ပဋိညာဉ်ဥပဒေပါပြဌာန်းချက်များကိုအတော်အတန်နားလည်ရန်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များသည်မြန်မာဥပဒေပညာရှင်တို့နှင့်စိမ်းသည်။


ပဋိညာဉ်အက်ဥပဒေသည်အင်္ဂလန်နိုင်ငံပဋိညာဉ်ဆိုင်ရာတရားဥပဒေတွင်မြစ်ဖျားခံသည်။


ပဋိညာဉ်ဥပဒေပါပြဌာန်းချက်များကိုအတော်အတန်နားလည်ရန် Pollock နှင့် Mulla တို့ပြုစုသော The Indian Contract Act ကျမ်းမျိုးကိုလေ့လာရန်လိုသည်။


ထိုကျမ်းကိုစံစာအုပ်အဖြစ်တရားရုံးများလက်စွဲ( ပထမနှင့်ဒုတိယအကြိမ်ထုတ်)တွင်သတ်မှတ်ခဲ့ဖူးသည်။


မြန်မာနိုင်ငံတရားစီရင်ထုံးများသည်ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်အရပ်ရပ်ကို လွှမ်းခြုံမိသေးသည်မဟုတ်သော်လည်းစီရင်ထုံးများပါကြောင်းကျိုးဆင်ခြင်သည့်ပညာကိုလေ့လာမှတ်သားနိုင်ပါလျှင်အမှုသည်များကိုထိထိရောက်ရောက်အထောက်အကူပြုနိုင်ပါလိမ့်မည်။


ယုတ်စွအဆုံးပဋိညာဉ်ဆိုင်ရာအမှုများတွင်အမှုဖြစ်ရပ်(ဇာတ်လမ်း)ကိုပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များနှင့်ချိန်ထိုးဆင်ခြင်တတ်ပါမှ အရည်အချင်းပြည့်ရှေ့နေဖြစ်နိုင်ပါမည်။


တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာမှန်များကိုရှာဖွေနိုင်ပါလိမ့်မည်။


——————————-


စာချုပ်လိမ်လည်ချုပ်ဆိုခြင်းဟူသောကိစ္စကိုစောဒကတက်နိုင်သူမှာ၊စာချုပ်ချုပ်ဆိုသူများအချင်းချင်း၊ထိုစာချုပ်ချုပ်ဆိုသူတဦးတယောက်ကွယ်လွန်သွားလျှင် ၎င်း၏အမွေခံများကသာလိမ်လည်ချုပ်ဆိုထားသောစာချုပ်ဖြစ်သည်ကိုစောဒကတက်ခွင့်ရှိပါသည်။


ယုတ်စွအဆုံးအချင်းဖြစ်စာချုပ်ချုပ်ဆိုရာတွင်ပါဝင်ခြင်းမရှိသူများသည်၊ထိုစာချုပ်ကိုဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်းတင်ပြခွင့်ပင်မရှိပါ။


မှတ်ပုံတင်စာချုပ်စာတမ်းတရပ်ကိုစာချုပ်စာတမ်းပယ်ဖျက်ပေးစေလိုသည့်စွဲဆိုသည့်အမှုမဟုတ်ပဲ၊အမွေပုံစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုသည့်အမှုတွင်မှအပ၊အခြားစွဲဆိုမှုတွင်ပယ်ဖျက်နိုင်ကြောင်းထုံးသာဓကမရှိပါ။


လုပ်ထုံးလုပ်နည်းအမှန်မှာ၊ဥပဒေနှင့်အညီမှတ်ပုံတင်ထားသောစာချုပ်တရပ်ဖြစ်သောကြောင့်၊ဥပဒေတွင်ခွင့်ပြုသည့်အတိုင်းအကျိုးသက်ရောက်မှုမရှိကြောင်းဖြစ်စေ၊ပယ်ဖျက်ပေးရန်ဖြစ်စေ၊စီရင်ပိုင်ခွင့်အာဏာရတရားရုံးတရုံးတွင်တရားစွဲဆိုအောင်မြင်ပြီးမှ၊ထိုစာချုပ်အာနိသင်မရှိကြောင်းတင်ပြနိုင်သည့်အခွင့်အရေးရှိလာမည်ဖြစ်ပါသည်။


