တရားရုံးကအမှုသည်အားမည်သို့မည်ပုံဆောင်ရွက်ရန်လမ်းညွှန်သောအမိန့်ချမှတ်နိုင်ပါသလား ?
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားရုံးကအမှုသည်အားမည်သို့မည်ပုံဆောင်ရွက်ရန်လမ်းညွှန်သောအမိန့်ချမှတ်နိုင်ပါသလား ?
သာဓကအားဖြင့်၊၂၀၁၁ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၅(ဒေါ်ညွန့်ညွန့်မေ နှင့် ဒေါ်သန်းသန်းဌေးပါ၂)အမှုတွင်ခုံရုံးကအောက်ပါအတိုင်းသုံးသပ်သည်-
“အထူးအယူခံတွင်ဒေါ်ညွန့်ညွန့်မေ၏ရှေ့နေက”တရားရုံးချုပ်ကကိုယ်စားလှယ်၏ဆောင်ရွက်ချက်များသည်အတည်မဖြစ်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုရန်ညွှန်ပြ၍(တရားရုံးချုပ်ပြင်ဆင်မှုအမှတ်၁၈၈/၂၀၀၆တွင်)ဒေါ်ညွန့်ညွန့်မေစွဲဆိုသောယခင်အမှုကိုပယ်ခဲ့ကြောင်း၊အဆိုပါလမ်းညွှန်မှုနှင့်အညီတရားလိုကအဆိုလွှာအပိုဒ်(၁)(၂)(၃)(၄)(၅)(၆)(၇)တို့တွင်အဆိုပြုစွဲဆိုသည်”ဟုလျှောက်လဲတင်ပြသည်။”
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(၁)တွင်ပြဌာန်းထားသောအယူခံတရားရုံး၏အာဏာများမှာအောက်ပါအတိုင်းဖြစ်သည်-
(က)အမှုကိုအပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်
(to determine a case finally)
(ခ)အမှုကိုပြန်လည်စစ်ဆေးပိုင်ခွင့်
(to remand a case)
(ဂ)ငြင်းချက်များထုတ်၍စစ်ဆေးပိုင်ခွင့်
(to frame issues and refer them for trial)
(ဃ)နောက်ထပ်သက်သေခံချက်ရယူပိုင်ခွင့်သို့မဟုတ်ထိုသို့ရယူရန်ဆင့်ဆိုပိုင်ခွင့်
(to take additional evidence or to require such evidence to be taken)
ပုဒ်မခွဲ(က)ပါ"a case"သည်အယူခံတရားရုံးသို့ဝင်ရောက်သောအမှု(case)ဖြစ်သည်။
အယူခံ(appeal)မဟုတ်။
အယူခံဝင်သည့်အမှုကိုအပြီးသတ်စီရင်သောအဆုံးအဖြတ်ဖြစ်သည်။
အယူခံမှုကိုအပြီးသတ်စီရင်သောအဆုံးအဖြတ်မဟုတ်။
ပုဒ်မခွဲ(ခ)အရချမှတ်သော"remand"အမိန့်သည်ပုဒ်မခွဲ(က)တွင်အကျုံးမဝင်။
ထိုအမိန့်သည်အပြီးသတ်အမိန့်မဟုတ်ကြောင်းပုဒ်မခွဲ(က)နှင့်(ခ)ပါကွဲပြားသောအာဏာများအရပေါ်လွင်သည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(၁)တွင်၊အယူခံတရားရုံး၏အခွင့်အာဏာများကိုပြဌာန်းထားရာ၊ထိုသို့လမ်းညွှန်ခွင့်ရှိကြောင်းပြဌာန်းထားခြင်းမပြု။
တရားမပြင်ဆင်မှုနှင့်သက်ဆိုင်သောပုဒ်မ၁၁၅တွင်ပုဒ်မခွဲ(က)မှ(ဂ)ပါပြဌာန်းချက်နှင့်ငြိစွန်းသည်ဟုယူဆလျှင်ပြင်ဆင်မှုတရားရုံးသည်၊မိမိသင့်သည်ထင်မြင်သည့်အတိုင်းအမိန့်ကိုချမှတ်နိုင်သည်ဟုပြဌာန်းထားရာ၌”such order”သည်ပုဒ်မခွဲ(က)မှ(ဂ)ပါပြဌာန်းချက်တရပ်ရပ်သို့မဟုတ်အများနှင့်ငြိစွန်းလျှင်အောက်ရုံးအမိန့်ကိုပယ်ဖျက်သောအမိန့်မျိုးသာဖြစ်သည်။
ကျယ်ပြန့်သောအာဏာများပေးအပ်ထားသောအယူခံတရားရုံးထက်၊ပြင်ဆင်မှုတရားရုံးကပို၍အခွင့်အာဏာရရှိရန်အကြောင်းမရှိသဖြင့်အမှုသည်အားမည်သို့မည်ပုံဆောင်ရွက်ရန်လမ်းညွှန်ခြင်းမပြုနိုင်သည်မှာပြဌာန်းချက်များအရထင်ရှားသည်။
ပြင်ဆင်မှုတွင်ထိုသို့လမ်းညွှန်သောအမိန့်ချမှတ်နိုင်ကြောင်းပြဆိုသောထုံးသာဓကမရှိ။
————————————
ပြင်ဆင်မှု၏သဘောသဘာဝအကြောင်းကို-
7 Ran 339
Fut Chong v. Maung Po Cho .
