ဒီကရီအတည်ပြုသည့်တရားရုံးသည်ဒီကရီကိုကျောခိုင်း၍မရနိုင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဒီကရီအတည်ပြုသည့်တရားရုံးသည်ဒီကရီကိုကျောခိုင်း၍မရနိုင်ဟူသောအတည်ဖြစ်လျက်ရှိသည့်ဥပဒေသတွင်ထင်ရှားသောခြွင်းချက်ရှိသည်။


—————————-


1967 BLR ( C C ) 430 


U Ba E and one v. U Myaing and one.


Before U Kyaw Zan U, J.


အမှုတွင်၊ကျေအေးပြေငြိမ်းရာတွင်ပါဝင်သူများအပေါ်ကျေအေးပြေငြိမ်းချက်ပါစည်းကမ်းချက်များနှင့်အညီဒီကရီချမှတ်လျင်၊၎င်းဒီကရီအားသက်ဆိုင်ရာအမှုတွင်ပယ်ဖျက်ခြင်းမပြုသေးသ၍၊၎င်းဒီကရီသည်ဒီကရီချမှတ်ခံရသူများအပေါ်အတည်ဖြစ်သည်။


၎င်းဒီကရီခိုင်လုံသည်၊မခိုင်လုံသည်ကိုဇာရီမှုတွင်စောဒကမတက်နိုင်။


ဒီကရီအတည်ပြုသည့်တရားရုံးသည်ဒီကရီပါအချက်များကိုပြောင်းလဲခြင်း၊သို့မဟုတ်ဖြည့်စွက်ခြင်းမပြုနိုင်ဟုတညီတညွတ်တည်းထုံးဖွဲ့ပြီးဖြစ်သည်။


ဒီကရီကိုလိမ်လည်ရယူခဲ့ခြင်းရှိမရှိစိစစ်ခွင့်မရှိ။


အခိုင်အမာပြဆိုပါကဒီကရီသည်မခိုင်လုံကြောင်းထင်ရှားစေသောအကြောင်းခြင်းရာများကိုအတည်ပြုသည့်တရားရုံးကစုံစမ်းခြင်းမပြုနိုင်။


သို့ရာတွင်ဒီကရီကိုအတည်ပြုသည့်တရားရုံးသည်၊ဒီကရီကိုကျောခိုင်း၍မရနိုင်ဟူသောအတည်ဖြစ်လျက်ရှိသည့်ဥပဒေသတွင်ထင်ရှားသောခြွင်းချက်ရှိသည်။


၎င်းတို့မှာဒီကရီကို( ၁ )ကွယ်လွန်သူတဦးတယောက်အပေါ်ချမှတ်ထားခြင်း၊သို့မဟုတ်( ၂ )စီရင်ပိုင်ခွင့်အာဏာကိုကျော်လွန်၍ချမှတ်ထားခြင်း၊သို့မဟုတ်( ၃ )အများပြည်သူတို့၏မူဝါဒအပေါ်အခြေခံသောဥပဒေပြဌာန်းချက်ကိုဆန့်ကျင်ဖောက်ဖျက်၍ချမှတ်ထားခြင်းဖြစ်သည်ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


“Held : Where a decree in terms of compromise is passed against persons who are parties to it the decree is binding against all persons against whom it was passed unless and until set aside by appropriate proceedings. Its validity cannot be challenged in execution proceedings. It has been universally held that the executing Court cannot alter, vary or add to the terms of the decree. It cannot go into the question whether the decree was obtained by fraud. The executing Court cannot embark on an enquiry into facts which, if established, would show the invalidity of the decree. The established rule that an excuting Court cannot go behind the decree is however subject to certain well defined exception, viz. if the decree its ( 1 ) against a dead person, or ( 2 ) passed without jurisdiction, or ( 3 ) in contravention of an enactment based on public policy.”


———————————-


1991 BLR 20 


ဒေါ်ခင်စိန်ပါ၃ နှင့် ဦးချစ်


တရားရုံးချုပ်တရားသူကြီးဦးမျိုးထွန်းလင်းရှေ့တွင်


အမှုတွင်၊အောက်ပါအတိုင်းထုံးဖွဲ့သည်-


“တိုင်းတရားရုံးကသုံးသပ်သကဲ့သို့သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၁၉၈၄ခုနှစ်၊တရားမကြီးမှုအမှတ်၅တွင်ချမှတ်သည့်ဒီကရီမှာအတည်ဖြစ်လျက်ရှိ၍ဒီကရီကိုအတည်ပြုသောဇာရီရုံးသည်ဒီကရီမှားသည်မှန်သည်ကိုဝေဖန်သုံးသပ်ခြင်းမပြုနိုင်ပေ။ဒီကရီကိုအတည်ပြုရာ၌ဇာရီရုံးသည်အဆိုပါဒီကရီမှာသေသူအပေါ်ချမှတ်သောချမှတ်သောဒီကရီ၊စီရင်ပိုင်ခွင့်မရှိဘဲချမှတ်သောဒီကရီနှင့်အများပြည်သူနှင့်သက်ဆိုင်သောမူဝါဒအပေါ်အခြေခံသည့်ဥပဒေပြဌာန်းချက်နှင့်ဆန့်ကျင်ချမှတ်သောဒီကရီဖြစ်လျင်သာအတည်မပြုဘဲနေနိုင်သည်။အထက်ပါအကြောင်း၃ရပ်မှအပဇာရီရုံးသည်ဒီကရီကိုအတည်ပြုရန်ငြင်းဆိုနိုင်ခြင်းမရှိပေ။”


