Made in England - တရားမနစ်နာမှုဥပဒေ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားမနစ်နာမှုဥပဒေမှာ Made in England ဖြစ်သည်။


မြန်မာနိုင်ငံတွင်ပြဌာန်းဥပဒေမရှိသောအမှုများ၌၊မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာအက်ဥပဒေပုဒ်မ၁၃(၃)အရတရားရုံးများက၊အင်္ဂလန်နိုင်ငံတရားမနစ်နာမှုဥပဒေကိုအမှီသဟဲပြု၍တရားစီရင်ရကြောင်း၊ယခင်တရားလွှတ်တော်ချုပ်ကပြဆိုသည်။


RL သင်တန်းတွင်စာရေးသူပို့ချစဉ်၊စာရေးသူအထက်တန်းပြဆရာဖြစ်စဉ်ကတက္ကသိုလ်ဝင်တန်း၌ကျောင်းသားဖြစ်ခဲ့သောတပည့်တဦးသည်၊နောင်တွင်ပြည်သူဥပဒေအကျိုးဆောင်အဖွဲ့ရုံး၌အဆင့်မြင့်ဥပဒေအရာရှိဖြစ်လာကာ၊ RL သင်တန်းတွင်တရားမနစ်နာမှုဥပဒေသင်ကြားသည့်ဆရာဖြစ်လာခဲ့သည်။


၎င်းကဆရာဟောင်းဖြစ်သောစာရေးသူအား၊တရားမနစ်နာမှုဥပဒေကို၊မြန်မာနိုင်ငံ၌တရားဥပဒေအဖြစ်အဘယ့်ကြောင့်ကျင့်သုံးရသည်ကိုသိလိုကြောင်းမေးခဲ့ပါသည်။


စာရေးသူက-


1960 BLR ( S C ) 51 


Evgoni T. Kovtunenko v. U Law Yone.


Present: U Myint Thein, Chief Justice of the Union, U Chan Htoon, J. and U Bo Gyi, J.


စီရင်ထုံးစာမျက်နှာ၅၉၌-


နိုင်ငံတော်တရားဝန်ကြီးချုပ်ဦးမြင့်သိန်း၏အောက်ပါအဆိုအမိန့်ကိုဖတ်ပါဟု၊လက်တန်းပြောပြခဲ့ပါသည်-


“There is section 13(3) of the Burma Law Act under which, in the absence of a specific enactment, our Courts must decide”according to justice, equity and good conscience.” The law relating to Torts is an example where this provision has to be invoked.”


တရားမနစ်နာမှုဥပဒေကိုပုဒ်မ၁၃(၃)တွင်ပြဌာန်းထားသည့်တရားမျှတမှု၊သာနာညီမျှမှုနှင့်မွန်မြတ်သောအသိတရားတည်းဟူသောလောကပါလတရားအဖြစ်ကျင့်သုံးခြင်းဖြစ်သည်။


ပြဌာန်းဥပဒေမရှိသည့်အခါအင်္ဂလန်နိုင်ငံဥပဒေများကိုအားယူကာတရားစီရင်သောမြန်မာနိုင်ငံတရားရုံးများသည်အမှုများကို၊အတ္တနောမတိ၊မိမိသဘောဖြင့်ဆုံးဖြတ်ခြင်းမပြုဘဲ၊ထုံးသာဓကကိုမှီး၍ဆုံးဖြတ်ခြင်းသည်ကောင်းမြတ်သောအစဉ်အလာဖြစ်သည်။


အထက်ပါအမှုသည်တရားလွှတ်တော်ချုပ်သို့အမှုတွဲချေဖျက်ပေးရန်အတွက်၊ရာဇဝတ်အထွေထွေလျှောက်လွှာအဖြစ်တင်သွင်းခဲ့သောအမှုဖြစ်ကြောင်း၊စီရင်ထုံးစာမျက်နှာ၅၁အောက်ခြေမှတ်စုတွင်တွေ့မြင်နိုင်သည်။


ထိုအမှုတွင်လက်ထောက်နိုင်ငံတော်ရှေ့နေချုပ်ဒေါက်တာမောင်မောင်သည်ရုံးတော်သဟာယ( amicus curiae )အဖြစ်လိုက်ပါဆောင်ရွက်ခဲ့သည်။


မြန်မာနိုင်ငံ၌၁၈၉၈ခုနှစ်၊နိုဝင်ဘာလ၇ရက်နေ့တွင်စီရင်သော-


PJLB 471 


Maung Yan Gin and two others v. Maung Hmon and two others.


Before F. S. Copleston, Esq.


စီရင်ထုံးလာအမှုသည်၊တရားမနစ်နာမှုဥပဒေအရစီရင်သောပထမဆုံးအမှုဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၄၇၁နှင့်၄၇၂တွင်၊အင်္ဂလိပ်တရားသူကြီး F. S. Copleston ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


Damages, Proof of actual and probable.


The plaintiffs held a lease from Government of a portion of a steam fishery, and defendants held likewise a lease of another portion of the same stream fishery higher up. 


The defendants closed their ses ten days before the time fixed in their lease and thus obstructed the fish from passing downwards. 


The Lower Appellate Court found that the defendants, whether in good faith or not, had closed their ses and had done so at their own risk and were answerable for any damages caused, but also found that no damages were caused.


 Their being evidence that the probable damages were about Rs. 400, the effect of the early closing on the take in the upper fishery.


Held - That damages should have been awarded.


Mr. Dunkley ပြုစုသောစီရင်ထုံးပေါင်းချုပ်ပထမတွဲတွင်တရားမနစ်နာမှုဥပဒေအရဆုံးဖြတ်သောရှေးကျသည့်စီရင်ထုံးများကိုစုစည်းဖော်ပြထားသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