မလျော်ဩဇာသုံးပြီးချုပ်ဆိုသောစာချုပ်သည်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၉-က အရ”ပျက်ပြယ်ခွင့်ရသောစာချုပ်"သာဖြစ်သည်။


စက္ကူစုတ်စာချုပ်မဟုတ်ဘဲ၊မလျော်ဩဇာသုံးသည်ဟုစွပ်စွဲရုံမျှနှင့်ပျက်ပြယ်သောစာချုပ်မဟုတ်ပါ။ 


မှတ်သားလောက်သော AIR  1939 ( 138 ) P.C စီရင်ထုံးတွင်"အလေးအနက်ထားချုပ်ဆိုပြီးနည်းလမ်းတကျမှတ်ပုံတင်ထားသောစာချုပ်ကိုစီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးကမဖျက်သိမ်းသမျှကာလပတ်လုံးအတည်ဖြစ်သည်"ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားသည်။


"  It is no doubt also true that a solemnly executed and duly registered instrument must stand until set aside by a competent court . "


———————————


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၃ တွင်


 " All words occuring in this Act , which are defined in the Contract Act , shall be deemed to have the meanings respectively assinged to them by that Act."


( ထို့ပြင်ပဋိညာဉ်အက်ဥပဒေတွင်အဓိပ္ပါယ်ဖွင့်ဆိုထားသောဤအက်ဥပဒေပါစကားအရပ်ရပ်သည်ထိုအက်ဥပဒေအရဖော်ပြထားသည့်အတိုင်းအဓိပ္ပါယ်အသီးသီးဆောင်သည်ဟုမှတ်ယူရမည်။)ဟုပြဌာန်းထားသည်။

—————————


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉မှာစာချုပ်စာတမ်းပယ်ဖျက်ခြင်းနှင့်သက်ဆိုင်သည်။


ထိုပုဒ်မရှိ ဒုတိယအပိုဒ်ပါ 


" If the instrument has been registered under the Registration Act , the Court shall also send a copy of its decree to the officer in whose office the instrument has been so registered ; and such officer shall note on the copy of the instrument contained in his book the fact of its cancellation . "  


( ထိုစာချုပ်ကိုစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေအရမှတ်ပုံတင်ထားပြီးဖြစ်လျှင်၊တရားရုံးသည်မိမိဒီကရီမိတ္တူကိုလည်းထိုသို့မှတ်ပုံတင်ထားသောရုံး၏အရာရှိထံပေးပို့ရမည်၊ထို့ပြင်ထိုအရာရှိသည်မိမိစာအုပ်များရှိစာချုပ်မိတ္တူပေါ်တွင်ပယ်ဖျက်ပြီးကြောင်းရေးမှတ်ရမည်။)ဟုပြဌာန်းထားသည်။


————————


ပဋိညာဉ်အက်ဥပဒေတွင်void နှင့် voidable ကိုအဓိပ္ပါယ်ဖွင့်ဆိုထားသည်။


တဦးတယောက်၏လိမ်လည်လှည့်ဖြားခြင်းကြောင့်ချုပ်ဆိုရခြင်းဖြစ်ပါမူပဋိညာဉ်အက်ဥပဒေပုဒ်မ၁၇ပါပြဌာန်းချက်နှင့်ငြိစွန်းမည်ဖြစ်၍ ပုဒ်မ၁၉အရပဋိညာဉ်ကိုဖျက်သိမ်းခွင့်ရှိပါလျှင်၊အရောင်းအဝယ်စာချုပ်ကိုဖျက်သိမ်းပေးရန်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရတရားစွဲဆိုရန်ဖြစ်ရာပုဒ်မ၄၂ အရမြွက်ဟကြေညာပေးရန်တရားစွဲဆိုခွင့်မရှိနိုင်။


