တရားမနစ်နာမှုဥပဒေမှာ Made in England ဖြစ်သည်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားမနစ်နာမှုဥပဒေ(The Law of Torts )


တရားမနစ်နာမှုဥပဒေမှာ Made in England ဖြစ်သည်။


ဘီအယ်(လ်)သင်တန်းပထမနှစ်တွင်၊ပဋိညာဉ်အက်ဥပဒေနှင့်တရားမနစ်နာမှုဥပဒေကိုမေးခွန်းတခုတွင်မေးမြန်းဖြေဆိုစေသည်။ 


Ratanlal & Dhirajlal တို့ပြုစုသောကျမ်းသည်ပြဌာန်းစာအုပ်ဖြစ်သည်။


အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော The Court Manual(ပထမအကြိမ်နှင့်ဒုတိယအကြိမ်ထုတ်)တွင်၊ထိုစာအုပ်နှင့် Pollock's Law of Torts တို့ကို၊စံဥပဒေစာအုပ်များအဖြစ်သတ်မှတ်သည်။


၁၉၇၀ပြည့်နှစ်တွင်၊မြန်မာဘာသာဖြင့်ထုတ်ဝေသောတရားရုံးများလက်စွဲတွင်မူ၊စံဥပဒေစာအုပ်များအဖြစ်သတ်မှတ်ထားသောစာရင်းသည်၊အလွန်တရာတိုတောင်းသည့်အပြင်၊ဥပဒေဘာသာရပ်များလည်းအလွန့်အလွန်နည်းသွားသည်။


သို့ဖြစ်၍၁၉၇၀ပြည့်နှစ်နောက်ပိုင်း၊ဥပဒေပညာရှင်များဖြစ်လာကြသောဥပဒေပညာရှင်တို့သည်၊မည်သည့်ကျမ်းများကိုဆည်းပူးရမည်ကိုသိခွင့်မရတော့။


စာရေးသူဘီအယ်(လ်)သင်တန်းတက်စဉ်က၊The Law of Torts အပါအဝင်ကျမ်းများကို၊စာအုပ်ဆိုင်ကြီးများတွင်ဝယ်၍ရခဲ့ပါသည်။


ဆရာများ​၏ပို့ချချက်များအပြင်၊ထိုကျမ်းများကိုဆည်းပူးပြီး၊စာမေးပွဲဖြေခဲ့ရခြင်းဖြစ်သည်။


စာရေးသူစိတ်ဝင်စားသောကျမ်းများတွင်၊The Law of Torts ပါသည်။


ထိုဘာသာရပ်တွင်၊ဂုဏ်ထူးမရခဲ့သော်လည်းအမှတ်များများရခဲ့လောက်အောင်၊ပဋိညာဉ်နှင့်တရားမနစ်နာမှုဥပဒေကိုကျေကျေညက်ညက်လေ့လာခွင့်ရခဲ့သည်။


ထိုကျမ်းကြီးများကိုရောင်းသောစာအုပ်ဆိုင်များမရှိတော့သည်မှာ၊၁၉၆၂ခုနှစ်မှစခဲ့ပါသည်။


ဥပဒေပညာရှင်များထိုကျမ်းများကိုဖတ်ရှုလေ့လာရကောင်းမှန်းပင်မသိတော့။


တရားမနစ်နာမှုဥပဒေသည်၊ယခုခေတ်ဥပဒေပညာရှင်များနှင့်အလွန်စိမ်းသောဥပဒေဖြစ်သည်။


Desai Narotam ပြုစုသော A Dictionary of Law Terms and Phrases ကျမ်း(၁၉၁၆ခုနှစ်ထုတ်)စာမျက်နှာ၃၉၃တွင်၊လူကိုသို့မဟုတ်ပစ္စည်းကိုတိုက်ရိုက်နစ်နာစေသည့်အတွက်တရားမနစ်နာမှုအရတရားစွဲဆိုနိုင်ပေလိမ့်မည်။


(the action of tort will lie for a direct injury to the person or property)ဟုပြဆိုသည်။


ရာဇသတ်ကြီးပုဒ်မ၄၀၃တွင်ပြဌာန်းထားသည့်ရာဇဝတ်မကင်းသောပစ္စည်းအလွဲသုံးစားမှုကို၊ဥပဒေပညာရှင်တိုင်းသိသည်။


မျက်မှောက်ခေတ်တွင်၊ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုအလွဲသုံးစားပြုသည့်အတွက်၊တရားမကြောင်းအရလျော်ကြေးရလိုမှုစွဲဆိုခွင့်ရှိကြောင်းသိသူနည်းပါးသွားချေပြီ။


တရားမနစ်နာမှုဥပဒေတွင် misappropriation ဟူသောစကားကိုမသုံး။


Conversion (ပုဒ်မ၄၀၃ပါ convert ၏နာမ်စကားရပ်ဖြစ်သည်)ဟူသောစကားကိုသုံးစွဲထားသည်။


များမကြာမီကဟင်္ဟသာတမြို့တွင်ထိုတရားမမှုမျိုးပေါ်ပေါက်ဖူးသည်။


သို့သော်တရားမနစ်နာမှုဥပဒေအရတရားစွဲရမှန်းမသိ။


အမှုကိုအခြားဥပဒေအရတရားရုံးအဆင့်ဆင့်ကဆုံးဖြတ်သည်။


မတရားမှုကျူးလွန်သူကို tort-feasor ဟုခေါ်သည်။


မတရားမှုကိုပူးတွဲကျူးလွန်သူများကို joint tort-feasor ဟုခေါ်သည်။


1949 BLR ( H C ) 317


P. Abdul Mohamed Sheriff v. Hajee Sahib Hajee Mohamed Brothers and another.


Before U Thein Maung, Chief Justice, and U San Maung, J.


အမှုတွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-


Held: When several persons combine and without any right take possession of goods belonging to another in a house and treat them as their own they cannot claim to be finders of goods, they are guilty of conversion.


Held further: That a release of one of the joint-tort-feasors expressly reserving his right to sue or without any intention to release, the other joint-tort-feasors amounts only to a partial satisfaction and discharges the others only pro tanto.


Cause of action of damages for wrongful conversion is one and indivisible Inspite of the release of a joint officer the cause of action remain indivisible, In a decree for damages for conversion, damages cannot be apportioned to the defendants.


The burden of proving the quantity of goods taken possession of by the joint-tort-feasors is on the tort-feasors themselves. If they do not produce the best evidence or withhold any portion of evidence, the presumption would arise that such evidence if produced would be against them.

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