ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များသည်မြန်မာဥပဒေပညာရှင်တို့နှင့်စိမ်းသည်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များသည်မြန်မာဥပဒေပညာရှင်တို့နှင့်စိမ်းသည်။


ပဋိညာဉ်အက်ဥပဒေသည်အင်္ဂလန်နိုင်ငံပဋိညာဉ်ဆိုင်ရာတရားဥပဒေတွင်မြစ်ဖျားခံသည်။


ပဋိညာဉ်ဥပဒေပါပြဌာန်းချက်များကိုအတော်အတန်နားလည်ရန် Pollock နှင့် Mulla တို့ပြုစုသော The Indian Contract Act ကျမ်းမျိုးကိုလေ့လာရန်လိုသည်။


ထိုကျမ်းကိုစံစာအုပ်အဖြစ်တရားရုံးများလက်စွဲ( ပထမနှင့်ဒုတိယအကြိမ်ထုတ်)တွင်သတ်မှတ်ခဲ့ဖူးသည်။


သို့ဖြစ်၍ယခင်ခရိုင်တရားရုံးတွင်ထိုကျမ်းများရှိခဲ့သည်။


ပြည်သူ့တရားစီရင်ရေးစနစ်ပေါ်ပေါက်သောအခါခရိုင်တရားရုံးပိဋကတ်တိုက်များဖရိုဖရဲဖြစ်သွားခဲ့ရာထိုကျမ်းရှိဆဲဖြစ်မဖြစ်မသိရပါ။


စာရေးသူလက်လှမ်းမီသောအဆိုပါကျမ်းမှာ၊၁၉၂၄ခုနှစ်တွင်ပဉ္စမအကြိမ်မြောက်ထုတ်ဝေသောကျမ်းဖြစ်သဖြင့်၊လွန်ခဲ့သောအနှစ်ကိုးဆယ်အတွင်းထုတ်ဝေသောအိန္ဒိယနှင့်အင်္ဂလန်နိုင်ငံစီရင်ထုံးများအကြောင်းသိခွင့်မရ။


—————————


ကိုယ်စားလှယ်တဦးသည်မိမိအားကိုယ်စားလှယ်လွှဲသူတဦးအပေါ်တင်ရှိသောတာဝန်ဝတ္တရားများကိုဆောင်ရွက်ရသူဖြစ်ရာ၊ကိုယ်စားလှယ်လွှဲသူ၏အကျိုးစီးပွါးနှင့်ဝိရောဓိဖြစ်တန်ရာသောမိမိအားပုဂ္ဂလိကအကျိုးစီးပွါးရရှိစေသည့်သဘောတူညီချက်မျိုးကိုချုပ်ဆိုခြင်းမပြုနိုင်။


ကိုယ်စားလှယ်သည်မိမိအားကိုယ်စားလှယ်လွှဲသူအပေါ်ယုံကြည်ခြင်းခံရသူ၏တာဝန်ဝတ္တရားများရှိသည်။


ဆိုလိုသည်မှာကိုယ်စားလှယ်လွှဲသူအပေါ်အပြည့်အဝသစ္စာရှိရမည်ဖြစ်သည်။


သို့ဖြစ်၍ကိုယ်စားလှယ်အလုပ်တာဝန်ကိုဆောင်ရွက်ရာ၌မိမိအကျိုးအတွက်ဆောင်ရွက်ခွင့်မရခြင်းဖြစ်သည်။


[ 1967  ] 2 AC 46


Boardman v. Phipps


Before Lords Cohen, Guest and Hudson


အင်္ဂလန်နိုင်ငံစီရင်ထုံးဖြစ်သည်။


A. C သည် Appeal Court ၏အတိုကောက်ဖြစ်သည်။


2 သည်အတွဲ၂ကိုဆိုလိုသည်။


အမှုတွင်-


“Nevertheless, even if the possibility of conflict is present between personnel interests and the fiduciary position the rule of equity must be applied.”


ဟုပြဆိုသည်။


ကိုယ်စားလှယ်သည်ကိုယ်စားလှယ်လွှဲထားသောပစ္စည်းကိုမိမိအတွက်ဝယ်ယူလျှင်မိမိ၏ပုဂ္ဂလိကအကျိုးစီးပွါးနှင့်ယုံကြည်အပ်နှံခြင်းခံရသူ၏အနေအထား(fiduciary position)တို့သည်ဝိရောဓိဖြစ်ပေလိမ့်မည်။


ထိုအခါတရားရုံးကတရားမျှတမှုကိုရှေ့ရှု၍စွက်ဖက်အရေးယူရသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