The Indian Law Reports, Rangoon Series, 1930, Volume 8

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။


ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။


The Indian Law Reports, Rangoon Series, 1930,  Volume VIIIတွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး( ၂၁ )ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။


ဟိုက်ကုတ်လွှတ်တော်တရားသူကြီး( ၂၁ )ဦးတွင်၊မြန်မာတရားသူကြီးဦးဘ၊ဦးမြဘူးနှင့်ဦးဘဦးတို့ပါဝင်သည်။


ဦးဘသည်ပဉ္စမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။


ဦးဘဦးသည်ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။


ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၅ )ဦးထဲတွင်၊မြန်မာလူမျိုးဦးထွန်းဖြူနှင့်ဦးဘဟန်တို့က၊ Assistant Government Advocate များအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။


၁၉၃၀ပြည့်နှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၈ )စီရင်ထုံးစာအုပ်၊တရားသူကြီးများစာရင်းတွင်၊အောက်ဖော်ပြပါအတိုင်းမှတ်တမ်းတင်ထားသည်-


Chief Justice Sir John Guy Rutledge, Kt. ( Died at Rangoon on 15th February, 1930. )


Pusine Judge Parungavur Narasimha Chari , ( On leave from 3rd February, 1930. Died at Rangoon on 30th March, 1930. )


၁၉၃၀ပြည့်နှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၈ )တွင်ပရီဗီကောင်စီအမှု( ၅ )မှု၊စုံညီအမှု( ၃ )မှု(တရားမမှုနှစ်မှုနှင့်ရာဇဝတ်မှုတမှု)အပါအဝင်၊( ၇၇ )မှုကိုထုံးပြုခဲ့သည်။


၁၉၂၉ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၆၆၅ )မျက်နှာရှိသည်။


စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။


Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-


Referred to or Distinguished 


Followed 


Dissented from or Over-ruled ဟုဖော်ပြသည်။


—————————————


ခိုင်ခံ့သည်ဟုယူဆကာထုံးပြုခဲ့ပြီးကာမှ၊ထုံးပြုသောအဆုံးအဖြတ်တို့ကိုအယူခံတွင်ပယ်ဖျက်(Reversed)လိုက်သည်များလည်းရှိသည်။


ထိုသို့ပယ်ဖျက်(Reversed )သည့်အမှားအယွင်းများမှာနှစ်ရှည်သည်မဟုတ်။


စီရင်ထုံးတရပ်တွင်ပြဆိုသောဥပဒေကိုအခြားအမှုတွင်ပယ်ဖျက်(Overruled )သည့်ကိစ္စ၌အမှားသည်အနည်းနှင့်အများသံသရာရှည်တတ်သည်။


အမှားဆုံးဖြတ်သည့်အတွက်အမှုသည်များ​၏နစ်နာမှုကို၊အမှားပြင်သည့်စီရင်ထုံးကကုစားပေးနိုင်ခြင်းမရှိ။


နောက်အမှုသည်များအတွက်သာလျှင်အကျိုးရှိသည်။


Reversedသို့မဟုတ်Overruledလုပ်ခြင်းမပြုရသေးသော၊ 1961 BLR ( HC ) 132 အမှုမှာကဲ့သို့မီးသေခြင်းနှင့်သက်ဆိုင်သောအဆုံးအဖြတ်မျိုးလည်းရှိတန်သလောက်ရှိသည်။


ထိုအမှားမျိုးကိုOverruledမလုပ်သေးသ၍အဆိုးသံသရာရှည်နေမည်သာဖြစ်သည်။


အလားတူဥပဒေပြဿနာအကျုံးဝင်သောအမှုမျိုးသည်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိရောက်ရှိလာရာမှ၊ဆိုင်ရာရှေ့နေကတင်ပြအဆုံးအဖြတ်ခံယူတော့မှ၊အမှားကိုOverruledလုပ်ရန်အခွင့်အရေးရမည်ဖြစ်ရာ၊နှစ်ချီ၍ကြာမြင့်ရန်အကြောင်းရှိသည်။


ဤအခြေအနေတွင်၊စီရင်ချက်များကိုထုံးပြုရာ၌မည်မျှတာဝန်ကြီးလေးကြောင်းမြင်သာသည်ဖြစ်၍၊အထူးဂရုဓမ္မပြုရန်လိုအပ်ကြောင်းတင်ပြလိုသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