( 1864 ) 10 H L Cas 589
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၈၇၂ခုနှစ်ဇန္နဝါရီလ၄ရက်နေ့တွင်-
အောက်မြန်မာပြည်အထူးတရားရုံးက-
SJLB 1 အမှုကိုဆုံးဖြတ်စဉ်က၊မြန်မာနိုင်ငံတွင်ထုံးသာဓကမရှိသဖြင့်စီရင်ထုံးစာမျက်နှာ-၃တွင်ပရီဗီကောင်စီ၊စီရင်ထုံးတခုကိုကိုးကားဆုံးဖြတ်ခဲ့သည်။
ထိုစီရင်ထုံးနောက်ပိုင်းစီရင်ထုံးများတွင်လည်းအလားတူမြန်မာနိုင်ငံ၌ထုံးသာဓကမရှိသည့်အမှုများ၌နိုင်ငံခြားစီရင်ထုံးများကိုမှီငြမ်းပြုကာတရားစီရင်ရာတွင်မြန်မာနိုင်ငံတရားစီရင်ခြင်းတိုးတက်ဖြစ်ထွန်းလာသည်မှာမငြင်းနိုင်သောဖြစ်စဉ်ဖြစ်ပါသည်။
1954 BLR ( S C ) 52 ( 57 ) အမှုတွင်ပြဆိုထားသည့်အတိုင်း၊ထုံးသာဓကမကိုးကားဘဲဆုံးဖြတ်ခြင်းသည်အတ္တနောမတိ၊မိမိသဘောအတိုင်းဆုံးဖြတ်ရာရောက်ပါလိမ့်မည်။
တဖက်တွင်မြန်မာနိုင်ငံစီရင်ထုံးမရှိသဖြင့်နိုင်ငံခြားစီရင်ထုံးမှအားယူကာအမှန်တရားကိုဖော်ထုတ်စီရင်ခြင်းကြောင့်မြန်မာပီသခြင်းမရှိဟုအပြစ်ဖို့ဖွယ်ရှိသည်ဟုဆိုနိုင်ပါကစီရင်ထုံးစာအုပ်များ၌ဆောင်ပုဒ်အဖြစ်ဖော်ပြထားသောတရားစီရင်ရေးမူနှင့်ညီညွတ်စေရန်မည်သို့စီရင်သင့်ပါသနည်း။
တွေးဆကြပါကုန်။
——————-
Wentworth v. Lloyd
( 1864 ) 10 H L Cas 589
စီရင်ထုံးအရ၊ကိုယ်စားလှယ်လွှဲသူသည်ကိုယ်စားလှယ်ကချုပ်ဆိုသောအရောင်းအဝယ်စာချုပ်ကိုပယ်ဖျက်ပေးစေရန်တရားစွဲဆိုရမည်ဖြစ်ကြောင်းအောက်ပါအတိုင်းပြဆိုသည်-
“A principal who seeks to set aside a transaction on the ground that the provisions of the section have been violated must take proceedings for that purpose within a reasonable time after becoming aware of the circumstances relied on as otherwise he may be deemed to have acquiesced.”
မှတ်ချက်။ ။ H. L ဆိုသည်မှာ House of Lord ၏အတိုကောက်ဖြစ်သည်။ Cas သည် case ဖြစ်သည်။
အထက်ပါစီရင်ထုံးကိုအင်္ဂလိပ်ဥပဒေအရဆုံးဖြတ်ခြင်းဖြစ်၍၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅နှင့်မသက်ဆိုင်ဟုစောဒကတက်ပါလျှင်၁၉၂၉ခုနှစ်တွင်ဆုံးဖြတ်သည့်ရန်ကုန်အတွဲ၇၊စာ၆၁အမှုတွင်ခုံရုံးကစီရင်ထုံးစာမျက်နှာ၆၈၌”ဤအကြောင်းအရာနှင့်စပ်လျဉ်း၍အင်္ဂလိပ်ဥပဒေပါသဘောတရားများကိုအိန္ဒိယပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅နှင့်၂၁၆တို့တွင်ထည့်သွင်းခဲ့သည်”
(The principles of the English law on this subject are incorporated in sections 215 and 216 of the Indian Contract Act.)
ဟုပြဆိုထားချက်သည်အဖြေဖြစ်သည်။
မှတ်ချက်။ ။၁၉၃၆ခုနှစ်တွင်မြန်မာနိုင်ငံသည်သီးခြားနိုင်ငံဖြစ်လာသောအခါ၊အိန္ဒိယပဋိညာဉ်အက်ဥပဒေကို၊ပဋိညာဉ်အက်ဥပဒေဟုပြင်ဆင်ခေါ်ဝေါ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၉နှင့်၁၉-ကတို့တွင်ဖော်ပြထားသောအကြောင်းတရပ်ရပ်သို့မဟုတ်(အများ)ကိုအကြောင်းပြုပြီး၊ပဋိညာဉ်ဖျက်သိမ်းလိုပါကဖျက်သိမ်းခွင့်ပေးထားသည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၆၆တွင်ပဋိညာဉ်ကိုဖျက်သိမ်းလိုသူကမည်သည့်အကြောင်းကြောင့်ဖျက်သိမ်းကြောင်းတဖက်ပဋိညာဉ်ပြုသူထံအကြောင်းကြားရမည့်နည်းလမ်းကိုပြဌာန်းထားသည်။
ထိုသို့အကြောင်းကြားရာ၌တဖက်ကလက်ခံခဲ့လျှင်ပဋိညာဉ်ပျက်သွားသည်။
လက်ခံခြင်းမပြုလျှင်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅(က)အရဖျက်သိမ်းပေးရန်တရားစွဲဆိုခွင့်ရရှိသည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၆၆အရအကြောင်းကြားရုံမျှဖြင့်ပဋိညာဉ်ပျက်သွားရိုးမှန်လျှင်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅(က)ကိုပြဌာန်းခြင်းသည်အပိုဖြစ်ပေလိမ့်မည်။
၁၉၅၅၊မတစ(တရားလွှတ်တော်ချုပ်)၅၄အမှုတွင်၊ယခင်တရားလွှတ်တော်ချုပ်ကပြဌာန်းဥပဒေပါပြဌာန်းချက်များကိုပိုလျှံခြင်းကိုရှောင်ရှား၍အဓိပ္ပာယ်ကောက်ယူရမည်ဟုပြဆိုထားသည်။
ဥပဒေပြုအဖွဲ့သည်ပိုသော၊ထပ်သောပြဌာန်းချက်များကိုပြဌာန်းခြင်းမပြု။
Comments
Post a Comment