Tort နှင့်ပတ်သက်၍ဆုံးဖြတ်ထုံးဖွဲ့ထားသောစီရင်ထုံးများ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


၁၉၉၀ပြည့်နှစ်အတွင်းစာရေးသူသည်မုံရွာမြို့ခရိုင်တရားရုံးတွင်စစ်ကိုင်းတိုင်းတရားသူကြီး၊မုံရွာခရိုင်တရားသူကြီး၊ဒုတိယခရိုင်တရားသူကြီး၊မြို့နယ်တရားသူကြီးများနှင့်ဆွေးနွေးပွဲပြုလုပ်ရာ၌၊မင်းကင်းမြို့နယ်တရားသူကြီးက၊ဇီးရှိသောနွားမကိုအခြားနွားကကန်ရာမှသားလျှောသွားသောကြောင့်လျော်ကြေးရလိုမှုစွဲဆိုထားရာသက်ဆိုင်ရာဥပဒေကိုသိလိုကြောင်းတင်ပြလာပါသည်။


စာရေးသူသည်အလားတူဖြစ်ရပ်နှင့်ဆိုင်သော-


1959 BLR ( H C )37


Maung Ngwe Sein v. Maung Hla Pe.


Before U Thaung Sein, J.


စီရင်ထုံးကိုရှင်းပြပြီးထိုစီရင်ထုံးနှင့်အညီစီရင်ပါဟုတန်းပြောနိုင်ခြင်းမှာဘီအယ်(လ်)သင်တန်း၌ The Law of Torts ကိုစိတ်ဝင်တစားလေ့လာမှတ်သားခဲ့သည်ကတကြောင်း၊တရားလွှတ်တော်စီရင်ထုံးပညာသားပါသည်ကတကြောင်းကြောင့်၊ထိုသို့စီရင်ထုံးကိုလက်တန်းပြောနိုင်ခဲ့ခြင်းဖြစ်ပါသည်။


စာရေးသူအားဥပဒေပြဿနာကိုမေးမြန်းခဲ့သောမင်းကင်းမြို့နယ်တရားသူကြီးသည်ဥပဒေပညာကိုလေ့လာစူးစမ်းသူဖြစ်သည့်အလျောက်၊ယခုအခါတိုင်းဒေသကြီးတရားလွှတ်တော်တခုတွင်တရားသူကြီးချုပ်ဖြစ်နေသည်မှာမဆန်းပါ။


မြို့နယ်တရားမတရားရုံး၏အဆုံးအဖြတ်အပေါ်တင်သွင်းသောအယူခံကိုဆုံးဖြတ်သောခရိုင်တရားမတရားသူကြီးသည်၊ထိုစဉ်ကခရိုင်တရားမတရားသူကြီးဖြစ်ခဲ့သည်မှာတနှစ်ကျော်ပါပြီ။


တရားသူကြီးဖြစ်သည်မှာ၁၂နှစ်ကျော်ပါပြီ။


စာရေးသူသည်ထိုခရိုင်တရားမတရားသူကြီးအောက်တွင်တာဝန်ထမ်းဆောင်သောအခါဥပဒေပညာမညံ့ကြောင်းတွေ့ရပါသည်။


ခရိုင်တရားမတရားသူကြီးက-


8 LBR 388

Ngwe Ya v. Shwe Ye.

Before Mr. Justice Twomey.


(1897-1901) 2 UBR 570

Maung Kyaw Dun v. Ma Kyin and Narayanan Chetty.

Before H. Thirkell White, Esq., C. I. E.


(1902-1903) 2 UBR Tort 1

Mi Ma Shwe v. Kapila Maistry


စီရင်ထုံးများကိုကိုးကားဆုံးဖြတ်ကြောင်း၊စီရင်ထုံးစာမျက်နှာ၃၈တွင်ဖော်ပြပြီး၊ခရိုင်တရားမတရားသူကြီးကဇီးရှိသောမြင်းမကိုကန်သောမြင်းကလေးသည်ဆိုးသွမ်းခြင်းမရှိ၍သားလျှောသောမြင်းမပိုင်ရှင်သည်လျော်ကြေးမရထိုက်ဟုဆုံးဖြတ်ခဲ့ကြောင်း၊စီရင်ထုံးစာမျက်နှာ၃၉မှစ၍-


“The learned District Judge found that the respondent’s colt was not vicious by nature and that on the strength of the above ruling the appellant was not entitled to any damages.”


ဟုဖော်ပြပြီးနောက်၊တရားလွှတ်တော်ကဆက်လက်သုံးသပ်သည်မှာ-


“A careful examination of this ruling reveals that it was a case in which a rabid dog trespassed into a neighbouring compound and bit a cow which died a few days later of hydrophobia. The learned Judicial Commissioner for Upper Burma who decided the case applied Justice, equity and good conscience and held that “it would be inequitable in a country such as Burma, where the ownership in and the control over dogs is very slight, and where the opportunities for trespass are very large, to decide that the owner of a dog that trespasses is liable without proof of negligence for all damages of whatever kind caused by it.” With due respect, I am not at all certain whether the learned Judicial Commissioner would have been of the same opinion if he had had the opportunity of examining certain rulings and treaties which I shall now set out.”


