တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၉၇
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၉၇အရလျှောက်ထားရာတွင်၊တရားရုံးကစုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းချမှတ်သည့်အမိန့်ကိုအယူခံဝင်ခွင့်ရှိပါသလော ?
———————————-
ပုဒ်မ၂(၂)တွင်ပါဝင်သော"any question within S. 47"(ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်)ဆိုသည်မှာ၊တရားနိုင်နှင့်တရားရှုံး(၎င်းတို့၏အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)တို့အကြားပေါ်ပေါက်သောပြဿနာသုံးရပ်အနက်တရပ်ရပ်ဖြစ်သည်။
ပြဌာန်းချက်တွင် question ပြဿနာကိုသာရည်ညွှန်းပြီး၊အမှုသည်များကိုမရည်ညွှန်းသော်လည်း၊ပြဌာန်းချက်တရပ်ရပ်ကိုစကားစပ်အရဖတ်ရှုမှသာပြည့်စုံသောအဓိပ္ပာယ်ကိုရရှိမည်ဖြစ်သည်။
ပုဒ်မ၂(၂)တွင်ပုဒ်မ၄၇ကိုရည်ညွှန်းထားသည်။
ပုဒ်မ၄၇တွင်မည်သူမည်ဝါတို့သည်အမှုသည်များဖြစ်ကြောင်းပါရှိပြီးဖြစ်သည်။
ထို့ကြောင့်ပုဒ်မ၂(၂)တွင်ပါဝင်သောပြဿနာသည်ပုဒ်မ၄၇တွင်ရည်ညွှန်းသောအမှုသည်အချင်းချင်းကြားပေါ်ပေါက်သောပြဿနာဖြစ်ကြောင်းရှင်းသည်။
သို့သော်ခြွင်းချက်တရပ်ရှိသည်။
ကြားလူ(တတိယပုဂ္ဂိုလ်)ကအပ်ဝရမ်းအားခုခံတားဆီးနှောင့်ယှက်သဖြင့်တရားနိုင်ကအမိန့်၂၁၊နည်း၉၇အရအရေးယူပေးရန်လျှောက်ထားသည့်ကိစ္စတွင်၊တရားမအထွေထွေမှုသီးခြားဖွင့်လှစ်ခြင်းမရှိဘဲ၊ဇာရီမှုတွင်ပင်စုံစမ်းဆုံးဖြတ်သည်။
တရားနိုင်၏လျှောက်ထားချက်အရစုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းချမှတ်သောအမိန့်သည်ကြားလူအပေါ်ချမှတ်သောအမိန့်ဖြစ်သည့်အပြင်၊မည်သူ၏အခွင့်အရေးကိုမျှအပြီးအပြတ်အဆုံးအဖြတ်မပေးသေးခြင်းကြောင့်၊ပုဒ်မ၂(၂)တွင်အကျုံးမဝင်သည်မှာမြင်သာထင်ရှားသည်။
အဆိုပါအမိန့်ကိုပင်မဆိုထားဘိ၊စုံစမ်းစစ်ဆေးမှုပြီးဆုံးသောအခါ၊ကြားလူအပေါ်အမိန့်၂၁၊နည်း၉၈အရချမှတ်သောအမိန့်ဖြစ်စေ၊အမိန့်၂၁၊နည်း၉၉အရလျှောက်လွှာကိုပလပ်သောအမိန့်ကိုဖြစ်စေအယူခံဝင်ခွင့်မရှိ။
———————————————
1958 BLR ( H C ) 252
Daw Sint v. Maung Mya Shein and one
Before U San Maung, J.
