The Indian Law Reports, Rangoon Series, 1929, Volume 7
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၉၂၂ခုနှစ်ဒီဇင်ဘာလအတွင်း၌တည်ထောင်သောရန်ကုန်မြို့တရားလွှတ်တော်သည်၊အောက်မြန်မာပြည်တရားရုံးချုပ်နှင့်အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးတို့အစားတည်ထောင်သောတရားရုံးဖြစ်ပါသည်။
ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်၍၊စီရင်ထုံးများကို၊အိန္ဒိယနိုင်ငံ၏လွှတ်တော်တခုအဖြစ်အမည်ဖော်ပြ၍(အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊ I. L. R. Rangoon)၁၉၂၂-၂၃ကာလအတွက်မှစတင်၍နှစ်စဉ်တနှစ်စီအတွဲလိုက်ထုတ်ဝေသည်။
The Indian Law Reports, Rangoon Series, 1929, Volume VII တွင်၊ထိုစဉ်ကဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်သောတရားသူကြီးချုပ်အပါအဝင်တရားသူကြီး( ၁၆ )ဦးကစီရင်ကြားနာဆုံးဖြတ်ခဲ့သောအမှုများကိုထုံးပြုထားသည်။
ဟိုက်ကုတ်လွှတ်တော်တရားသူကြီး(၁၆ )ဦးတွင်၊မြန်မာတရားသူကြီးဦးဘနှင့်ဦးမြဘူးတို့ပါဝင်သည်။
ဦးဘသည်ပဉ္စမမြောက်မြန်မာတရားဝန်ကြီးတဦးဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူတဦးဖြစ်သည်။
ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ Government Advocate အဖြစ်တာဝန်ထမ်းဆောင်သူ( ၅ )ဦးထဲတွင်၊မြန်မာလူမျိုးဦးဘဒွန်းက Deputy Government Advocate အဖြစ်လည်းကောင်း၊ဦးထွန်းဖြူက၊ Assistant Government Advocate အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၂၉ခုနှစ်၊အိန္ဒိယစီရင်ထုံးများ၊ရန်ကုန်၊အတွဲ( ၇ )တွင်ပရီဗီကောင်စီအမှု( ၈ )မှု၊စုံညီအမှု( ၆ )မှု(တရားမမှုသုံးမှုနှင့်ရာဇဝတ်မှုသုံးမှု)အပါအဝင်၊( ၁၃၄ )မှုကိုထုံးပြုခဲ့သည်။
၁၉၂၉ခုနှစ်စီရင်ထုံးစာအုပ်တွင်စာမျက်နှာ( ၈၄၄ )မျက်နှာရှိသည်။
စီရင်ထုံးစာအုပ်အစီအစဉ်တွင်၊ Table of Cases Reported နှင့် Table of Cases Cited ဟုဖော်ပြသည်။
Table of Cases Cited တွင်စီရင်ထုံးများကိုရည်ညွှန်း၍-
Referred to or Distinguished
Followed
Dissented from or Over-ruled ဟုဖော်ပြသည်။
—————————————
အလျဉ်းသင့်၍စီရင်ထုံးများပြုစုထုတ်ဝေပုံကိုဆက်လက်ဆွေးနွေးလိုသည်။
၁၉၇၃ခုနှစ်စီရင်ထုံးအထိ၊စီရင်ထုံးများကိုပြုစုထုတ်ဝေသည့်အဖွဲ့တွင်၊တရားလွှတ်တော်၊တရားရုံးချုပ်တရားသူကြီးချုပ်ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သောအဖွဲ့တွင်၊တရားလွှတ်တော်၊တရားရုံးချုပ်တရားသူကြီးနှစ်ဦး၊နိုင်ငံတော်ရှေ့နေချုပ်၊ဝါရင့်ရှေ့နေနှစ်ဦး၊တရားလွှတ်တော်မော်ကွန်းထိန်း၊စာပြုနှင့်စာတည်းတို့ပါဝင်သောအဖွဲ့ကရွေးချယ်ကြပါသည်။
ထုံးပြုရန်စီရင်ချက်များကိုရွေးချယ်သောစာပြုနှင့်စာတည်းတို့သည်၊ခိုင်ခံ့သောစီရင်ချက်များကိုရွေးချယ်ရန်တာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်ကြသည်။
ပရီဗီကောင်စီနှင့်တရားလွှတ်တော်ချုပ်၏စီရင်ချက်တိုင်းကိုထုံးပြုသည့်အစဉ်အလာရှိခဲ့သည်။
ထုံးပြုနိုင်လောက်အောင်လည်း၊အဆိုပါစီရင်ချက်များမှာခိုင်လုံကြသည်။
၁၉၂၅ခုနှစ်ထုတ်၊ရန်ကုန်အတွဲ၃စီရင်ထုံးတွင်-
ဒေါက်တာဧမောင်(နောက်ပိုင်း၌တရားလွှတ်တော်တရားသူကြီး)ကလည်းကောင်း၊
၁၉၅၇ခုနှစ်ထုတ် 1957 BLR စီရင်ထုံးတွင်-
ဒေါက်တာမောင်မောင်(နောက်ပိုင်း၌တရားရုံးချုပ်တရားသူကြီးချုပ်)တို့ကလည်းကောင်း၊စာပြုအဖြစ်ဆောင်ရွက်ခဲ့ကြောင်းတွေ့ရသည်။
1947 BLR စီရင်ထုံးများအထိ၊မြန်မာရှေ့နေများစာတည်းအဖြစ်ဆောင်ရွက်ကြသည်ကိုမတွေ့ရ။
စာတည်းများအဖြစ်ဆောင်ရွက်ကြသူများသည်၊ဝါရင့်ရှေ့နေကြီးများဖြစ်ကြသည်။
Comments
Post a Comment