The Indian Law Reports, Rangoon Series, 1935, Volume 13
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။
ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။
The Indian Law Reports, Rangoon Series, 1935, Volume XIIIတွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး( ၁၁ )ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။
ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၁ )ဦးတွင်၊မြန်မာတရားသူကြီးဦးမြဘူးနှင့်ဦးဘဦးတို့ပါဝင်သည်။
ဦးဘဦးသည်သတ္တမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။
အလျဉ်းသင့်၍ဖော်ပြရလျှင်၊နိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်၁၉၅၂ခုနှစ်တွင်အသက်(၆၅)နှစ်ပြည့်၍၊နှစ်ပြည့်အငြိမ်းစားယူသောဒေါက်တာဘဦးသည် 11 LBR 439 စီရင်ထုံး၏အောက်ခြေမှတ်စုအရ၊၁၉၂၂ခုနှစ်တွင်ပုသိမ်မြို့၌ခရိုင်တရားမတရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။
ဦးဘဦးရေးသောကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်သည့် My Burma စာအုပ်စာမျက်နှာ၈၇၌၊၎င်းအားရှေ့နေအဖြစ်မှထိုရာထူးတွင်ပထမဆုံးတိုက်ရိုက်ခန့်ထားကြောင်းဖော်ပြထားသည်။
သို့ဖြစ်၍ဦးဘဦးသည်၊နောက်အကျဆုံးအသက်၃၅နှစ်အရွယ်တွင်ခရိုင်တရားမတရားသူကြီးဖြစ်ခဲ့ကြောင်းတွေ့ရပါသည်။
ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၄ )ဦးထဲတွင်၊မြန်မာလူမျိုးဦးထွန်းဖြူနှင့်ဒေါက်တာဘဟန်တို့က၊ Assistant Government Advocate အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၃၅ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၁၃ )တွင်ပရီဗီကောင်စီအမှု( ၃ )မှု၊စုံညီအမှု( ၇ )မှု(တရားမမှုငါးမှုနှင့်ရာဇဝတ်မှုနှစ်မှု)၊( Letters Patent Appeal )အမှု( ၃ )မှုအပါအဝင်၊( ၈၄ )မှုကိုထုံးပြုခဲ့သည်။
၁၉၃၅ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၇၆၄ )မျက်နှာရှိသည်။
စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။
Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-
Approved
Considered
Considered and Explained
Distinguished
Explained
Followed
Referred to
Dissented from or Over-ruled ဟုဖော်ပြသည်။
—————————————
မြန်မာစာ၊အင်္ဂလိပ်စာသင်ယူစဉ်ကဖတ်ရသောဒဏ္ဍာရီပုံပြင်တို့သည်ကြောင်းကျိုးအပေါ်အခြေမခံ။
စိတ်ဝင်စားမှုကိုဖမ်းစားနိုင်သည့်ရိုးစင်းသောပုံပြင်များဖြစ်ကြသည်။
ဥပဒေပြဿနာတို့သည်ထိုပုံပြင်များနှင့်မတူ။
ကွဲပြားချက်တရပ်မှာပြဌာန်းချက်များ၏ဆိုလိုရင်းအမှန်ကိုသိမြင်ရန်ထိုက်သင့်သည့်သမာဓိဖြင့်ကြောင်းကျိုးဆင်ခြင်ဖတ်ဖို့လိုသည်။
ဝထ္ထုဖတ်သလိုဖတ်ရန်မဟုတ်။
ဥပဒေပြဌာန်းချက်များကဖတ်သူဥပဒေပညာရှင်၏စိတ်ဝင်စားမှုကိုပုံပြင်များကဲ့သို့ နှိုးဆွနိုင်သည်မဟုတ်။
သမ္မာသမာဓိဖြင့်အဓိပ္ပာယ်ကိုဖော်ထုတ်ယူရသည့်ပြဌာန်းချက်များရှိ၍စီရင်ထုံးများ၏ကဏ္ဍပေါ်လာခြင်းဖြစ်သည်။
Comments
Post a Comment