The Indian Law Reportd, Rangoon Series, 1931, Volume 9
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။
ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။
The Indian Law Reports, Rangoon Series, 1931, Volume IX တွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး( ၁၄ )ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။
ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၄ )ဦးတွင်၊မြန်မာတရားသူကြီးဦးဘနှင့်ဦးမြဘူးတို့ပါဝင်သည်။
ဦးဘသည်ပဉ္စမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။
ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၄ )ဦးထဲတွင်၊မြန်မာလူမျိုးဦးထွန်းဖြူက၊ Assistant Government Advocate အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၃၁ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၉ )တွင်ပရီဗီကောင်စီအမှု( ၃ )မှု၊စုံညီအမှု( ၈ )မှု(တရားမမှုခြောက်မှုနှင့်ရာဇဝတ်မှုနှစ်မှု)အပါအဝင်၊( ၇၅ )မှုကိုထုံးပြုခဲ့သည်။
၁၉၃၁ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၆၂၄ )မျက်နှာရှိသည်။
စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။
Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-
Referred to
Distinguished
Approved
Followed
Dissented from or Over-ruled ဟုဖော်ပြသည်။
—————————————
မြန်မာနိုင်ငံတွင်အဆင့်မြင့်ဆုံးတရားရုံးဖြစ်သောဗဟိုတရားရုံးနှင့်တရားရုံးချုပ်တို့တွင်တာဝန်ထမ်းဆောင်ကြသောတရားရေးအကြံပေးတို့သည်ယုတ်စွအဆုံးယခင်ဝါရင့်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးများကဲ့သို့၊အရည်အချင်းပြည့်မီသူများဖြစ်သင့်သည်။
ဖြစ်နိုင်လျှင်၊ယခင်တရားလွှတ်တော်တရားဝန်ကြီးများကဲ့သို့အရည်အချင်းရှိသူများဖြစ်သင့်သည်။
ဗဟိုတရားရုံးနှင့်တရားရုံးချုပ်တို့ကိုတည်ထောင်သောအခါ၊ယခင်တရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်ကဲ့သို့ဝါရင့်ရှေ့နေရှေ့ရပ်များ၏အကူအညီကိုမရနိုင်တော့။
ယခင်တရားလွှတ်တော်ချုပ်၌၊အချို့အမှုများတွင်နှစ်ဘက်မှလိုက်ပါသောရှေ့နေများနှစ်ဦးထက်ပို၍ဆောင်ရွက်ခဲ့ကြသည်ကိုစီရင်ထုံးများ၌တွေ့မြင်နိုင်သည်။
၎င်းတို့သည်ဝါရင့်ရှေ့နေများဖြစ်ကြသည်။
ဗဟိုတရားရုံးနှင့်တရားရုံးချုပ်လက်ထက်တွင်ရှေ့နေများထံမှအကူအညီရနိုင်မှုမှာသိသိသာသာလျော့နည်းသွားသည်။
သို့ဖြစ်၍ဗဟိုတရားရုံးနှင့်တရားရုံးချုပ်တို့၏စီရင်ထုံးများသည်၊ယခင်တရားလွှတ်တော်ချုပ်ကိုပင်မဆိုထားဘိ၊ယခင်တရားလွှတ်တော်အဆင့်ကိုပင်မမီကြောင်း၊စီရင်ထုံးများကိုလေ့လာခြင်းဖြင့်သိနိုင်ပါသည်။
စီရင်ထုံးများကိုလေ့လာသောရှေ့နေများကိုယ်တိုင်သိနိုင်ပါသည်။
Comments
Post a Comment