စိတ်ဝင်စားဖွယ်ကောင်းသောဥပဒေပြဿနာတရပ်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စိတ်ဝင်စားဖွယ်ကောင်းသောဥပဒေပြဿနာတရပ်ကိုဆွေးနွေးလိုသည်။
——————————————————
တရားမကျင့်ထုံးဥပဒေအမိန့်၃၃၊နည်း၄(၄)၏ခြွင်းချက်နှင့်ပုဒ်မ၁၄၉လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်ထားစဉ်ကစွဲဆိုလိုသည့်အမှုမှာကာလစည်းကမ်းသတ်အတွင်းကျရောက်ပြီးလျှောက်လွှာကိုပလပ်ပြီးနောက်ရုံးခွန်ထမ်းဆောင်သည့်အချိန်တွင်၊ကာလစည်းကမ်းသတ်ကျော်လွန်သွားစေကာမူထိုအဆိုလွှာအတွက်လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်ထားစဉ်ကပင်ရုံးခွန်ထမ်းဆောင်သည်ဟုမှတ်ယူနိုင်ခြင်း။
——————————————
လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုသောအမိန့်များကိုပယ်ဖျက်လိုက်သောအခါ၊အဆိုလွှာလက်ခံသည့်ကိစ္စမှအပ၊ရုံးခွန်ထမ်းဆောင်ခြင်းမပြုမီကဆောင်ရွက်ခဲ့သောအခြားဆောင်ရွက်ချက်များမှာပျက်ပြယ်သွားခြင်း။
————————————-
1938 RLR 629
Mathura Prasad v. R. A. Philips.
Before Mr. Justice Sharpe.
အမှုတွင်၊လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်လွှာနှင့်အတူစွဲဆိုလိုသည့်အဆိုလွှာကိုပူးတွဲတင်ပြရန်အမိန့်၃၃၊နည်း၂( ၁ )တွင်ပြဌာန်းထားသည်။
နည်း၂( ၂ )တွင်အဆိုလွှာနှင့်လျှောက်လွှာကိုလျှောက်ထားသူကတင်သွင်းရန်ပြဌာန်းထားသည်။
ထိုလျှောက်လွှာကိုပယ်ပြီးနောက်တရားရုံးကပုဒ်မ၁၄၉အရသတ်မှတ်ပေးသောကာလအတွင်းရုံးခွန်ကိုထမ်းဆောင်လျှင်၊အဆိုလွှာကိုလူမွဲလျှောက်လွှာတင်သွင်းစဉ်ကပင်စွဲဆိုသည်ဟုမှတ်ယူရန်ဖြစ်ကြောင်းခုံရုံးကပြဆိုထားသည်။
စီရင်ထုံးစာမျက်နှာ၆၂၉နှင့်၆၃၀တွင်၊အင်္ဂလိပ်တရားသူကြီး Sharpe ကအောက်ပါအတိုင်းသုံးသပ်သည်-
“This application for revision raises two short points namely:(1) can an applicant for leave to sue as a pauper subsequently, and prior to the determination of that application, apply to pay the pauper court-fees ? and (2) if in such a case he is allowed to pay the court-fees, is the date of his application to sue as a pauper or the date upon which he pays the court-fees the guiding date for the purposes of the Limitation Act ?
It is necessary to bear in mind from the outset that Order XXXIII of the Code of Civil Procedure has been entirely superseded, so far as this High Court is concerned, by this High Court’s own Order XXXIII, which differs in a number of material particulars from the corresponding order to be found in the Code of 1908. In this judgment references to Order XXXIII are references to the Order XXXIII of this High Court.”
စီရင်ထုံးစာမျက်နှာ၆၃၁တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
“Two issues were framed, the second of which raised the question as to limitation. The learned Second Judge found that the original application for leave to sue as a pauper was not made in good faith and that the plaintiff's claim was time-barred, and he dismissed the suit with costs. The plaintiff has now filed this application for revision.”
