ဗုဒ္ဓဘာသာဖခင်က၎င်းပိုင်ဆိုင်သောပစ္စည်းများကို၊သမီးဖြစ်သူအားစွန့်လွှတ်ခြင်းသည်အထမြောက်ပါသလော ?
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဗုဒ္ဓဘာသာဖခင်က၎င်းပိုင်ဆိုင်သောပစ္စည်းများကိုသမီးဖြစ်သူအားစွန့်လွှတ်ခြင်းသည်အထမြောက်ပါသလော ?
————————————
1999 BLR 103
ဒေါ်ကြည်ကြည်ဇင်(ခ)ဝိုင်အိုလက်လင်း နှင့် ဒေါ်ဝိကြိန်(၎င်း၏အထူးကိုယ်စားလှယ်စာရသူဦးမျိုးခင်)
တရားရုံးချုပ်တရားသူကြီးဒေါက်တာတင်အောင်အေးရှေ့တွင်
စီရင်ထုံးတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ထပ်မံဆုံးဖြတ်ချက်။ ။တရားလို၏အဆိုလွှာပါဖော်ပြချက်နှင့်တရားပြိုင်၏ချေလွှာတို့အရပေါ်ပေါက်သည်မှာဦးကြီးဗြန်က၎င်းပိုင်ဆိုင်သောပစ္စည်းများကိုသမီးဖြစ်သူဒေါ်ကြည်ကြည်ဇင်အားစွန့်လွှတ်သည့်အချိန်က၊ဦးကြီးဗြန်သည်ဇနီးနှစ်ဦးစလုံးနှင့်ပေါင်းသင်းနေသည့်အချိန်ဖြစ်သဖြင့်၊ဦးကြီးဗြန်က၎င်း၏အကျိုးခံစားခွင့်ကိုစွန့်လွှတ်လိုက်ခြင်းအားဖြင့်၊အချင်းဖြစ်ပစ္စည်းများမှာသမီးဖြစ်သူဒေါ်ကြည်ကြည်ဇင်ထံရောက်ရှိမည်မဟုတ်ဘဲ၊ဇနီးနှစ်ဦးထံသို့သာရောက်ရှိသွားမည်ဖြစ်သည်။”
———————————
ဥပဒေသဘောအရလင်သည်မယားအကျိုးငှါ၎င်း၏အကျိုးခံစားခွင့်ကိုစွန့်လွှတ်လိုက်သောအခါမယားသည်ပစ္စည်း၏အပြည့်အဝပိုင်ရှင်ဖြစ်သွားသည်ဟုစာတွေ့သဘောအရဆိုနိုင်သော်လည်း၊လင်ခန်းမယားခန်းဆိုင်ရာမြန်မာဓလေ့ထုံးတမ်းဥပဒေအရမယားပိုင်ဆိုင်သောပစ္စည်းထက်ဝက်သည်လင်ပိုင်ဆိုင်သောပစ္စည်းပြန်ဖြစ်သွားမည်ဖြစ်သောကြောင့်၊စွန့်လွှတ်ခြင်းသည်လက်တွေ့တွင်အကျိုးသက်ရောက်မှုမရှိနိုင်ဟုဆိုလိုခြင်းဖြစ်သည်။
———————————-
အထက်ပါဥပဒေသဘောအရ၊ 1993 BLR 103(111) စီရင်ထုံးတွင်၊ဦးကြီးဗြန်သည်၎င်း၏အကျိုးခံစားခွင့်များကိုသမီးဖြစ်သူဒေါ်ကြည်ကြည်ဇင်အားစွန့်လွှတ်သည့်အချိန်က၊ဦးကြီးဗြန်သည်ဇနီးနှစ်ဦးစလုံးနှင့်ပေါင်းသင်းနေသည့်အချိန်ဖြစ်သဖြင့်၊ဦးကြီးဗြန်၏စွန့်လွှတ်ခြင်းသည်လက်တွေ့တွင်အကျိုးသက်ရောက်မှုမရှိ၊အထမမြောက်ခြင်းဖြစ်သည်။
———————
ဒေါက်တာဧမောင်၏ဗုဒ္ဓဘာသာတရားဥပဒေ(၁၉၇၀ပြည့်နှစ်၊ဇွန်လထုတ်)စာမျက်နှာ၆၂နှင့်၆၃တို့တွင်အောက်ပါအတိုင်းပြဆိုထားသည်-
“a decree for partition cannot be effective, as the share partitioned under the decree and come to the possession of the wife or husband automatically reverts into common enjoyment of husband and wife.”