အဆိုလွှာတွင်လိမ်လည်ချုပ်ဆိုသောစာချုပ်များဟုအဆိုပြုသည်။


လိမ်လည်၍ချုပ်ဆိုသောစာချုပ်သည်ဟန်ဆောင်စာချုပ်မဟုတ်။


အမှုပုံစံအမှန်မှာထိုစာချုပ်သည်ဥပဒေအရပျက်ပြယ်ကြောင်းဖြစ်စေ၊ဖျက်သိမ်းလိုကဖျက်သိမ်းနိုင်ကြောင်းဖြစ်စေအရေးဆိုပါမှအမှုပုံစံမှန်ကောင်းမှန်ပါလိမ့်မည်။


————————


စာချုပ်ကိုပယ်ဖျက်ခြင်း(cancellation)နှင့်


ဖျက်သိမ်းခြင်း(rescission)ဟူ၍နှစ်မျိုးရှိရာ-


”cancellation”သည်”void””voidable”များကိုပြုလုပ်နိုင်ပြီး၊


”rescission “မှာရပ်စဲသွားသည့်စာချုပ်ကိုဖျက်သိမ်းခြင်းဖြစ်သည်။


“rescission “သည်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅နှင့်သက်ဆိုင်ပြီး၊


”cancellation “သည်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉နှင့်သက်ဆိုင်သည်။


“rescission “သည်၊မှတ်ပုံမတင်သေးသောစာချုပ်များကိုလည်းဖျက်နိုင်သည်။


“cancellation”မှာမူ၊မှတ်ပုံတင်စာချုပ်သာဖြစ်ရမည်။


———————————-


ကိုယ်စားလှယ်ချုပ်ဆိုသောစာချုပ်ကို၊ကိုယ်စားလှယ်စာပေးသူကမကျေနပ်၍ဖျက်သိမ်းလိုလျင်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅အရတရားစွဲဆိုရန်ဖြစ်ကြောင်း၊2014 BLR 123 (ဦးမျိုးဆွေသိမ်းပါ၂ နှင့် ဒေါ်မြနှင်းဝေပါ၃)အမှုတွင်ဆုံးဖြတ်စီရင်ထုံးပြုထားသော်လည်း၊ဥပဒေပညာရှင် Pollock & Mulla တ်ို့ပြုစုသော၊ The Indian Contract Act (၁၅ကြိမ်မြောက်ထုတ်၊၂၀၁၈ခုနှစ်)ဥပဒေကျမ်းစာမျက်နှာ၁၆၇၉တွင်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ကိုဋီကာချဲ့ရာ၌-


U.Vijaya Kumar  Versus Malini V. Rao


Decided on May 30, 2016 


AIR 2016 S C 337, ( 2016 ) 3 AKR 337.


အမှုတွင်”such transaction should be voidable at the principal’s option “ဟုသုံးသပ်ထုံးဖွဲ့ချက်အရ၊”voidable”ဆိုလျင်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရဖျက်သိမ်းပေးရန်အတွက်တရားစွဲဆိုရန်ဖြစ်ပေလိမ့်မည်။


—————————————


U.Vijaya Kumar  Versus Malini V. Rao


Decided on May 30, 2016 


AIR 2016 S C 337, ( 2016 ) 3 AKR 337.


အမှုစီရင်ချက်စာမျက်နှာ၁၃၊အပိုဒ်၄၀တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“If the principal proves that his consent had not been obtained for such an act and that the agent had not acquainted him with all material circumstances, it is not further necessary for him to establish any dishonest concealment by the agent or that the transaction was to his disadvantage. Any transaction creating conflict between the agent’s duty and the interest of the principal, must be presumed to be disadvantageous to the principal who is not informed of the fact. When there is no disclosure, the fairness of the transaction is immaterial and such transaction should be voidable at the principal’s option.”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