စီရင်ထုံးစာမျက်နှာ၆၃၂နှင့်၆၃၃တွင်၊အောက်ပါအတိုင်းပြဆိုသည်-
“Therefore a plaintiff, who has applied for leave to sue as a pauper in accordance with the terms. of Order XXXIII, may at any time apply to the Court under section 149 for leave to pay the court-fee payable on the plaint.
By making such application his prior application to sue as a pauper must be taken to be abandoned and will accordingly stand rejected. It is. then incumbent upon the Court to deal with the applica-fion under section 149. The Court must exercise its. discretion judicially and must consider all the circumstances of the case, including, of course, the fact that, if the application is granted, the plaintiff may, by presenting and subsequently abandoning a petition for leave to sue as pauper, have obtained a valuable extension of time, and that the Court, by exercising its discretion in the plaintiff's favour, may in effect be extending the limitation of time imposed by statute.”
“I will now apply these principles to the present application tor revision.When, on the 21st December 1936 the learned advocate for the plaintiff intimated that he was paying the court-fees (the Diary entry reads :«Basu is paying court-fee.To pay on 15-1-37"), he was not entitled, as of right, to pay them. He ought to have been taken as merely applying for leave to do so, and the Court ought to have considered the matter and exercised its discretion judicially, and have either granted or refused that application only after a proper consideration of the whole matter. It does not appear either that the Court treated Mr. Basu's statement as an application under section 149 or that, if it did treat it as such an application, it considered it as it should have done.
When the matter subsequently came before the Second Judge in the circumstances which I indicated at an early point in this judgment, he framed an issue as to limitation, and in connection with that issue recorded certain evidence of the plaintiff and two of his witnesses with a view. to ascertaining, as he later expressed it in his judgment, " whether the original application to sue in forma pauperis was fraudulent and mala fide or a bona fide one.”
စီရင်ထုံးစာမျက်နှာ၆၃၄တွင်၊တရားသူကြီး Sharpe ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“As in fact the plaintiff's suit has been dismissed, the result arrived at by the Small Cause Court is correct in law, although the means by which that result was achieved were not such as they should have been. But as the actual result is what it should have been, this application for revision is dismissed with costs.”
———————————-
