ရာဇဝတ်ပြင်ဆင်မှုနှင့်ကာလစည်းကမ်းသတ်

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အယူခံဝင်ရမည့်ကိစ္စကိုပြင်ဆင်မှုလျောက်ထားခြင်း၊ပြင်ဆင်မှုလျောက်ထားရမည့်ကိစ္စကိုအယူခံဝင်လာခြင်းမှာလုပ်ထုံးလုပ်နည်းလွဲမှားခြင်းသာဖြစ်သည်။


အယူခံမှု၊ပြင်ဆင်မှုဟူသည်ပညတ်မျှသာဖြစ်သည်၊ကြီးကျယ်သောကိစ္စမဟုတ်ဟုသဘောထားလျင်ဥပဒေကိုမျက်ကွယ်ပြုရာရောက်ပါမည်။


တဖက်အမှုသည်အပေါ်မေတ္တာပိုထားရာလည်းရောက်နိုင်ပါသည်။


အမှန်ဆိုသော်နှစ်ဖက်သောအမှုသည်တို့သည်တူညီသောအခွင့်အရေးသာရရှိကြသည်။


ပို၍တူသောအခွင့်အရေးကိုမပေးစကောင်း၊ဆိုင်ရာကာယကံရှင်ကိုလည်းနစ်နာမှုမရှိစေ၊ဥပဒေနှင့်အညီဆောင်ရွက်ရာလည်းရောက်စေလိုလျင်နှစ်ဖက်လျောက်လဲချက်ကြားနာသည့်အခါမှားယွင်းချက်ကိုကာယကံရှင်အားအသိပေး၍လိုအပ်သလိုဆောင်ရွက်စေနိုင်ပါသည်။


ဤနည်းအတိုင်းဆောင်ရွက်ခဲ့ကြသည့်သာဓကများရှိပါသည်။


တရားလွှတ်တော်ချုပ်သို့တရားမအယူခံဝင်ရမည့်စည်းကမ်းသတ်ကာလမှာရက်ပေါင်း(၉၀)ဖြစ်ကြောင်းလူသိများသော်လည်း၊တရားမပြင်ဆင်မှုလျောက်ထားရန်စည်းကမ်းသတ်ကာလမှာလည်း၊တရားလွှတ်တော်ရုံးလက်စွဲ၊အပိုဒ်၃၀၆(၁)အရ၊ရက်ပေါင်း(၉၀)ပင်ဖြစ်ကြောင်းသိသူနည်းနေသေးသည်။


ရာဇဝတ်ဆိုင်ရာပြင်ဆင်မှုလျောက်ထားရန်သတ်မှတ်ထားသည့်အတိုင်းရက်ပေါင်း(၆၀)ဖြစ်သည်ဟုယူဆနေကြသည်။

—————————-


ရာဇဝတ်ပြင်ဆင်မှုနှင့်ကာလစည်းကမ်းသတ်


1965 BLR ( C C ) 38


MAUNG BA THIN (APPLICANT) 

                          V. 

THE UNION OF BURMA (RESPONDENT).*


Before U San Maung, J.


အမှုတွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“Held: It is not the practice of the Chief Court to interfere in Revision in criminal matters when the Application filed is more than 60 days after the order complained of, unless it is accompanied by an explanation of the delay and the necessary affidavits as required under paragraph 766 of the Courts Manual.”


စီရင်ထုံးစာမျက်နှာ၄၄တွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းသုံးသပ်သည်-


“Besides. it is not the practice of this Court to interfere in revision when the application filed is more than 60 days after the order complained of unless it is accompanied by an explanation of the delay and the necessary affidavits (see Paragraph 766 of the Courts Manual).


In the case now under consideration there is no explanation for the delay in applying to the Court within 60 days of the date (7-9-1961) of the order complained of.”

—————————————


1965 BLR ( C C ) 940


မောင်သာမြ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ


တရားသူကြီးဦးချစ်ရှေ့တွင်


အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ရာဇဝတ်ပြင်ဆင်မှုများတွင်ကာလစည်းကမ်းသတ်ရက်မှာသာမန်အားဖြင့်အရက်၆၀ဖြစ်သည်။သို့ရာတွင်ထိုရက်ထက်ကျော်လွန်သွားကလျောက်ထားသူကအဘယ်ကြောင့်နှောင့်နှေးကြန့်ကြာရသည့်အကြောင်းနှင့်ပတ်သက်၍ရုံးတော်သို့ထင်ရှားစွာကျမ်းကျိန်ချက်ဖြင့်တင်ပြလျင်ရုံးတော်ကစည်းကမ်းသတ်ကျော်လွန်ရက်ကိုခွင့်ပြုနိုင်သည်။လျောက်ထားသူသည်မကျန်းမမာဖြစ်နေခြင်း၊ရန်ကုန်သို့လာရန်စရိတ်မရှိခြင်း၊စည်းကမ်းသတ်ရက်အတွင်းကြိုးစား၍အမှုကိုရန်ကုန်သို့လူကြုံနှင့်ပို့ရာတွင်အမှုတွဲပျောက်ဆုံးသွားခြင်း၊နောက်မှထပ်၍အမှုတွဲပြန်လုပ်ရခြင်းစသည့်တင်ပြချက်များကိုလက်ခံသည်။ထို့ကြောင့်ကာလစည်းကမ်းသတ်ရက်ကျော်လွန်ခြင်းနှင့်ပတ်သက်၍ခွင့်လွတ်သည်။”


တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၉၄၁တွင်၊အောက်ပါအတိုင်းသုံးသပ်သည်-


“ဤရုံးတော်၏မှတ်ချက်အရဆိုလျင်၊လျောက်ထားသူမောင်သာမြ၏လျောက်လွှာတင်သောနေ့မှာကာလစည်းကမ်းသတ်ရက်၆၀ပြည့်ပြီးသည့်နောက်၅၂ရက်ကျော်လွန်နေပြီဖြစ်ကြောင်းတွေ့ရသည်။လျောက်ထားသူ၏ရှေ့နေကြီးဦးမောင်မောင်ခင်ကကျော်လွန်သောရက်မှာ၅၂ရက်မဟုတ်ပါ။အရက်၂၀လောက်သာဖြစ်ပါသည်ဟုတင်ပြ၏။မည်သို့ပင်ဖြစ်စေကာလစည်းကမ်းသတ်ရက်ထက်ရက်ပေါင်းများစွာကျော်လွန်နေသည်ကိုတွေ့ရှိရသည်။လျောက်ထားသူ၏ရှေ့နေကြီးကသာမန်စည်းကမ်းသတ်ရက်၆၀ကျော်လွန်ပြီးသည့်နောက်မှဤပြင်ဆင်မှုလျောက်လွှာကိုတင်ရာ၌၊နှောင့်နှေးကြန့်ကြာနေရခြင်းအကြောင်းများနှင့်ပတ်သက်၍အကြောင်းပြလျောက်လွှာနှင့်ကျမ်းကျိန်ချက်များတင်သွင်းသည်။ရုံးများ၏လက်စွဲ၊ဒုတိယပုံနှိပ်ခြင်း၊စာ၃၉၃၊အပိုင်း၇၆၆တွင်အောက်ပါအတိုင်းညွှန်ကြားထားသည်။


" 766. Ordinarily no application for revision will be con-sidered, if filed more than 60 days after, the date of the last order complained of, unless it is accompanied by an explanation of the delay and the necessary affidavits.”


စီရင်ထုံးစာမျက်နှာ၉၄၂တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“ရှေ့နေကြီးဦးမောင်မောင်ခင်ကပြင်ဆင်မှုလျောက်လွှာတင်သွင်းရာ၌ရက်ပေါင်း၆၀ကျော်လွန်သွားရခြင်းအကြောင်းမှာသူ၏အမှုသည်မကျန်းမမာဖြစ်နေသည့်အပြင်၊စစ်တွေမြို့ပေါ်၌မရှိ။တောသို့သွား၍ပိုက်ဆံရှာဖွေရကြောင်း။ထို့ကြောင့်စက်ရှင်တရားသူကြီးက၎င်း၏လျောက်လွှာကိုပလပ်ပြီးဖြစ်သည်ဟုကြားသိရပြီးနောက်၊ရန်ကုန်မြို့ရှိတရားရုံးချုပ်တွင်နောက်ထပ်ပြင်ဆင်မှုတင်ရန်မိမိကိုယ်တိုင်ရန်ကုန်သို့မလာနိုင်ပါ။နေမကောင်းသည့်အပြင်ခရီးစရိတ်လည်းမရှိပါ။လူကြုံနှင့်အမှုတွဲကိုရန်ကုန်ပို့ရာတွင်၊ထိုလူကြုံကလမ်းခရီး၌အမှုတွဲကိုဖျောက်ပစ်သဖြင့်နောက်ထပ်အမှုတွဲပြုလုပ်၍ရှေ့နေကြီးဦးမောင်မောင်ခင်ထံသို့ပို့ရသဖြင့်နေ့ရက်များမလွဲမရှောင်သာဘဲကုန်ဆုံးသွားရပါသည်။ဦးမောင်မောင်ခင်က၊ဆာတာဆင် နှင့် ဘုရင်မင်းမြတ်အမှု၊အိုင်၊အယ်၊အာ(ရ်)၊လာဟို၊စာ၅၀၈ကိုတင်ပြသည်။၎င်းအမှုတွင်အောက်ပါအတိုင်းဆုံးဖြတ်ထားသည်ကိုတွေ့ရှိရသည်။


" Held: that the case Sant Singh v. Qaim (I) is distinguishable from the present case on the facts and especially inasmuch as that was a Civil Appeal. This appeal being a criminal one there is no ' successful litigant' who has secured any 'valuable right. The Crown cannot be said to gain anything by the appeal being dismissed as time barred as all that the Government is, or should be, anxious for is that justice should be done.”