အမှုတွင်တရားရှုံးလည်းမဟုတ်၊တရားရှုံး၏အခွင့်အရေးကိုဆက်ခံသူလည်းမဟုတ်သူက၊ပစ္စည်းပေးအပ်ခြင်းကိုခုခံတားဆီးနှောင့်ယှက်သည့်အတွက်၊မြို့နယ်တရားရုံး(ဇာရီရုံး)ကတရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၉၇အရတရားနိုင်၏လျှောက်ထားချက်အရခုခံတားဆီးနှောင့်ယှက်သူများအပေါ်စုံစမ်းစစ်ဆေးမည်ဟုအမိန့်ချမှတ်သည်။
အဆိုပါအမိန့်ကိုခရိုင်တရားမရုံးတွင်အယူခံဝင်ရောက်သောအခါ၊ခရိုင်တရားမရုံးကအောက်ရုံး၏အမိန့်ကိုပယ်ဖျက်လိုက်သောကြောင့်၊တရားလွှတ်တော်ကမြို့နယ်တရားရုံး၏အမိန့်ကိုခရိုင်တရားမရုံးတွင်အယူခံဝင်ခွင့်မရှိကြောင်းဆုံးဖြတ်သည်။
တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃အရစွဲဆိုသောအမှုတွင်ချမှတ်သောအပြီးသတ်ဆုံးဖြတ်ချက်ကိုအယူခံဝင်ခွင့်မရှိကြောင်းလုံးဝမဆုံးဖြတ်ပါ။
တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၉၇အရချမှတ်သောအမိန့်ကိုသာအယူခံဝင်ခွင့်မရှိကြောင်းဆုံးဖြတ်ခြင်းသာဖြစ်သည်။
စီရင်ထုံးစာမျက်နှာ၂၅၂တွင်၊တရားဝန်ကြီးဦးစံမောင်ကဆုံးဖြတ်ချက်(၅)ရပ်ကိုအောက်ပါအတိုင်းချမှတ်သည်-
“Held that-
(1) as no appeal lay from an order of the Township Court made under Order 21, Rule 97 of the Civil Procedure Code, the order of the District Court in the appeal from that order was made without jurisdiction;
(2) the order of the Township Court made under Order 21, Rule 97 being merely an interlocutory order, it is not the practice of the High Court to interfere in revision with the order of a lower Court at an interlocutory stage;
(3) s. 47 of the Civil Procedure Code is inapplicable to the determination of questions arising between persons who are neither . judgment-debtors nor representatives of the judgment-debtor and the decree-holder;
(4) such a determination cannot be a decree as defined in s. 2 (2) of the Civil Procedure Code :
(5) there is so appeal from an order made under Order 21, Rule 98 as Rule 103 provides that any party not being a judgment-debtor against whom an order is made under Rule 98 may institute a suit to establish the right which he claims to the present possession of the property; but, that subject to the result of the suit, the order shall be conclusive.”
ပထမဆုံးဖြတ်ချက်(၄)ရပ်တွင်၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃ကိုလုံးဝရည်ညွှန်းထားခြင်းမရှိ။
ဆုံးဖြတ်ချက်(၅)မှာအောက်ပါအတိုင်းဖြစ်သည်-
“(5) there is so appeal from an order made under Order 21, Rule 98 as Rule 103 provides that any party not being a judgment-debtor against whom an order is made under Rule 98 may institute a suit to establish the right which he claims to the present possession of the property; but, that subject to the result of the suit, the order shall be conclusive.”
“(၅)အမိန့်၂၁၊နည်း၁၀၃တွင်နည်း၉၈အရအမိန့်ချမှတ်ခြင်းခံရသောတရားရှုံးမဟုတ်သူအမှုသည်တဦးဦးသည်အခင်းဖြစ်ပစ္စည်းကိုမိမိလောလောဆယ်ဆယ်လက်ရောက်ရယူခွင့်ရှိကြောင်းအခိုင်အမာပြဆိုရန်တရားစွဲဆိုနိုင်သည်ဟုပြဌာန်းထားသဖြင့်အမိန့်၂၁၊နည်း၉၈အရချမှတ်သောအမိိန့်ကိုအယူခံဝင်ခွင့်မရှိ။သို့ရာတွင်ထိုအမှု၏ရလဒ်ကိုအထောက်အထားပြု၍အဆိုပါအမိိန့်သည်အပြီးသတ်အတည်ဖြစ်သည်။”
အဆိုပါထုံးဖွဲ့ချက်အရဆိုလျင်နည်း၉၈အရချမှတ်သောအမိန့်ကိုအယူခံဝင်ခွင့်မရှိဟု၊နည်း၁၀၃ကိုရည်ညွှန်းဆုံးဖြတ်ခြင်းသာဖြစ်ကြောင်းမြင်သာသည်။
စီရင်ထုံးစာမျက်နှာ၂၅၂အောက်ခြေမှတ်စုတွင်၊တရားလွှတ်တော်သို့ဒေါ်ဆင့်တင်သွင်းသောတရားမဒုတိယအယူခံမှုကိုတရားမပြင်ဆင်မှုအဖြစ်ပြောင်းလဲကြားနာကြောင်း၊အောက်ပါအတိုင်းဖော်ပြသည်-
“* Civil Revision No. 39 of 1958 (Converted from Civil 2nd Appeal No. 13 of 1957) against the decree of the District Court of Magwe in Civil Appeal No. 18 of 1956.”
