ဟိုက်ကုတ်ခေါ်တရားလွှတ်တော်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


၁၉၂၂ခုနှစ်တွင်ဟိုက်ကုတ်ခေါ်တရားလွှတ်တော်ကိုတည်ထောင်သည်။


ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍စီရင်ထုံးများကိုအိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍ထုတ်ဝေသည်။


All India Reporter ( Rangoon Section )၊အေအိုင်အာရန်ကုန်ကိုခုနှစ်အလိုက်ထုတ်ဝေသည်။


ပထမတွင်၊အေအိုင်အာရန်ကုန်အထက်မြန်မာပြည်၊အေအိုင်အာရန်ကုန်အောက်မြန်မာပြည်စာစဉ်ဖြင့်ထုတ်ဝေသည်။


ဟိုက်ကုတ်ကို၁၉၂၂ခုနှစ်တွင်တည်ထောင်လိုက်ပြီးနောက်၊အေအိုင်အာရန်ကုန်၁၉၂၂ကိုစတင်ထုတ်ဝေခဲ့ပါသည်။


ဥပမာအားဖြင့်၊ All India Reporter ( Rangoon Section )ကိုအောက်ပါအတိုင်းဖော်ပြသည်-


All India Reporter, 1925, Rangoon Section, I. L. R. 3 Rangoon


All India Reporter, 1929, Rangoon Section, I. L. R. 7 Rangoon


All India Reporter, 1930, Rangoon Section, I. L. R. 8 Rangoon 


All India Reporter, 1934, Rangoon Section, I. L. R. 12 Rangoon 


အဆိုပါစီရင်ထုံးများတွင်အစိုးရကထုတ်ဝေသောစီရင်ထုံးများပါရှိသည့်နည်းတူ၊အစိုးရထုတ်ဝေသောစီရင်ထုံးမဟုတ်သည့်စီရင်ချက်များကို၊ဘီအယ်လ်အာ( B L R )အစရှိသည်တို့တွင်စီရင်ထုံးအဖြစ်ထုတ်ဝေသည်။


အမှန်စင်စစ်အစိုးရကတရားဝင်ထုတ်ဝေသည့်စီရင်ထုံးတွင်မပါရှိသည့်၊အဆိုပါစာအုပ်များတွင်ပါရှိသောစီရင်ထုံးများကိုလိုက်နာရန်တာဝန်မရှိချေ။


အစိုးရထုတ်စီရင်ထုံးတွင်စီရင်ချက်များကိုစကာတင်၍စီရင်ထုံးပြုထားရာ၊ရွေးကျစီရင်ချက်များကို၊အေအိုင်အာရန်ကုန်စီရင်ထုံးတွင်ပါရှိတတ်ပါသဖြင့်၊အမှားပါရှိသောစီရင်ချက်များပါရှိတတ်သည်။


မှားယွင်းချက်မရှိသောစီရင်ထုံးများလည်းရှိပါသည်။


အပြစ်အနာအဆာတစုံတရာရှိ၍၊အစိုးရစီရင်ထုံးတွင်ထုတ်ဝေရန်မသင့်ဟုယူဆသောစီရင်ချက်များကိုထုတ်ဝေထားသည်များလည်းရှိပါသည်။


အစိုးရစီရင်ထုံးများတွင်ထုံးမပြုဘဲချန်ထားသောစီရင်ချက်အချို့ကိုအဆိုပါစီရင်ထုံးများတွင်တွေ့မြင်နိုင်ပါသည်။


စံချိန်စံညွှန်းပြည့်သောစီရင်ချက်များလည်းပါဝင်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