တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၆၃အရစွဲဆိုသောအမှု၌ဒီကရီရရှိပြီးဖြစ်သဖြင့်၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၅၈အရလျှောက်ထားချက်တွင်ချမှတ်သောဆုံးဖြတ်ချက်အပေါ်ပြင်ဆင်မှုတွင်စဉ်းစားရန်လိုမလို။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၆၃အရစွဲဆိုသောအမှု၌ဒီကရီရရှိပြီးဖြစ်သဖြင့်၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၅၈အရလျှောက်ထားချက်တွင်ချမှတ်သောဆုံးဖြတ်ချက်အပေါ်ပြင်ဆင်မှုတွင်စဉ်းစားရန်လိုမလို။
———————————
1983 BLR 46
မထိုက် နှင့် မစောရီ
ဥက္ကဌအဖြစ်ဦးမွန်စံလှိုင်၊အဖွဲ့ဝင်များအဖြစ်ဦးထွန်းရှိန်နှင့်ဦးခင်ဇာမုံတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၄၇တွင်၊ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“လျှောက်ထားခံရသူ၏ရှေ့နေကမစောရီသည်ပဲခူးတိုင်းတရားရုံးတရားမကြီးမှုအမှတ်၁၆/၈၀(တောင်ငူ)တွင်အချင်းဖြစ်အိမ်မှာမိမိပိုင်ဖြစ်ကြောင်း၊ဝရမ်းကပ်ခွင့်မရှိကြောင်းမြွက်ဟကြေငြာပေးရန်တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၆၃အရတရားစွဲဆိုခဲ့ရာတိုင်းတရားရုံးက၁၇-၉-၈၂နေ့တွင်မစောရီစွဲဆိုသည့်အတိုင်းဒီကရီချမှတ်ပေးခဲ့ပါသည်ဟုတင်ပြလျှောက်ထားသည်။
လျှောက်ထားသူ၏အကျိုးဆောင်ကထိုအချက်ကိုမှန်ကန်ကြောင်းဝန်ခံသည်။
ဝရမ်းကပ်သောပစ္စည်းနှင့်စပ်လျဉ်း၍ကန့်ကွက်ချက်တစုံတရာရှိခဲ့လျှင်တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၆၃အရစွဲဆိုသောအမှု၌ဆုံးဖြတ်ချက်သည်အပြီးသတ်ဖြစ်စေရမည်ဟုယင်းနည်းဥပဒေတွင်ပြဌာန်းထားသည်။
သို့ဖြစ်ရာပဲခူးတိုင်းတရားရုံးတရားမကြီးမှုအမှတ်၁၆/၈၀တွင်ချမှတ်သောဒီကရီမှာ၊ဝရမ်းခွါပေးစေလိုမှုတွင်ချမှတ်သည့်အမိန့်များကိုလွှမ်းမိုးမည်ဖြစ်၍၊ပဲခူးတိုင်းတရားရုံးတရားမပြင်ဆင်မှုအမှတ်၄၉/၈၀တွင်ချမှတ်ခဲ့သောအမိန့်မှာမှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ၊ပဓာနမကျတော့ချေ။
သို့ဖြစ်၍ထိုပြင်ဆင်မှုတွင်ချမှတ်သောအမိန့်ကိုဗဟိုတရားရုံးကပြင်ဆင်ပေးရန်အကြောင်းမရှိတော့ပေ။
ထို့ကြောင့်ဤပြင်ဆင်မှုကိုပလပ်လိုက်သည်။”
Comments
Post a Comment