အမွေထိန်းစာလျှောက်ထားမှုများတွင်ချမှတ်သောအပြီးသတ်အမိန့်များသည်၊ဒီကရီဖြစ်ပါသလား။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမွေထိန်းစာလျှောက်ထားမှုများတွင်ချမှတ်သောအပြီးသတ်အမိန့်များသည်၊ဒီကရီဖြစ်ပါသလား ?

————————————


1948 BLR ( H C ) 329 


Ma Ohn Nu v. Ma Nyun


Before U Tun Byu and U San Maung , JJ.


———————————-


1948 BLR ( H C ) 591  


Ma Mya Sein  v. Maung So Myint (Tan) and two others.


Before U Thein Maung, Chief Justice  and U San Maung , J.


—————————————-


1986 BLR 70 


ဒေါ်အုန်းမြင့် နှင့် ဒေါ်ခင်မြပါ၂


ဥက္ကဌအဖြစ်ဦးဝင်းမောင်၊အဖွဲ့ဝင်များအဖြစ်ဦးကိုကြီးနှင့်ဦးခင်မောင်ကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


—————————————


A. I. R. 1934 Rangoon 205


Maung Kyaw v. Maung Daung and another.


Ba U and Shaw, JJ.


————————————-


အထက်ဖော်ပြပါစီရင်ထုံးများသည်၊အမွေထိန်းစာရလိုမှုလျှောက်ထားသောအမှုများမှတက်ရောက်လာသောအယူခံမှုများဖြစ်သည်။


အမွေထိန်းစာ(Letters of Administration)ကို၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၁၈(၁)အရလျှောက်ထားခွင့်ရှိသည်။


အမွေထိန်းစာလျှောက်ထားမှုများတွင်ချမှတ်သောအမိန့်ကိုအယူခံဝင်ခွင့်ရှိကြောင်း၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၉တွင်ပြဌာန်းထားသည်။


ထို့ကြောင့်အမွေထိန်းစာလျှောက်ထားသောအမှုများတွင်ချမှတ်သောအပြီးသတ်အမိန့်များကိုအယူခံဝင်ခွင့်ရရှိခြင်းဖြစ်သည်။


တဖက်တွင်အဆိုပါအမိန့်များသည်ဒီကရီမဟုတ်။


အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၉ပြဌာန်းချက်ကြောင့်သာလျင်၊အယူခံဝင်ခွင့်ရရှိခြင်းဖြစ်သည်။


အဆိုပါအမိန့်များကိုအယူခံဝင်ရောက်လာသောအခါ၊အယူခံတရားရုံးက၊တရားမအထွေထွေအယူခံမှုဖွင့်လှစ်ရသည်။


1948 BLR ( H C ) 329 ၊ 1948 BLR ( H C ) 591 ၊ 1986 BLR 70 စီရင်ထုံးများတွင်၊ပထမအယူခံမှုဖွင့်လှစ်ထားသည်ကိုတွေ့ရှိရသည်။


အောက်ရုံးဒီကရီများကိုအယူခံဝင်ကြောင်း၊စီရင်ထုံးပထမစာမျက်နှာအောက်ခြေမှတ်စုများတွင်ဖော်ပြထားသည်။


ထို့ကြောင့်ဖွင့်လှစ်သောအမှုအမျိုးအစားမှားယွင်းသည်။


အောက်ရုံးဆုံးဖြတ်ချက်များကို၊”ဒီကရီ”ဟုရည်ညွှန်းခြင်းမှာလည်းမှားယွင်းသည်။


အမွေထိန်းစာထုတ်ပေးသင့်မသင့်၊အမှုသည်များဆိုင်ပြိုင်ကြခြင်းကြောင့်၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၅အရတရားမကြီးမှုအဖြစ်စစ်ဆေးရခြင်းဖြစ်သည့်အတွက်၊ချမှတ်သောအမိန့်များကို၊”ဒီကရီ”ဟုမှားယွင်းယူဆခြင်းဖြစ်ဟန်တူသည်၊သို့မဟုတ်မူလရုံးကမှားယွင်းပြီး”ဒီကရီ”ရေးဆွဲခြင်းကြောင့်လည်းဖြစ်ဟန်တူသည်။


အမွေထိန်းစာလျှောက်ထားသူကတင်သွင်းသောတရားမအထွေထွေအယူခံမှုတွင်၊အယူခံတရားရုံးကစီရင်ချက်ချမှတ်သောအခါ၊”ဒီကရီ”ရေးဆွဲရန်မလိုအပ်။


“ဒီကရီ”ကိုတရားမကြီးမှုတွင်ချမှတ်ရမည်ဆိုခြင်းမှာ၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)ပါ”ဒီကရီ”၏အဓိပ္ပာယ်ဖွင့်ဆိုချက်အရပေါ်လွင်သည်။


အခြားတရားမကြီးမှုများတွင်ချမှတ်သောအပြီးသတ်ဆုံးဖြတ်ချက်များကိုအယူခံဝင်ခွင့်ရှိခြင်းအားငြင်းခုံစရာမရှိပါ။


တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်”အမှုသည်များ”ကိုရည်ညွှန်းသော်လည်း၊မည်သို့သောအမှုသည်များဖြစ်ရမည်ဟု၊သီးခြားရည်ညွှန်းထားခြင်းမရှိ။