Before Mr. Justice Otter .
အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့ထားသည်-
"If a lower Court has failed to take into account some proposition of law or some material fact in evidence , it has acted illegally and its decision may be revised by the High Court ; but where the lower Court has applied its mind to the case and duly considered the facts and the law applicable , then , although its decision may be erroneous , the error cannot be corrected on revision."
ပြင်ဆင်မှုအောင်မြင်စေရန်၊မူလရုံးသည်မည်သည့်(some proposition of law )အချက်အလက်တရပ်ရပ်ကိုဆင်ခြင်ရန်ပျက်ကွက်ကြောင်းပြဆိုနိုင်ရမည်။
ပြင်ဆင်မှုတွင်မည်သည့်ဥပဒေအချက်အလက်ကိုဆင်ခြင်ရန်ပျက်ကွက်ကြောင်းမပြဆိုနိုင်သဖြင့်၊အောက်ရုံး၏အမိန့်ကိုပြင်ဆင်ရန်အကြောင်းမရှိ။
——————————————-
ဒေါ်ညွန့်ညွန့်မေတင်သွင်းသောအထူးအယူခံမှုတွင်အဆိုရှိသောညွှန်ကြားချက်များမှာ၊ဒေါ်ရင်ရင်မေအမှု၊၁၉၉၈၊မတစ၊၂၃၉(စုံညီ)တွင်ပြဆိုထားသောခရီးသွားဟန်လွှဲဆုံးဖြတ်ချက်မျှသာဖြစ်ပေလိမ့်မည်။
———————————
ခရီးသွားဟန်လွဲဆုံးဖြတ်ချက်(Obiter Dictum)
1998 BLR ( F B ) 239
ဒေါ်ရင်ရင်မေ နှင့် ဒေါ်ခင်လှမော်
တရားရုံးချုပ်တရားသူကြီးဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
အမှုတွင်စုံညီခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
ဆုံးဖြတ်ချက်။ ။ခရီးသွားဟန်လွဲဆုံးဖြတ်ချက်”Obiter Dictum”ဆိုသည်မှာ၊အမှုတွင်အဆုံးအဖြတ်ပေးရန်ရှိသောပြဿနာနှင့်မသက်ဆိုင်ဘဲအပိုသုံးသပ်မှုကိုခေါ်ဆိုခြင်းဖြစ်သည်။ယင်းအပိုသုံးသပ်မှုကိုလိုက်နာရန်မလိုပေ။ဆုံးဖြတ်ချက်တရပ်သည်အပိုသုံးသပ်မှုဟုတ်မဟုတ်၊အမှုတခုချင်းအလိုက်စိစစ်ရသည်။
——————————
1938 RLR ( F B ) 316
K. L. C. T. Chidambaram Chettyar v. Aziz Meah and others.
Before Sir Ernest H. Goodman Roberts, Kt., Chief Justice, Mr. Justice Mya Bu, and Mr. Justice Dunkley.
အမှုတွင်တရားသူကြီး Dunkley ကစီရင်ထုံးစာမျက်နှာ၃၁၉၊တတိယအပိုဒ်တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“These observations were obiter, as being unnecessary for the decision of the point before the learned Chief Justice, and from these dicta we are compelled with the greatest respect to express our dissent.”
———————————-
အပိုသုံးသပ်ချက်ကိုလိုက်နာရန်မလို။
တရားလိုအမှုအနိုင်ရရန်၊ဥပဒေနှင့်ညီသောအဆိုလွှာရေးသားတရားစွဲဆိုရန်သာဖြစ်သည်။
တရားရုံး၏ညွှန်ကြားချက်အရအဆိုလွှာကိုရေးသည်ဟု၊ထိုညွှန်ကြားချက်များကိုကိုးကားမှီငြမ်းပြုခွင့်ရှိကြောင်းပြဆိုသောထုံးသာဓကမရှိ။
Comments
Post a Comment