The Indian Law Reports, Rangoon Series, 1932, Volume 10
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။
ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။
The Indian Law Reports, Rangoon Series, 1932, Volume X တွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး( ၁၆ )ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။
ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၆ )ဦးတွင်၊မြန်မာတရားသူကြီးဦးမြဘူးနှင့်ဦးဘဦးတို့ပါဝင်သည်။
ဦးဘဦးသည်သတ္တမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။
ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၄ )ဦးထဲတွင်၊မြန်မာလူမျိုးဦးထွန်းဖြူက၊ Assistant Government Advocate အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၃၂ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၁၀ )တွင်ပရီဗီကောင်စီအမှု( ၄ )မှု၊စုံညီအမှု( ၃ )မှု(တရားမမှုနှစ်မှုနှင့်ရာဇဝတ်မှုတမှု)အပါအဝင်၊( ၆၂ )မှုကိုထုံးပြုခဲ့သည်။
၁၉၃၂ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၅၃၉ )မျက်နှာရှိသည်။
စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။
Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-
Referred to
Discussed
Distinguished
Approved
Followed
Dissented from or Over-ruled ဟုဖော်ပြသည်။
—————————————
၁၈၇၂မှ၁၉၇၃ကာလအတွင်းထုတ်ဝေသောစီရင်ထုံးများကညွှန်ပြသောရှေးထုံးကိုဆက်လက်လိုက်နာရန်ဖြစ်ပါသည်။
ယခုအခါမြန်မာနိုင်ငံတွင်၊နှစ်တရာကျော်စီရင်ထုံးများရှိနေပြီဖြစ်ရာလက်ရှိတရားရုံးများသည်ခေတ်ဟောင်းတရားရုံးများ၏စီရင်ထုံးများကို၊ထုံးသာဓကများဖြင့်ကြောင်းကျိုးပြကာဝေဝေဆာဆာရေးသားရန်အခွင့်အရေးရရှိနိုင်သည်ဖြစ်၍၊တပန်းသာလျက်ရှိသည်။
လက်တွေ့၌ခိုင်လုံသောကြောင်းကျိုးမပြဘဲတရားစီရင်ကြသည်မှာမဖြစ်သင့်ကြောင်းအသိတရားရှိကြဖို့လိုပါသည်။
ခိုင်လုံသောကြောင်းကျိုးမပြဘဲစီရင်ချက်ရေးခြင်းက၊ဆိုင်ရာတရားသူကြီးတို့၏အားထုတ်မှုလျော့ရဲခြင်းကိုညွှန်ပြလျက်ရှိပါသည်။
ထိုသို့အားထုတ်မှုလျော့ရဲခြင်းသည်၊ဆိုင်ရာတရားသူကြီး၏စိတ်ဓာတ်ပျော့ညံ့မှု၊စိတ်ဝင်စားခြင်းနည်းပါးမှု၊စီရင်ချက်ကိုဖြစ်ကတတ်ဆန်းရေးခြင်းစသည်တို့ဖြစ်နေမှုက၊အမှုသည်တို့၏မျက်နှာကိုမထောက်ထားတတ်မှု၊ပေါ့ပျက်မှုစသည့်၊စသည့်အားနည်းချက်များအပေါ်အခြေခံသည်ဟုဆိုပါလျင်၊လိပ်ပြာသန့်သန့်ငြင်းရဲပါမည်လား။
Comments
Post a Comment