S J L B 19, A I R 1935 Ran 497, 1965 BLR 374

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


၁၈၇၄ခုနှစ်၊မတ်လ(၄)ရက်နေ့တွင်အထူးခုံရုံးကစီရင်ချက်ချမှတ်သော၊သမိုင်းမှတ်တိုင်တွင်သည့်၊ SJLB 19 စီရင်ထုံးကိုတစိုက်မတ်မတ်လိုက်နာခဲ့ရာ(ယနေ့အထိ)နောက်ဆုံးစီရင်ထုံးသည်၊ 1965 BLR 374 ဖြစ်သည်။


မြန်မာဘာသာဖြင့်ပြုစုသောစီရင်ထုံးထက်၊ SJLB 19 စီရင်ထုံးတွင်ဗုဒ္ဓဘာသာလင်မယားပစ္စည်းခန်းအကြောင်းပြည့်ပြည့်စုံစုံစိစစ်ရေးသားထားသည်။


မြန်မာဓလေ့ထုံးတမ်းဥပဒေအရဆိုပါကလင်မယားပေါင်းသင်းဆဲတွင်(အထက်ပါပစ္စည်းမှအပ)လင်တဦးတည်းပိုင်ပစ္စည်း၊မယားတဦးတည်းပိုင်ပစ္စည်းဟူ၍၊သီးခြားပစ္စည်းမရှိခြင်းကို၊မြန်မာဟိုက်ကုတ်လွှတ်တော်ခုံရုံးက၊ AIR 1935 Ran 497 အမှုတွင်ပြဆိုသည်။


ဤဥပဒေသဘောအရမယားသည်လင်ထံမှလျော်ကြေးတောင်းခွင့်မရှိနိုင်။


အကြောင်းမူမယားတောင်းဆိုသောငွေမှာ၊၎င်းတဦးတည်းပိုင်မဖြစ်နိုင်။


SJLB 19 စီရင်ထုံးအရ၊၎င်းတဦးတည်းပိုင်ငွေအဖြစ်သို့မရောက်နိုင်။


——————-


SJLB 19


(1)Maung Ko,(2)Ma Shwe Get v. (1)Ma Me,(2)Maung Shwe Lok,(3)Nga Po O,(4)Nga San Hla Baw.


Before J. D. Sandford, Esq., and C. J. Wilkinson, Esq.


စီရင်ထုံးတွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-


“Three years absence with neglect on part of the husband to provide maintenance required before the wife can contact a second marriage.


The Burmese law recognises the husband as lord of his household.


The wife cannot retain possession of joint property in opposition to her husband.


So long as marriage subsists the Courts cannot decree an absolute dominion over it to either husband or wife; but the husband, rather than the wife, is entitled to retain possession of it in trust for both.”


————————-


A I R 1935 Rangoon 497


U Po Kha v. Ma Gyi.


Mya Bu and Baguley, JJ.


စီရင်ထုံးစာမျက်နှာ၄၉၈တွင်၊မြန်မာတရားဝန်ကြီးဦးမြဘူးကအောက်ပါအတိုင်းပြဆိုသည်-


“Since a Burmese Buddhist wife cannot claim separate possession of the joint estate, or a portion of it from her husband, and during the subsistence of the marriage, the ordinary property belonging to one belongs to both, it is obvious that a Burmese Buddhist wife cannot make a claim against her husband, a claim such as is put forward by the respondent in the present proceeding.”


———————


1965 BLR 374


မောင်ထွန်းလင်းပါ၆ နှင့် မမယ်ခင်


တရားသူကြီးဦးစောဘသိန်းရှေ့တွင်


တရားရုံးချုပ်တရားသူကြီးဦးစောဘသိန်းကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ဆုံးဖြတ်ချက်။  ။လျှောက်ထားခံရသူသည်၊လျှောက်ထားသူအား၎င်းတို့ပိုင်လက်ထက်ပွါးပစ္စည်းကို၊၎င်းတို့လင်မယားဖြစ်သေးသမျှခွဲဝေပေးရန်၊တရားစွဲဆိုခြင်းမပြုနိုင်။


မထွေး နှင့် မတင်ဦး၊၁၉၅၃ခုနှစ်၊ဘီ၊အယ်(လ်)၊အာ(ရ်)၊ဟိုက်ကုတ်၊စာမျက်နှာ၂၉ကိုရည်ညွှန်း၍လိုက်နာသည်။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]