦးပြုစုသောတရားမနစ်နာမှုဥပဒေ( The Law of Torts )(၂၂ကြိမ်မြောက် ၁၉၉၂ခုနှစ်ထုတ်)စာမျက်နှာ၃၇၄တွင်အောက်ပါအတိုင်း conversion အမျိုးမျိုးရှိပုံကိုရှင်းပြထားပါသည်-


An act of conversion may be committed-


1. When property is wrongfully taken.


2. When it is wrongfully parted with.


3. When it is wrongfully sold.


4. When it is wrongfully retained.


5. When it is wrongfully destroyed.


6. When there is a denial of the lawful owner’s right.


————————————


8 BLR 43


W. B. Crizzle v. Olly Kistama.


Before Mr. Justice Fox.


အမှုသည်၊တရားမနစ်နာမှုဥပဒေလာ conversion (ပစ္စည်းအလွဲသုံးစားမှု သို့မဟုတ် အလွဲသုံးစားပြုမှု)နှင့်ဆိုင်သည့်၊မြန်မာနိုင်ငံ၌အစောဆုံးအမှုဖြစ်ပုံပေါ်သည်။


၁၉၀၁ခုနှစ်၊ဒီဇင်ဘာလ၁၉-ရက်နေ့တွင်ဆုံးဖြတ်သောအထက်စီရင်ထုံးပါတရားမပြင်ဆင်မှုတွင်၊အင်္ဂလိပ်တရားသူကြီး Fox ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“Conversion of chattels - action for - measure of damage - owner not consenting to receive back  chattels - full value of chattels at time of conversion - wrongdoers to be penalised - salutary rule.


In action for the conversion of chattels, the full value of the chattels at the time of the conversion is the measure of the damages, where the owner does not consent to receive them back.”


———————————


1952 BLR ( H C ) 274


Chandmal Birla and anothers v. Mrs. Leong Won Kee(a) Daw Ma Htwe and others.


Before U San Maung and U Aung Khine, JJ.


အမှုတွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“Held : That Article 48 of the Limitation Act provides for a claim for specific moveable property lost or acquired by the theft or dishonest misappropriation or conversion or for compensation for wrongful taking or detention. The starting point is when the person having the right to the possession of the property first learns in whose possession it is. The article is not confined to dishonest conversion of moveable property but also applies to simple conversion.”


Conversion is the wrongful interference with goods as by taking, using or destroying them inconsistent with the owner’s right of possession.


The claim in the present case is not therefore barred by limitation.


စီရင်ထုံးစာမျက်နှာ၂၇၉တွင်၊အင်္ဂလန်နိုင်ငံစီရင်ထုံးတရပ်အားရည်ညွှန်းပြီးနောက်၊တရားဝန်ကြီးဦးစံမောင်က conversion နှင့်ပတ်သက်၍အောက်ပါအတိုင်းပြဆိုသည်-


“A conversion may take place though there may be no intention to commit a wrong. It is converting to your own use the goods of another person without any real excuse.”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