စီရင်ထုံးစာမျက်နှာ၂၅၅တွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းသုံးသပ်သည်-
“However, by a subsequent application Daw Sint had asked this Court to convert her memorandum of appeal into an application for revision on the ground That there was in fact no appeal to the District Judge from the order of the Township Judge dated the 21st August 1956 and that therefore the District Judge's judgment dated the 9th of January 1957 in his Civil Appeal No. 18 of 1956 should be set aside by this Court in revision as having been made without jurisdiction. In my opinion, this contention must be allowed to prevail.”
စီရင်ထုံးစာမျက်နှာ၂၅၆တွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“For these reasons I would allow the memorandum of appeal to be converted into an application for revision and I would set aside the order of the learned District Judge, Magwe, dated the 9th January 1957 and direct the learned Township Judge to proceed with the enquiry against the respondents Maung Mya Shein and Ma Mya Than in accordance with law.There will be no order as to costs regarding the application for revision.”
———————————-
1997 BLR 97
ဒေါ်မြသိန်းပါ၃ နှင့် ဒေါ်တင်တင်မာပါ၅
တရားရုံးချုပ်တရားသူကြီးဦးတင်ထွတ်နိုင်ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၉၉တွင်၊တရားရုံးချုပ်က၁၉၅၈ခုနှစ်စီရင်ထုံးကိုရည်ညွှန်းပြီးအောက်ပါအတိုင်းထုံးဖွဲ့သည်-
“တရားနိုင်ကအချင်းဖြစ်ပစ္စည်းကိုလက်ရောက်ရယူရာ၌တရားရှုံး(သို့မဟုတ်)ပစ္စည်းလက်ရှိဖြစ်သူတစုံတဦးကခုခံတားဆီးနှောင့်ယှက်ကြောင်းတရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၉၇အရလျှောက်ထားရာတွင်တရားရုံးကစုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းချမှတ်သည့်အမိန့်ကိုအယူခံဝင်ခွင့်မရှိပေ။ဒေါ်ဆင့် နှင့် မောင်မြရှိန်းပါ၂(၁၉၅၈ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး(တရားလွှတ်တော်)စာ-၂၅၂)အမှုကိုရည်ညွှန်းသည်။ပြင်ဆင်မှုဝင်ရောက်မည့်အစားအယူခံဝင်ရောက်ခြင်းမှာမှားယွင်းသည်။”
——————————
အယူခံဝင်ခွင့်မရှိကြောင်း၊တရားလွှတ်တော်ကခရိုင်တရားမရုံး၏အမှားကို၊ 1958 BLR ( H C ) 252 အမှုတွင်ပြတ်ပြတ်သားသားထောက်ပြခဲ့သည်။
ထို့ကြောင့် 1997 BLR 97 စီရင်ထုံးတွင်ထုံးဖွဲ့ထားသောအမှုကဲ့သို့၊အောက်ရုံး၏အမိန့်ကိုအယူခံဝင်သောအမှားမျိုးထပ်မံမပေါ်ပေါက်သင့်တော့ပေ။
Comments
Post a Comment