ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅နှင့်စပ်လျဉ်း၍ထုံးပြုထားသောစီရင်ထုံးနှစ်ခု
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၈၇၂ခုနှစ်မှစ၍၂၀၁၁ခုနှစ်အထိနှစ်ပေါင်း၁၄၀နီးပါးကာလအတွင်းထုံးပြုခဲ့သောစီရင်ထုံးများတွင်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅နှင့်စပ်လျဉ်း၍ထုံးပြုထားသောစီရင်ထုံး(၂)ခုသာရှိသေးသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီအယူခံခုံရုံးကဆုံးဖြတ်သော၊ရန်ကုန်အတွဲ၇၊စာ၆၁နှင့်လွတ်လပ်သောမြန်မာနိုင်ငံတော်၏တရားလွှတ်တော်အယူခံခုံရုံးကဆုံးဖြတ်သော၊၁၉၄၈၊မတစ၊စာ၁၄၈အမှုများဖြစ်ကြသည်။
အဆိုပါအမှုများတွင်အပေါင်ခံပစ္စည်းများကိုအပေါင်ခံသူများကဝယ်ယူခြင်းမှာ၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များနှင့်ငြိစွန်းခြင်းရှိမရှိ၊တရားလွှတ်တော်၏အဆုံးအဖြတ်ကိုခံယူကြရာ၌၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါ”on his own account “ဟူသောစကားရပ်သည်”မိမိအတွက်”ဟုအဓိပ္ပာယ်ရခြင်းကို၊နှစ်ဖက်ရှေ့နေများအသီးသီးသည်လည်းကောင်း၊တရားလွှတ်တော်အသီးသီးသည်လည်းကောင်းလက်ခံကြောင်းမြင်သာသည်။
———————————-
7 Ran 61
The official Assignee, Rangoon v. R. M. P. V. M. Firm.
Before Sir Guy Rutledge, Kt., Chief Justice, and Mr. Justice Brown.
အမှုတွင်အင်္ဂလိပ်တရားသူကြီး Rutledge, C. J., and Brown, J. တို့ကစီရင်ထုံးစာမျက်နှာ၆၈တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“The principles of the English law on this subject are incorporated in section 215 and 216 of the Indian Contract Act.”
ဤအကြောင်းအရာနှင့်စပ်လျဉ်း၍အင်္ဂလိပ်ဥပဒေပါသဘောတရားများကို၊အိန္ဒိယပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅နှင့်၂၁၆တို့တွင်ထည့်သွင်းခဲ့သည်။
မှတ်ချက်။ ။၁၉၃၆ခုနှစ်တွင်မြန်မာနိုင်ငံသည်သီးခြားနိုင်ငံဖြစ်လာသောအခါ၊အိန္ဒိယပဋိညာဉ်အက်ဥပဒေကို၊ပဋိညာဉ်အက်ဥပဒေဟုပြင်ဆင်ခေါ်ဝေါ်သည်။
————————————-
1948 BLR ( H C ) 148
Tan Byan Seng v. Ellermans Arracan Rice and Trading Company, Limited and one.
Before U Tun Byu and U Aung Tha Gyaw, JJ.
အမှုတွင်၊တရားဝန်ကြီးဦးထွန်းဖြူကစီရင်ထုံးစာမျက်နှာ၁၅၄နှင့်၁၅၅တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“The contention is that where a power of sale is conferred, a mortgagee has also the power to buy the mortgaged property for himself, and that, in any case, the power to buy the property should be implied.”
စီရင်ထုံးစာမျက်နှာ၁၅၅တွင်ပင်၊တရားဝန်ကြီးဦးထွန်းဖြူကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
“It is further contented that there is nothing illegal, so far as the law in Burma is concerned, for the mortgagee to buy the property sold at an auction sale under a power of sale given to him under the instrument of mortgage in view of section 215 of the Contract Act, which section, according to the plaintiff, creates a departure from the English law under which a mortgagee who had been given a power of sale could not at all purchase the mortgaged property for himself. The following cases might be mentioned as indicating that under the English law a mortgagee, who is given the power of sale cannot purchase the mortgaged property for himself:
———————————-
အရောင်းအဝယ်စာချုပ်များကိုချုပ်ဆိုရာ၌ကိုယ်စားလှယ်သည်ပိုင်ရှင်၏ကိုယ်စားလှယ်အဖြစ်ရောင်းချရုံသက်သက်သည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါ”deals on his own account in the business of the agency “မဖြစ်နိုင်။
အကြောင်းမူစာချုပ်ပါပစ္စည်းကို”မိမိပိုင်အနေဖြင့်”ရောင်းချခြင်းမဟုတ်။
“ကိုယ်စားလှယ်လွှဲသူပိုင်ပစ္စည်း”အဖြစ်ဖြင့်သာလျှင်ရောင်းချခြင်းဖြစ်သည်။
ထိုသို့ကိုယ်စားလှယ်အနေဖြင့်ရောင်းချရုံသက်သက်သည်”deals on his own account in the business of the agency “မဖြစ်နိုင်သည်မှာယုံမှားဖွယ်မရှိ။
Comments
Post a Comment