မီးသေခြင်းဆိုင်ရာဥပဒေသသည်၊တရားရေးဆိုင်ရာမှုခင်းအရပ်ရပ်နှင့်လည်းကောင်း၊တရားရေးသက်ဝင်သောမှုခင်းအရပ်ရပ်နှင့်လည်းကောင်းသက်ဆိုင်သည်။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မီးသေခြင်းဆိုင်ရာဥပဒေ၏မူသဘော
—————————————
1994 AIR ( SC ) 152
Sulochana Amma vs. Narayanan Nair
On 24 September , 1993
မူလာ၏တရားမကျင့်ထုံးဥပဒေကျမ်း(အကျဉ်း)(၂၀၁၈ခုနှစ်၊၁၇ကြိမ်မြောက်ထုတ်)တွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ကိုအကျယ်ချဲ့ရာ၌၊စာမျက်နှာ၈၄တွင်-
AIR 1994 ( SC ) 152 , [ (1994)2SC(88) ]
စီရင်ထုံးကိုကိုးကားကာ၊မီးသေခြင်းဆိုင်ရာဥပဒေသသည်၊တရားရေးဆိုင်ရာမှုခင်းအရပ်ရပ်နှင့်လည်းကောင်း၊တရားရေးသက်ဝင်သောမှုခင်းအရပ်ရပ်နှင့်လည်းကောင်းသက်ဆိုင်သည်ဟုထုံးဖွဲ့သည်။
အထက်ပါကျမ်းစာမျက်နှာ၈၄၌-
AIR 210 SC 818[ (2009)10SC(273)]
စီရင်ထုံးကိုကိုးကား၍တရားရုံး၏မှားယွင်းသောစီရင်ချက်များကို၊အယူခံသို့မဟုတ်ပြင်ဆင်မှုတွင်အစားထိုးခြင်းမပြုလျှင်၊ထိုစီရင်ချက်သည်မီးသေသည်ဟုအောက်ပါအတိုင်းပြဆိုထားသည်ကိုလည်းမှတ်သားသင့်သည်-
" In determining the application of the rule of res judicata , the court is not concerned with the correctness there must or otherwise of the earlier judgment . A wrong decision by a court having jurisdiction is as much binding between the parties as a right one and it may be superseded by an appeal or revision to a higher court or tribunal or other procedure known to law. "
—————————-
စီရင်ချက်(ဆုံးဖြတ်ချက်)တရပ်သည်၊တရားလိုနှင့်တရားပြိုင်အချင်းချင်းတွင်မီးသေသည်ဟုဆိုသော၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ပါဥပဒေသဘောကိုဥပဒေပညာရှင်တိုင်းသဘောပေါက်ပါသည်။
မသိပါဟုဆိုလျှင်-
1957 BLR ( HC ) 96
ဦးမြင့် နှင့် မအေးမိ
တရားလွှတ်တော်ဝန်ကြီးဦးအောင်ခိုင်ရှေ့တော်၌၊စီရင်ထုံးကိုညွှန်ပြယုံသာရှိသည်။
(စီရင်ထုံးတွင်( HC )အစား( CC )ဟုမှားယွင်းဖော်ပြထားသည်)
———————————
ဦးမြင့်အမှုတွင်တရားလွှတ်တော်ဝန်ကြီးဦးအောင်ခိုင်ကစီရင်ထုံးစာမျက်နှာ၉၉တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“ဤရုံးတွင်အယူခံတရားလိုဦးမြင့်၏လွှတ်တော်ရှေ့နေကြီးကလျှောက်လဲသည်မှာ၊၁၉၅၁ခုနှစ်၊တရားမကြီးမှုအမှတ်၈တွင်ဒီကရီချပြီးသည့်နောက်၊၎င်းဒီကရီကိုပယ်ဖျက်ရန်အယူမခံခဲ့သဖြင့်၎င်းဒီကရီသည်မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ၊မပယ်ဖျက်သမျှကာလပတ်လုံးအတည်ဖြစ်နေရမည်ဟုဆိုသည်။ပရီဗီကောင်စီမှ၊မလ်ကာဂျန်ဘင်ရှိဒရာမပါပါဆရီ နှင့် နာရ်ဟရီဘင်ရှိဗက်င်ပါနှင့်တဦ်း၊အိုင်၊အေ၊၂၇၊စာမျက်နှာ၂၁၆တို့၏ဖြတ်ထုံးနှင့်ရန်ကုန်မြို့တရားလွှတ်တော်မှ၊အက်(စ်)၊အေ၊နသန် နှင့် အက်(စ်)၊အာ(ရ်)၊ဆမ်ဆင်၊၉၊ရန်ကုန်၊စာမျက်နှာ၄၈၀တို့၏ဖြတ်ထုံးတို့ကိုတင်ပြသည်။၎င်းစီရင်ထုံးများကရုံးတရုံးမှချမှတ်ထားသောဒီကရီကိုအယူခံ၍သော်၎င်း၊ပြင်ဆင်မှုဖွင့်၍သော်၎င်း၊စောဒကတက်၍သော်၎င်းတနည်းနည်းနှင့်ဥပဒေအတိုင်းပယ်ဖျက်ခြင်းမပြုခဲ့လျင်၊၎င်းဒီကရီသည်အမှုထဲတွင်ပါသောတရားလို၊တရားခံများအပေါ်တွင်တည်ရှိလျက်ပင်ရှိသည်ဟုဆိုသည်။သို့ဖြစ်၍၁၉၅၁ခုနှစ်၊တရားမကြီးမှုအမှတ်၈တွင်ချမှတ်သောဒီကရီသည်အမှုတွင်ပါဝင်သောသူများအတွက်အတည်ရှိလျက်ပင်နေသည်ဟုယူဆရပေမည်။xxxxxxxxxxxxမှားပင်မှားငြားသော်လည်း၊ဤဆုံးဖြတ်ထားသည့်စီရင်ချက်ကိုပယ်ဖျက်ရန်အယူခံမဝင်ခဲ့ခြင်းကြောင့်၎င်းအမှုတွင်ချမှတ်ထားသောဒီကရီသည်တည်ဆဲပင်ဖြစ်သည်။”
—————————————
မီးသေခြင်းဆိုင်ရာဥပဒေ၏မူသဘောကိုစဉ်းစားဆင်ခြင်ခြင်းဖြင့်၊ဥပဒေဟူသည်အဆုံးထိလေ့လာ၍ရနိုင်သောအရာမဟုတ်ကြောင်းသိစေလိုသည့်ဆန္ဒကနှိုးဆော်ခြင်းကြောင့်သာဖြစ်သည်။
မြေစာပင်အမှုသည်များခါးစည်းခံရတတ်သည်။
မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၁၈၃တွင်၊"ride out "ကို(ခါးစည်းခံရင်းလွန်မြောက်သည်)ဟုဘာသာပြန်ထားသည်ကို၊စာဖတ်သူဥပဒေပညာရှင်များကိုသိစေချင်ပါသည်။
Comments
Post a Comment