A I R 1951 Hyderabad 132 စီရင်ထုံးအကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဗဟိုတရားရုံးလက်ထက်ကတွေ့ကြုံခဲ့ရသောအမှုတမှုအကြောင်းဆွေးနွေးလိုပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်စပ်လျဉ်း၍စွဲဆိုသောအမှုတမှုတွင်တရားပြိုင်ဘက်မှတရားလိုစွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်(၁၄၄)အရစည်းကမ်းသတ်ကျော်လွန်ကြောင်းထုချေသည်။
ထိုပြဿနာနှင့်စပ်လျဉ်း၍ပဏာမငြင်းချက်ထုတ်ပြီးကြားနာကာ၊ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းမရှိဟုဆုံးဖြတ်သည်။
တရားပြိုင်ကဗဟိုတရားရုံးတွင်ပြင်ဆင်မှုလျောက်ထားသောအခါ၊ပြင်ဆင်မှုမှာအကျဉ်းနည်းဖြင့်ပလပ်ခြင်းခံရသည်။
အမှုကိုဆက်စစ်ပြီးတရားလိုအားအနိုင်ပေးသည်။
တရားပြိုင်ကဗဟိုတရားရုံးသို့အယူခံဝင်၍၊မူလအမှုပါသက်သေခံချက်များကိုစိစစ်ကြည့်သောအခါအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်နေသည်ကိုတွေ့ရသည်။
ဗဟိုတရားရုံးသည်တရားပြိုင်၏ပြင်ဆင်မှုကိုပလပ်ခဲ့ပြီးဖြစ်ရာ၊ကာလစည်းကမ်းသတ်ပြဿနာကိုထပ်မံအဆုံးအဖြတ်ပေးနိုင်ခွင့်ရှိမရှိအကြောင်းပေါ်ပေါက်လာသည်။
ယင်းဥပဒေပြဿနာနှင့်စပ်လျဉ်း၍မြန်မာနိုင်ငံစီရင်ထုံးများတွင်ရှာမတွေ့ရချေ။
အိန္ဒိယနိုင်ငံ၌စီရင်ထုံးများတွင်ပင်တခုသာရှာဖွေတွေ့ရသည်။
ရှားရှားပါးပါးစီရင်ထုံးဖြစ်ပြီးအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-
"Section 105 does not authorise the appellate Court to reconsider or inteefere with the order of a Court whose orders are not liable to be treated in an appeal as orders of a subordinate Court provided these orders are within the competence of that Court and have the character of being final and conclusive as between the parties. Thus a final decision by a Division Bench of the High Court against an interlocu-tory order of-the lower Court passed in revision cannot be agitated in an appeal against the decree in the same suit to another Division Bench of the High Court.”
—————————————
Internet မှရှာဖွေတွေ့ရှိရသောစီရင်ထုံးမှာအောက်ပါအတိုင်းဖြစ်သည်-
AIR 1951 HYDERABAD 132
Hyderabad High Court
HON'BLE JUDGE(S): M. K. SIDDIQI, V. R. DESHPANDE, JJ
(A) Civil P.C. (5 of 1908) , S.20- Suits on negotiable instruments. The principle that the debtor must find his creditor is applicable even to cases of Negotiable Instruments. Case law discussed. (Para 9) By a promissory note one S promised to pay one H residing at Ghasi Bazar certain amount on demand or at his order: Held that the intention of the parties was that unless H made some order in favour of somebody, which was at his option, the amount would be payable to H at Ghasi Bazar and under the very terms of the promissory note the place where the contract was to be performed i.e., where the amount was to be paid, would be the place of residence of the creditor H, i.e., Ghasi Bazar. (Para 2) Anno. C. p. c., S. 20, N. 16, 19, 23.
(B) Civil P.C. (5 of 1908) , S.105-Order passed in revision from interlocutory order of trial Court - Interference. Section 105 does not authorise the Appellate Court to reconsider or interfere with the order of a Court whose orders are not liable to be treated in an appeal as orders of a subordinate Court provided these orders are within the competence of that Court and have the character of being final and conclusive as between the parties. Thus a final……
————————————————
A I R 1951 Hyd 132
Laxminarayan v. Sultan Jehan Begum
It has been held in a Full Bench (Division Bench?) of the Hyderabad High Court in Laxminarayan v. Sultan Jehan Begum', AIR 1951 Hyd 132, that the provisions of Section 105 of the Code of Civil Procedure, under which the validity of an interlocutory order could be challenged in appeal, do "not authorise the Appellate Court to reconsider or interfere with the order of a Court whose orders are not liable to be treated in an appeal as orders of a Subordinate Court provided these orders are within the competence of that Court and have the character of being final and conclusive as between the parties.
Thus a final decision by a Division Bench of the High Court against an interlocutory order of the lower Court passed in a revision cannot be agitated in an appeal against the decree in the same suit to another Division Bench of the High Court.
————————————-
ကာလစည်းကမ်းသတ်ဥပဒေပထမဇယားအမှတ်စဉ်(၁၄၄)အရကာလစည်းကမ်းသတ်ကျော်မကျော်ဆိုသည့်ပြဿနာမှာယေဘုယျအားဖြင့်သက်သေခံချက်များရယူပြီးမှဆုံးဖြတ်နိုင်မည့်ကိစ္စဖြစ်ရာ၊မူလရုံးကအဆိုအချေများအရဆုံးဖြတ်ခြင်းသည်ဆန္ဒစောသည်။
မူလရုံးကအမှုစစ်ဆေးပြီးသောအခါချမှတ်သည့်ဒီကရီကိုဗဟိုတရားရုံးတွင်အယူခံဝင်ရာ၌ကာလစည်းကမ်းသတ်နှင့်စပ်လျဉ်း၍မူလရုံးကချမှတ်သောကြားဖြတ်အမိန့်သည်မှားယွင်းကြောင်းအယူခံအကြောင်းပြချက်တရပ်အဖြစ်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅(၁)အရတင်ပြရန်လမ်းပွင့်နေပါလျက်တရားပြိုင်သည်အပြီးသတ်ဒီကရီကိုအယူခံဝင်သည်အထိမစောင့်ဆိုင်းဘဲကြားဖြတ်အမိိိန့်ကိုပြင်ဆင်မှုတင်သွင်းခြင်းမှာတရားပြိုင်ဘက်မှထပ်ဆင့်မှားယွင်းသည်။
ဤသာဓကကိုဖတ်ရှုပြီးနောက်မူလရုံးများကချမှတ်သောကြားဖြတ်အမိိန့်များကိုဆန္ဒစောပြီးအထက်ရုံးသို့ပြင်ဆင်မှုဝင်ရောက်တတ်သောအမှုသည်များသင်ခန်းစာယူနိုင်ကြပါစေဟုဆန္ဒပြုလိုက်ရပါသည်။
Comments
Post a Comment