အထက်ပါပြဆိုချက်သည်၊ဗုဒ္ဓဘာသာအိမ်ထောင်ရှိပစ္စည်းများအနက်အထက်ပါပစ္စည်းမှအပ(သင်းသီးပစ္စည်းစသည်တို့သည်ယခုမရှိတော့)မယားသို့မဟုတ်ခင်ပွန်းတသီးပုဂ္ဂလပိုင်သောပစ္စည်းဟူ၍မရှိကြောင်းတရားဥပဒေကိုပြဆိုခြင်းဖြစ်သည်။
AIR 1935 Ran 497 ( D B )စီရင်ထုံးသည်၊ဤဥပဒေသဘောတရားကိုထင်ဟပ်ပြဆိုထားခြင်းဖြစ်သည်။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရဆိုပါကလင်မယားပေါင်းသင်းဆဲတွင်(အထက်ပါပစ္စည်းမှအပ)လင်တဦးတည်းပိုင်ပစ္စည်း၊မယားတဦးတည်းပိုင်ပစ္စည်းဟူ၍၊သီးခြားပစ္စည်းမရှိခြင်းကို၊မြန်မာဟိုက်ကုတ်လွှတ်တော်ခုံရုံးက၊ AIR 1935 Ran 497(D B)အမှုတွင်ပြဆိုသည်။
————————-
A I R 1935 Rangoon 497( D B )
U Po Kha v. Ma Gyi.
Mya Bu and Baguley, JJ.
စီရင်ထုံးစာမျက်နှာ၄၉၈တွင်၊မြန်မာတရားဝန်ကြီးဦးမြဘူးကအောက်ပါအတိုင်းပြဆိုသည်-
“Since a Burmese Buddhist wife cannot claim separate possession of the joint estate, or a portion of it from her husband, and during the subsistence of the marriage, the ordinary property belonging to one belongs to both, it is obvious that a Burmese Buddhist wife cannot make a claim against her husband, a claim such as is put forward by the respondent in the present proceeding.”
———————
6 Ran 234
Ma Pu v. Maung Ngo and others.
Before Mr. Justice Brown
စီရင်ထုံးတွင်၊ယခင်အိမ်ထောင်လက်ထက်တွင်ကျူးကျော်ဝင်ရောက်နေထိုင်သည့်မြေ(squatting plot)အဖြစ်ပါလာသော”ပါရင်း”ပစ္စည်းသည်နောက်အိမ်ထောင်လက်ထက်၌အစိုးရထံမှဂရန်ရရှိရာထိုမြေသည်နောက်အိမ်ထောင်၏”လက်ထက်ပွါး”ပစ္စည်းဖြစ်လာကြောင်း၊အင်္ဂလိပ်တရားသူကြီး Brown ကအောက်ပါအတိုင်းဆုံးဖြတ်ထုံးဖွဲ့သည်-
“Where Payin Property formed a piece of land occupied as a squatter, held that a subsequent grant of lease during the second coverture converts the property into lettetpwa.”
—————————-
ဥပဒေသဘောအနှစ်ချုပ်မှာ၊ခင်ပွန်းဂရန်ရရှိသောမြေသည်ခင်ပွန်းနှင့်မယားတို့၏လက်ထက်ပွါးပစ္စည်းဖြစ်ပေရာ၊ခင်ပွန်းကစွန့်လွှတ်စာချုပ်ချုပ်ဆိုကာသမီးဖြစ်သူအားလွှဲပြောင်းပေးခြင်းကြောင့်သမီးတဦးတည်းပိုင်ဖြစ်မသွားချေ။
လင်မယားပိုင်ပစ္စည်းဖြစ်မြဲဖြစ်ခြင်းသည်၊မြန်မာဓလေ့ထုံးတမ်းဥပဒေ၏ထူးခြားသောသဘောတရားဖြစ်သည်။
Comments
Post a Comment