1986 BLR 80
ဒေါ်အုံးမြင့်(ကွယ်လွန်သူဦးထွန်းမြင့်၏တရားဝင်ကိုယ်စားလှယ်)ပါ၆ နှင့် ဦးမြတ်စိုး
——————————————————————————————
ဒေါ်အုံးမြင့်(ကွယ်လွန်သူဦးထွန်းမြင့်၏တရားဝင်ကိုယ်စားလှယ်) နှင့် ဦးမြတ်စိုးပါ၂
ဥက္ကဌအဖြစ်ဦးဝင်းမောင်၊အဖွဲ့ဝင်များအဖြစ်ဦးကိုကြီးနှင့်ဦးခင်မောင်ကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဗဟိုတရားရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။တရားမကျင့်ထုံးဥပဒေအမိိန့်၃၃၊နည်း၂(၁)အရလူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်လွှာနှင့်အတူလျှောက်ထားသူကတင်သွင်းလိုသည့်အဆိုလွှာကိုပူးတွဲတင်ပြရသည်။နည်း၄(၄)တွင်လူမွဲအဖြစ်တရားစွဲဆိုခွင့်လျှောက်လွှာကိုခွင့်ပြုရန်အကြောင်းမရှိသည့်အခါပယ်ရမည်ဟုပြဌာန်းထားသည်။သို့သော်ထိုပြဌာန်းချက်တွင်ခြွင်းချက်အဖြစ်တရားလိုသည်လိုအပ်သောရုံးခွန်ထမ်းဆောင်ပါကအဆိုလွှာကိုလက်ခံနိုင်ကြောင်းပြဌာန်းထားသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၁၄၉အရဥပဒေနှင့်အညီထမ်းဆောင်ရမည့်ရုံးခွန်လျော့နည်းနေသည့်စာရွက်စာတမ်းများနှင့်စပ်လျဉ်းပြီးလိုအပ်သောရုံးခွန်ထမ်းဆောင်ရန်တရားရုံးကခွင့်ပြုနိုင်သည်။ထိုသို့ခွင့်ပြုလျှင်ထိုစာရွက်စာတမ်းများသည်မူလတင်ပြစဉ်ကပင်ရုံးခွန်ထမ်းဆောင်ပြီးဖြစ်ဘိသကဲ့သို့အကျိုးသက်ရောက်ပေသည်။
ဤပြဌာန်းချက်နှစ်ရပ်ကိုပူးတွဲသုံးသပ်ပါကလူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်လွှာကိုပယ်ပြီးနောက်လျှောက်ထားသူကကျသင့်သောရုံးခွန်ကိုထမ်းဆောင်သောကြောင့်တရားရုံးကတရားမကျင့်ထုံးဥပဒေအမိန့်၃၃၊နည်း၄(၄)၏ခြွင်းချက်တွင်ခွင့်ပြုထားသည့်အတိုင်းအဆိုလွှာကိုလက်ခံလိုက်သောအခါပုဒ်မ၁၄၉အရထိုအဆိုလွှာအတွက်လူမွဲအဖြစ်တရား
စွဲဆိုခွင့်ပြုရန်လျှောက်ထားသည့်နေ့ကပင်ရုံးခွန်ထမ်းဆောင်သည်ဟုမှတ်ယူရပေမည်။မသူရာပရာဆဒ် နှင့် အာအေဖီးလစ်၊၁၉၃၈၊ရန်ကုန်စီရင်ထုံးများ၊စာ၆၂၉စီရင်ထုံးကိုကြည့်ပါ။
သို့ဖြစ်ရာလူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်ထားစဉ်ကစွဲဆိုလိုသည့်အမှုမှာကာလစည်းကမ်းသတ်အတွင်းကျရောက်ပြီးလျှောက်လွှာကိုပလပ်ပြီးနောက်ရုံးခွန်ထမ်းဆောင်သည့်အချိန်တွင်ကာလစည်းကမ်းသတ်ကျော်လွန်သွားစေကာမူထိုအဆိုလွှာအတွက်လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်ထားစဉ်ကပင်ရုံးခွန်ထမ်းဆောင်သည်ဟုပုဒ်မ၁၄၉အရမှတ်ယူနိုင်သည်ဖြစ်၍အမှုမှာကာလစည်းကမ်းသတ်ကျော်လွန်ရန်အကြောင်းမရှိတော့ချေ။
ထပ်မံဆုံးဖြတ်ချက်။ ။သို့သော်ဗဟိုတရားရုံးကတရားမပြင်ဆင်မှုအမှတ်၄၂/၈၃နှင့်၄၃/၈၃တို့တွင်လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုသောအမိန့်များကိုပယ်ဖျက်လိုက်သောအခါတရားမကျင့်ထုံးဥပဒေအမိန့်၃၃၊နည်း၄(၄)၏ခြွင်းချက်အရအဆိုလွှာလက်ခံသည့်ကိစ္စမှအပရုံးခွန်ထမ်းဆောင်ခြင်းမပြုမီကဆောင်ရွက်ခဲ့သောအခြားဆောင်ရွက်ချက်များမှာမူပျက်ပြယ်သွားပြီဟုကောက်ယူရပေလိမ့်မည်။
သို့ဖြစ်၍ဤအမှုတွင်လျှောက်ထားသူဒေါ်အုံးမြင့်တို့အားချေလွှာတင်ခွင့်မပြုဟု၈-၃-၈၃ရက်နေ့တွင်တိုင်းတရားရုံးကချမှတ်သောအမိိန့်များသည်ရုံးခွန်ထမ်းဆောင်ခြင်းမပြုမီကချမှတ်သည့်အမိိန့်များသာဖြစ်သောကြောင့်လူမွဲမှုအဖြစ်တရားစွဲဆိုခွင့်ပယ်ဖျက်လိုက်သောအခါချေလွှာတင်ခွင့်မပြုဟူသောတိုင်းတရားရုံး၏အမိန့်များမှာလည်းအတည်မဖြစ်တော့ချေ။”
Comments
Post a Comment