The Indian Law Reports, Rangoon Series, 1923, Volume 1
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။
ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။
The Indian Law Reports, Rangoon Series, 1923, Volume I တွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး(၁၃)ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။
ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၃)ဦးတွင်၊မြန်မာတရားသူကြီးဦးမေအောင်နှင့်ဦးဘိုးဟန်တို့ပါဝင်သည်။
ဦးမေအောင်သည်၊မြန်မာဓလေ့ထုံးတမ်းဥပဒေကိုပြုစုသူဖြစ်သည့်အပြင်၊ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ဒုတိယမြောက်မြန်မာတရားဝန်ကြီးလည်းဖြစ်သည်။
မြန်မာဥပဒေပညာရှင်အကျော်အမော်ဦးမေအောင်၏အကြောင်းကို၊အိန္ဒိယနိုင်ငံသားဥပဒေပညာရှင် Aviet Agabeg က၊၎င်းရေးသားသော Constitution & Law ဆောင်းပါးစာမျက်နှာ၆၄တွင်အောက်ပါအတိုင်းဖော်ပြထားသည်-
MAY OUNG , B. A., LL. B., hon. sec. of the Bar Library , Rangoon , was called to the Bar at Lincoln 's Inn in 1907 .
A descendant of one of the oldest families in Burma , he was born at Akyab , on January 6 , 1880 . After attending St. Xavier's College , Calcutta , and Rangoon College , he proceeded to Downing College , Cambridge , where he graduated in Arts and Law .
For a young man still under thirty years age , he has a record with which he may justly feel satisfied .
He is a member of the Executive Council of the Educational Syndicate of Burma , a member of the governing body of Rangoon College , legal adviser to the trustees of the Shwe Dagon Pagoda , and President of the Young Men's Buddhist Association .
ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူမြန်မာဟူ၍ဦးဘိုးဟန်(တတိယမြောက်မြန်မာတရားဝန်ကြီး)သည်တဦးအပါအဝင်ဖြစ်သည်။
ဦးဘိုးဟန်သည် Session Judge မှ High Court Judge ဖြစ်လာသူတဦးဖြစ်သည်။
ထိုခေတ်က High Court တွင်သေဒဏ်အတည်ပြုအာဏာရရှိပါသည်။
သေဒဏ်အတည်မပြုချင်၍ဦးဘိုးဟန်ကတရားသူကြီးချုပ်ထံတင်ပြသော်လည်းတရားသူကြီးချုပ်ကခွင့်မပြုသဖြင့်အလုပ်မှနုတ်ထွက်ပြီးရှေ့နေလိုက်သည်။
ရွှေတကျပ်သားငွေတဆယ်ကျပ်ပေးရသည့်ကာလဖြစ်သော၁၉၂၃ ခုနှစ်တွင်ဦးဘိုးဟန်၏လစာမှာကျပ်လေးထောင်ဖြစ်သည်။
သေဒဏ်အတည်ပြုသည့်အမိန့်မချမှတ်ချင်သောကြောင့်၊အလုပ်မှနုတ်ထွက်ပြီးရှေ့နေလိုက်ခြင်းဖြစ်သည်။
၁၉၂၃ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ(၁)တွင်ပရီဗီကောင်စီအမှုငါးမှု၊စုံညီအမှုငါးမှု(တရားမမှုလေးမှုနှင့်ရာဇဝတ်မှုတမှု)အပါအဝင်၊(၁၁၉)မှုကိုထုံးပြုခဲ့သည်။
၁၉၂၃ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ၇၅၆မျက်နှာရှိသည်။
စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။
Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-
Followed or Reaffirmed
Referred to or Distinguished
Dissented from or Over-ruled ဟုဖော်ပြသည်။
—————————————
စီရင်ထုံးများတွင်ယခင်စီရင်ထုံးများကိုကိုးကား၍-
လိုက်နာသည်( followed )
သဘောတူလက်ခံသည်( approved )
မလိုက်နာသို့မဟုတ်လိုက်နာခြင်းမပြု( not followed )
လက်ခံခြင်းမပြု( disapproved )
သဘောကွဲလွဲသည်( dissented )
သဘောကွဲလွဲရာရောက်သည်( dissented protanto )
ပယ်ဖျက်သည်( overruled )ဟုဖော်ပြတတ်သည်။
အချို့စီရင်ထုံးများမှာ-
သဘောကွဲလွဲခြင်း၊ပယ်ဖျက်ခြင်းခံရပြီးကာမှတရားသူကြီးဦးရေများသောခုံအဖွဲ့ကပြန်လည်အတည်ပြု( reaffirmed )ခြင်းခံရ၍ပြန်လည်အသက်ရှင်လာကြပါသည်။
ရှေးအခါကအမြင့်ဆုံးတရားရုံးမှာအင်္ဂလန်နိုင်ငံရှိပရီဗွီကောင်စီဖြစ်သည်။
တရားလွှတ်တော်တွင်တရားသူကြီးအနည်းဆုံးသုံးဦးရုံးထိုင်စီရင်သောအဖွဲ့ကိုစုံညီခုံရုံးအဖြစ်သတ်မှတ်သည်။
အချို့ခုံအဖွဲ့ကိုမူအထူးခုံရုံး( Special Bench )ဟုသတ်မှတ်သည်။
တရားသူကြီးနှစ်ဦးပါသောခုံအဖွဲ့ကို( Division Bench )ဟုခေါ်သည်။
တရားလွှတ်တော်၏ဆုံးဖြတ်ချက်ကိုပရီဗွီကောင်စီ၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်တွင်ဆက်လက်အယူခံနိုင်ရာ၌ပယ်ဖျက်သောအခါ( reversed )ဟူသောစကားရပ်ကိုသုံးသည်။
ပယ်ဖျက်( overruled )နှင့်သဘောချင်းမတူသည်ကိုသတိချပ်ရန်လိုပါသည်။
အမှုတမှုတွင်ချမှတ်သောထုံးဖွဲ့မှုတရပ်မှားယွင်းကြောင်းတွေ့ရ၍၊အလားတူပြဿနာပေါ်ပေါက်သောနောက်တမှုတွင်၊မတူသောပြဿနာကိုစဉ်းစားပြီးပထမစီရင်ထုံးကို( overruled )လုပ်ခြင်းသည်၊တမှုတည်းတွင်ချမှတ်သောဆုံးဖြတ်ချက်ကိုအယူခံတွင်ပြောင်းပြန်ပြန်လိုက်ခြင်းနှင့်ကွဲပြားပါသည်။
ကိုးကားသောစီရင်ထုံးများဆုံးဖြတ်ရမည့်အမှုဖြစ်ရပ်နှင့်မတူလျင်မတူကြောင်းရှင်းပြရသည်။
ထိုအခါခြားနားပြသည်( distinguished )ဟုဖော်ပြသည်။
ကိုးကားသောစီရင်ထုံးကိုရည်ညွှန်းရုံမျှသာအသုံးချလျှင်( referred )ဟုဖော်ပြသည်။
ပယ်ဖျက်ခြင်းလည်းမဟုတ်၊ကွဲလွဲခြင်းလည်းမဟုတ်လျင်၊သုံးသပ်ချက်ကိုပြင်ဆင်သတ်မှတ်ပေးခြင်း( modify )ဟုခေါ်သည်။
ပယ်ဖျက်ခြင်းမဟုတ်၊သဘောကွဲလွဲခြင်းလည်းမမည်လျင်၊ဒုတိယစီရင်ထုံးကလွှမ်းမိုး( supersede )သည်ဟုသုံးနှုန်းသည်။
ကွဲလွဲခြင်း( dissention )အမျိုးမျိုးရှိပါသည်။
အတိအလင်းကွဲလွဲခြင်းရှိသည်၊ဆန့်ကျင်ကွဲလွဲရာရောက်သော( dissented protanto )စီရင်ထုံးများလည်းရှိသည်။
အလားတူပင်ပယ်ဖျက်ရာရောက်သော( overruled protanto )စီရင်ထုံးများလည်းရှိပါသည်။
တရားသူကြီးတဦးထက်ပို၍ပါဝင်သောခုံအဖွဲ့တွင်အများစုချမှတ်သောစီရင်ထုံးကိုပယ်ဖျက်ခြင်း၊သဘောကွဲလွဲခြင်းမရှိသော်လည်းအချို့၏အမြင်မှာမမှန်ဟုဝေဖန်သောစီရင်ထုံးများလည်းရှိပါသည်။
Comments
Post a Comment