—————————————


1989 BLR 60 


ဒေါ်လင်အာလန် နှင့် ဒေါ်သန်းလှပါ၅


တရားရုံးချုပ်တရားသူကြီးဦးအေးအုန်း၊ဦးကျော်ဝင်းနှင့်ဦးကျော်တင့်တို့ရှေ့တွင်


အမှုတွင်အောက်ပါအတိုင်းဆုံးဖြတ်ချက်ချမှတ်ထုံးဖွဲ့သည်-


“ထပ်မံဆုံးဖြတ်ချက်။   ။ဒီကရီကိုအတည်ပြုသည့်တရားရုံးတွင်တရားရှုံးဘက်မှ၊အတည်ပြုရန်ဖြစ်သောဒီကရီသည်ပျက်ပြယ်သည်ဟုယေဘုယျအားဖြင့်စောဒကတက်ခွင့်မရှိချေ။ဦးဘအေးပါ၂ နှင့် ဦးမြိုင်ပါ၂၊ ၁၉၆၇ မတစ ၄၃၀တွင်လမ်းဖွင့်ပေးထားသည့်အကြောင်းတရပ်ရပ်နှင့်စပ်လျဉ်း၍သာဒီကရီမှာတရားမဝင်ကြောင်းဇာရီမှုတွင်တင်ပြခွင့်ရှိသည်။”


———————————————


1991 BLR 144 


ဒေါ်လင်အာလန် နှင့် ဒေါ်သန်းလှပါ၅


တရားရုံးချုပ်တရားသူကြီးဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးအေးအုန်း၊ဦးကျော်တင့်၊ဦးမျိုးထွန်းလင်းနှင့်ဦးကျော်ဝင်းတို့ရှေ့တွင်


အမှုတွင်စီရင်ထုံးစာမျက်နှာ၁၄၆နှင့်၁၄၇တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“စီရင်ပိုင်ခွင့်ရှိသည့်တရားရုံးကချမှတ်ထားသည့်အတည်ဖြစ်ဆဲဒီကရီတရပ်ကိုအယူခံမှု၊ပြင်ဆင်မှု၊ပြန်လည်သုံးသပ်ပေးစေလိုမှုစသည့်မှုခင်းတရပ်တွင်ပယ်ဖျက်ခြင်းမပြုလျင်ယင်းဒီကရီသည်ဒီကရီချမှတ်သည့်အမှုတွင်ပါဝင်သောအမှုသည်များအပေါ်အပြီးသတ်အတည်ဖြစ်သည်။အက်(စ်)အေနသန် နှင့် အက်(စ်)အာ(ရ်)ဆင်ဆမ်၊ရန်ကုန်စီရင်ထုံးများ၊အတွဲ၉၊စာ-၄၈၀(စုံညီ)အမှုကိုကြည့်ပါ။ဒီကရီကိုအတည်ပြုသည့်တရားရုံးအနေဖြင့်ဒီကရီမှာဥပဒေနှင့်ညီညွတ်ခြင်းရှိမရှိသို့မဟုတ်မှန်ကန်မှုရှိမရှိကန့်ကွက်ချက်ကိုလက်ခံအဆုံးအဖြတ်မပြုနိုင်။ယင်းဥပဒေပြဿနာနှင့်စပ်လျဉ်း၍၊ဦးဘဧစီရင်ထုံး၊ ၁၉၆၇ မတစ စာ-၄၃၀တွင်၊စာမျက်နှာ၄၃၃၌အောက်ပါအတိုင်းသုံးသပ်ထားသည်ကိုရည်ညွှန်းလိုသည်-


“It is indisputable that the Court executing a decree must take the decree as it stands and has no power to go behind it or to entertain an objection to the legality or correctness of the decree.”


တဖက်တွင်ဦးဘဧအမှု၌ထုံးဖွဲ့ထားသည့်အတိုင်းအောက်ပါအကြောင်းတရပ်ရပ်ကြောင့်ဒီကရီကိုအတည်မပြုနိုင်ကြောင်းဇာရီမှုတွင်ကန့်ကွက်တင်ပြနိုင်သည်-


( က )ကွယ်လွန်သူအပေါ်ဒီကရီချမှတ်ခြင်း


( ခ )စီရင်ပိုင်ခွင့်မရှိဘဲဒီကရီချမှတ်ခြင်း


( ဂ )အများပြည်သူတို့နှင့်သက်ဆိုင်သောမူဝါဒအပေါ်အခြေခံသည့်ဥပဒေပြဌာန်းချက်နှင့်ဆန့်ကျင်၍ဒီကရီချမှတ်ခြင်း။


ရပ်ကွက်တရားရုံး၏ဒီကရီကိုဆိုင်ရာတရားစီရင်ရေးအဖွဲ့ကလက်မှတ်ရေးထိုးရန်ပျက်ကွက်သည်ကိုအကြောင်းပြုပြီးအဆင့်ဆင့်သောအယူခံတရားရုံးများ၏ဒီကရီအသီးသီးသည်ပျက်ပြယ်သည်ဆိုသောတင်ပြချက်မှာအထက်ဖော်ပြပါကန့်ကွက်နိုင်သည့်အကြောင်းတရပ်ရပ်တွင်အကျုံးမဝင်ချေ။သို့ဖြစ်၍ယင်းကိစ္စကိုဇာရီမှုတွင်ဖြစ်စေ၊ဇာရီမှုမှပေါ်ပေါက်သောအယူခံမှုတွင်ဖြစ်စေစောဒကတက်ခွင့်မရှိပေ။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]