( Treaties မှာနိုင်ငံအချင်းချင်းချုပ်ဆိုသောသဘောတူစာချုပ်များဖြစ်သည်။treatises ကျမ်းများကို treaties ဟုမှားယွင်းပုံနှိပ်ခြင်းဖြစ်ပါသည်။)


ထို့နောက်တရားရုံးများလက်စွဲ(အင်္ဂလိပ်)တွင်စံဥပဒေစာအုပ်အဖြစ်သတ်မှတ်ထားသော Pollock on Torts (၁၁)ကြိမ်မြောက်ထုတ်ကျမ်းကိုလည်းကောင်းကိုးကားပြီး၊စီရင်ထုံးစာမျက်နှာ၄၄တွင်-


“From the above rulings it is abundantly clear that an owner of cattle which stray or trespass on to the property of another person is liable for the damage caused by such cattle. In the present case, the evidence in the trial record leaves no room for doubt (သံသယဖြစ်စရာမရှိ) that the respondent’s colt came all the way from a village two miles away and trespassed into the stables of the appellant and kicked the pregnant mare. The learned counsel for the respondent has argued however that the question of trespass cannot be raised in second appeal as there was no issue on this point in the trial Court. As a matter of fact, the learned counsel went further and contended that the appellant did not allege any trespass in the plaint. The reply on this argument is that the plaint was not artistically drawn up but there can be no doubt that the respondent was fully alive (အပြည့်အဝ(ကောင်းစွာ)သတိထားမိသည်) to the fact that trespass was alleged. A reference to paragraph 4 of the plaint will reveal that trespass was alleged when the appellant stressed that the respondent’s colt travelled a distance of two miles and broke into his (appellant’s) stables. Add to all this that in the course of the arguments, in the lower Appellate Court the question of trespass was gone into by both sides.”


ဟုသုံးသပ်ပြီးနောက်၊စီရင်ထုံးစာမျက်နှာ၄၄နှင့်၄၅တွင်အောက်ပါအတိုင်းဆက်လက်ဆုံးဖြတ်သည်-


“On the whole, I regret I am unable to accept the reasonings of the learned District Judge and the judgment and decree of the District Court, Myingyan will therefore be set aside. The appellant is undoubtedly entitled to damages for the loss of the foal and the learned Township Judge was correct in granting him a decree for K 820.”


တရားလွှတ်တော်၏ရှုထောင့်နှင့်အောက်ရုံးများ၏ရှုထောင့်ချင်းမတူကြောင်းတွေ့မြင်နိုင်သည်။


ကျွဲ၊နွားတိရိစ္ဆာန်များကျော်နင်းခြင်း (Cattle trespass) ပြဿနာကို၊ခရိုင်တရားမတရားသူကြီးရုံးတွင်၊အယူခံတရားလိုနှင့်အယူခံတရားပြိုင်နှစ်ဘက်စလုံးမှလျှောက်လဲခဲ့ကြကြောင်း၊စီရင်ထုံးစာမျက်နှာ၄၄တွင်-


“Add to all this that in the course of the arguments, in the lower Appellate Court the question of trespass was gone into by both sides.”


ဟုတရားလွှတ်တော်ကဖော်ပြသည်ကိုထောက်ရှုပါက၊ထိုစဉ်ကမြင်းခြံခရိုင်တွင်ဥပဒေကျွမ်းကျင်သူရှေ့နေရှေ့ရပ်များရှိခဲ့ကြောင်းမြင်သာပါသည်။


ရှေ့နေရှေ့ရပ်များသတိပြုမှတ်သားကြပါရန်။


စီရင်ထုံးစာမျက်နှာ၃၈အောက်ခြေမှတ်စုတွင်ဖော်ပြထားသော၊ (1897-1901) 2 UBR စီရင်ထုံးစာအုပ်အားလေ့လာသည့်အခါ Tort နှင့်ပတ်သက်၍ဆုံးဖြတ်ထုံးဖွဲ့ထားသောစီရင်ထုံးများကိုအောက်ပါအတိုင်းတွေ့ရှိနိုင်သည်-


(1897-1901) 2 UBR 565

Maung Gyi v. Maung Po To.

Before G. D. Burgess, Esq., C. S. I.


(1897-1901) 2 UBR 567

Maung Saw v. Maung Kyaw.

Before G. D. Burgess, Esq., C. S. I.


(1897-1901) 2 UBR 570

Maung Kyaw Dun v. Ma Kyin and Narayanan Chetty.

Before H. Thirkell White, Esq., C. I. E.

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