တရားမကျင့်ထုံးဥပဒေသည်၊”ဒီကရီ”ကိုအဆင့်ဆင့်အယူခံဝင်ခွင့်ပေးထားသည်။


အယူခံဝင်ခွင့်ရှိသောအမိန့်ကိုမူ၊တကြိမ်သာအယူခံဝင်ခွင့်ပေးထားသည်။


အဆိုပါခြားနားချက်ကြောင့်၊”ဒီကရီ”နှင့်”အယူခံဝင်ခွင့်ရှိသောအမိန့်”ဟူ၍ခွဲခြားထားခြင်းဖြစ်သည်။


နားရှုပ်အောင်ဖန်တီးထားခြင်းမဟုတ်ပေ။


———————————


1986 BLR 70 


ဒေါ်အုန်းမြင့် နှင့် ဒေါ်ခင်မြပါ၂


ဥက္ကဌအဖြစ်ဦးဝင်းမောင်၊အဖွဲ့ဝင်များအဖြစ်ဦးကိုကြီးနှင့်ဦးခင်မောင်ကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားစီရင်ရေးအဖွဲ့က၊စီရင်ထုံးစာမျက်နှာ၇၅နှင့်၇၆တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“ဤစီရင်ချက်ကိုအဆုံးမသတ်မီမှတ်ချက်ပြုလိုသည့်အချက်မှာ၊ဒေါ်အုန်းမြင့်ကတိုင်းတရားရုံး၏အမိန့်ကိုဗဟိုတရားရုံးတွင်တရားမပထမအယူခံမှုအဖြစ်ဖြင့်အယူခံဝင်ခြင်းနှင့်ပတ်သက်သည်။တရားမမူလမှုတမှုတွင်မူလမှုစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍ချမှတ်သောဒီကရီကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရအယူခံဝင်ခွင့်ရှိပေသည်။ယင်းအယူခံကိုတရားမပထမအယူခံမှုအဖြစ်လုပ်ထုံးလုပ်နည်းအရသတ်မှတ်ထားသည်။တရားမပထမအယူခံမှုတွင်ဒီကရီကိုအယူခံဝင်ခြင်းဖြစ်သည်။

အမွေထိန်းစာလျှောက်ထားမှုများတွင်ချမှတ်သောအမိန့်ကိုအယူခံဝင်ခွင့်ရှိကြောင်းအမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၉တွင်ပြဌာန်းထားသည်။သို့ဖြစ်ရာဒေါ်အုန်းမြင့်၏လျှောက်ထားချက်ကိုပလပ်သောအမိန့်ကိုဗဟိုတရားရုံးတွင်အယူခံဝင်ခြင်းမှာအမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၉တွင်အယူခံဝင်ခွင့်ပေးထားခြင်းကြောင့်ဖြစ်သည်။တိုင်းတရားရုံးကဒေါ်အုန်းမြင့်၏လျှောက်ထားမှုကိုပလပ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောဒီကရီမဟုတ်ပေ။ဒေါ်အုန်းမြင့်ကအမွေထိန်းစာလျှောက်ထားသည့်ကိစ္စကိုဒေါ်ခင်မြတို့ကကန့်ကွက်သဖြင့်အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၅တွင်ပြဌာန်းထားသည့်အတိုင်းအမှုကိုတရားမကြီးမှုသဘောစစ်ဆေးရသည်မှန်သော်လည်းယင်းအမှုတွင်ချမှတ်သောအမိန့်သည်ဒီကရီဖြစ်စေရမည်ဟုသတ်မှတ်ထားခြင်းမရှိချေ။ဒီကရီဖြစ်ပါမူပုဒ်မ၂၉၉ကိုပြဌာန်းထားခြင်းမှာအပိုဖြစ်ပေလိမ့်မည်။ထို့ပြင်တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရဒီကရီကိုအယူခံဝင်ရာ၌ရုံးခွန်ထမ်းဆောင်ရခြင်း၊အယူခံဝင်ခွင့်ရှိသောအမိန့်ကိုအယူခံဝင်ရာ၌ရုံးခွန်ထမ်းဆောင်ရခြင်းတို့သည်သီးခြားကိစ္စရပ်များဖြစ်သည်။အယူခံဝင်ခွင့်ရှိသောအမှုများကိုအယူခံဝင်ရာတွင်ရုံးခွန်အက်ဥပဒေဒုတိယဇယားအမှတ်စဉ်၁၁အရရုံးခွန်ထမ်းဆောင်ရသည်။ဒေါ်အုန်းမြင့်သည်တိုင်းတရားရုံး၏အမိန့်ကိုဗဟိုတရားရုံးတွင်အယူခံဝင်ရာ၌တရားမအထွေထွေအယူခံမှုအဖြစ်ဖြင့်အယူခံဝင်ရန်ဖြစ်ပေသည်။


အထက်တွင်ဖော်ပြထားသောအကြောင်းများကြောင့်၊ဤအယူခံကိုခွင့်ပြု၍တိုင်းတရားရုံး၏အမိန့်ကိုပယ်ဖျက်လိုက်သည်။”


—————————


A. I. R. 1934 Rangoon 205


Maung Kyaw v. Maung Daung and another.


Ba U and Shaw, JJ.


စီရင်ထုံးပထမစာမျက်နှာတွင်အောက်ပါအတိုင်းရည်ညွှန်းဖော်ပြသည်-


“Civil Misc. Appeal No. 122 of 1933, Decided on 22nd February 1934, from order of Dist. Judge, Kyaukse, D/ 7th September 1933.


Letters of Administration- On proof of status of party that party alone entitled to inherit - Question of adoption should be gone into.”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]