The Indian Law Reports, Rangoon Series, 1933, Volume 11
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။
ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။
The Indian Law Reports, Rangoon Series, 1933, Volume XIတွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး( ၁၆ )ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။
ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၆ )ဦးတွင်၊မြန်မာတရားသူကြီးဦးမြဘူးနှင့်ဦးဘဦးတို့ပါဝင်သည်။
ဦးဘဦးသည်သတ္တမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။
အလျဉ်းသင့်၍ဖော်ပြရလျှင်၊နိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်၁၉၅၂ခုနှစ်တွင်အသက်(၆၅)နှစ်ပြည့်၍၊နှစ်ပြည့်အငြိမ်းစားယူသောဒေါက်တာဘဦးသည် 11 LBR 439 စီရင်ထုံး၏အောက်ခြေမှတ်စုအရ၊၁၉၂၂ခုနှစ်တွင်ပုသိမ်မြို့၌ခရိုင်တရားမတရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။
ဦးဘဦးရေးသောကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်သည့် My Burma စာအုပ်စာမျက်နှာ၈၇၌၊၎င်းအားရှေ့နေအဖြစ်မှထိုရာထူးတွင်ပထမဆုံးတိုက်ရိုက်ခန့်ထားကြောင်းဖော်ပြထားသည်။
သို့ဖြစ်၍ဦးဘဦးသည်၊နောက်အကျဆုံးအသက်၃၅နှစ်အရွယ်တွင်ခရိုင်တရားမတရားသူကြီးဖြစ်ခဲ့ကြောင်းတွေ့ရပါသည်။
ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၄ )ဦးထဲတွင်၊မြန်မာလူမျိုးဦးထွန်းဖြူက၊ Assistant Government Advocate အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၃၃ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၁၁ )တွင်ပရီဗီကောင်စီအမှု( ၂ )မှု၊စုံညီအမှု( ၇ )မှု(တရားမမှုလေးမှုနှင့်ရာဇဝတ်မှုသုံးမှု)၊( Letters Patent Appeal )အမှု( ၃ )မှုအပါအဝင်၊( ၇၁ )မှုကိုထုံးပြုခဲ့သည်။
၁၉၃၃ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၅၃၂ )မျက်နှာရှိသည်။
စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။
Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-
Approved
Considered
Discussed
Distinguished
Explained
Followed
Referred to
Dissented from or Over-ruled ဟုဖော်ပြသည်။
—————————————
ရှေးထုံးများ
၁၈၇၂ခုနှစ်မှစ၍ထုတ်ဝေခဲ့သောစီရင်ထုံးများကိုလိုက်နာရန်တရားရုံးအသီးသီးတွင် တာဝန်ရှိသည်။
ခုံရုံးတရုံး၏အဆုံးအဖြတ်နှင့်ကွဲလွဲကာအခြားခုံရုံးကဆုံးဖြတ်ခွင့်မရှိ။
စုံညီခုံရုံး၏အဆုံးအဖြတ်ကိုခံယူရန်တင်ပြခွင့်သာရှိသည်။
သာဓကကို1937 RLR 375 ( FB )စီရင်ထုံးတွင်တွေ့မြင်နိုင်သည်။
စုံညီခုံရုံးတရုံး၏အဆုံးအဖြတ်ကိုတရားသူကြီးဦးရေများသောအခြားစုံညီခုံရုံးကပယ်ဖျက်သည့်ထုံးရှိသည်။
ကိုးကားတင်ပြအဆုံးအဖြတ်ခံယူသောစီရင်ထုံးကိုမလိုက်နာပါကအယူခံ၌ဆုံးဖြတ်ရန်ရှိသောအမှုနှင့်ဖြစ်ရပ်ခြင်းမတူကွဲပြားကြောင်း၊ခွဲခြားရှင်းလင်း( distinguish ) ရသည်မှာတစိုက်မတ်မတ်လိုက်နာခဲ့သောရှေးထုံးတရပ်ဖြစ်ကြောင်းရန်ကုန်စီရင်ထုံးများအတွဲ၁မှတရားရုံးချုပ်( ၁၉၆၂ - ၁၉၇၃ )စီရင်ထုံးစာအုပ်များတွင်တွေ့မြင်နိုင်သည်။
စီရင်ထုံးစာအုပ်များတွင်ကိုးကားသောစီရင်ထုံးများကိုလိုက်နာသည်၊ခွဲခြားရှင်းလင်းပြသည်၊သဘောချင်းကွဲလွဲသည်၊ပယ်ဖျက်သည်၊ရည်ညွှန်းသည်စသည်ဖြင့်ခွဲခြားဖော်ပြသည့်စီရင်ထုံးစာအုပ်အသီးသီးပါအမှုစာရင်းကိုကြည့်ပါ။
————————————-
Letters Patent Appeal
ရန်ကုန်ဟိုက်ကုတ်လွှတ်တော်ကိုတည်ထောင်သောအင်္ဂလန်နိုင်ငံဘုရင်၏စာချွန်တော်အရအယူခံဝင်ခွင့်ပြုထားသည့်အယူခံတမျိုးဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါပြဌာန်းသည့်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၂၀တွင်အလားတူအယူခံဝင်ခွင့်ပေးခဲ့ရာ၊အထူးတရားမအယူခံမှု(အခွင့်ထူးအယူခံမှုမဟုတ်)အဖြစ်သတ်မှတ်သည်။
တော်လှန်ရေးအစိုးရတက်လာသောအခါ၊ပုဒ်မ၂၀ကိုဖျက်သိမ်းလိုက်သဖြင့်ထိုအယူခံမှုမျိုးမရှိတော့။
သမိုင်းကြောင်းကိုဥပဒေပညာရှင်များသိသင့်သည်။
Comments
Post a Comment