အစိုးရဘက်မှလိုက်ပါဆောင်ရွက်သောအစိုးရရှေ့နေကြီးဦးတိုးမောင်က၊ကာလစည်းကမ်းသတ်ရက်ကျော်လွန်နေရခြင်းနှင့်ပတ်သက်၍မည်သို့မျှမကန့်ကွက်လိုပါ။တရားရုံးတော်၏သဘောအတိုင်းသာဖြစ်ပါသည်ဟုတင်ပြသွားသည်။”

———————————-


1966 BLR 921


ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် အွန်ချင်ရင်(ခ)ဦးဘိုးရင်


တရားသူကြီးဦးချစ်ရှေ့တွင်


တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၉၂၃နှင့်၉၂၄တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“ဤပြင်ဆင်မှုများ၌ပဌမစဉ်းစားရန်ရှိသောအချက်မှာ၊သာမန်အားဖြင့်ပြင်ဆင်မှုလျောက်လွှာစည်းကမ်းသတ်ရက်အပိုင်းအခြားမှာရက်ပေါင်း၆၀ဖြစ်သဖြင့်ယခုပြင်ဆင်မှုနှစ်မှုစလုံးကိုနိုင်ငံတော်ရှေ့နေချုပ်ကတင်သွင်းရာ၌သာမန်စည်းကမ်းသတ်ရက်၆၀ထက်ရက်ပေါင်း၁၀၀ကျော်လွန်နေသည်ကိုတွေ့ရှိရသည်။ထိုကဲ့သို့ရက်ပေါင်း၁၀၀ကျော်လွန်ကြောင်းနှင့်ပတ်သက်၍လက်ထောက်ယစ်မျိုးမင်းကြီး(အုပ်ချုပ်ရေး)ကကျမ်းကျိန်စာဖြင့်နှောင့်နှေးကြန့်ကြာရပုံအကြောင်းတို့ကိုအပြည့်အစုံဖော်ပြထားသည်။


လျောက်ထားခံရသူဘက်မှလည်းထိုကျမ်းကျိန်လွှာကိုကန့်ကွက်ပြီး၊အပြန်အလှန်ကျမ်းကျိန်လွှာတင်သွင်းခဲ့သည်။


ဤရုံးအနေနှင့်ပဌမစဉ်းစားရန်အချက်မှာ၊ဤမျှရက်ပေါင်းများစွာကျော်လွန်ပြီးမှတင်သွင်းသောပြင်ဆင်မှုလျောက်လွှာများကိုလက်ခံရန်အကြောင်းရှိမရှိဖြစ်သည်။


လျောက်ထားသူဘက်မှတင်သွင်းသောကျမ်းကျိန်လွှာတွင်ပါရှိသောအချက်အလက်များမှာတွဲဘက်ခရိုင်ရာဇဝတ်တရားသူကြီးရုံးက၊ယင်းအမှုများနှင့်ပတ်သက်၍အမိန့်ချမှတ်ပြီးသည့်နောက်၊စီရင်ချက်အမိန့်မိတ္တူကော်ပီကူးရန်အစီအစဉ်လုပ်ရာမှထိုမှတဆင့်မိတ္တူခများကိုပေးရန်သက်ဆိုင်ရာတို့ထံငွေတောင်းခံရခြင်း၊မိတ္တူများရရှိပြီးနောက်၊နိုင်ငံတော်ရှေ့နေချုပ်ရုံးသို့အကြံဉာဏ်များတောင်းခံရခြင်းများကိုတဆင့်ပြီးတဆင့်လုပ်နေရပါသဖြင့်မလွှဲမရှောင်သာသောကြောင့်ဤမျှရက်ပေါင်းများစွာစည်းကမ်းသတ်ရက်ကျော်လွန်ပြီးကြားနာရခြင်းဖြစ်ပါသည်။ထိုကဲ့သို့တဆင့်ပြီးတဆင့်လုပ်ကိုင်ဆောင်ရွက်ရာ၌လုလ္လဥဿဟပေါ့လျော့မှုမရှိပါဟုအဆိုပြုထားသည်။


ပြင်ဆင်မှုတွင်စည်းကမ်းသတ်ရက်၆၀သတ်မှတ်ခြင်းမှာဥပဒေအရသတ်မှတ်ခြင်းလည်းမဟုတ်။တရားရုံးချုပ်ကသာမန်အားဖြင့်စည်းကမ်းသတ်ရက်၆၀ဟုသတ်မှတ်၍၊ညွှန်ကြားချက်ပေးထားခြင်းသာလျင်ဖြစ်သည်။ထိုသို့ရက်ပေါင်း၆၀ကျော်မှပြင်ဆင်လွှာကိုတင်သွင်းလျင်၊အဘယ်ကြောင့်နှောင့်နှေးကြန့်ကြာရကြောင်းနှင့်ပတ်သက်၍ကျမ်းကျိန်လွှာတင်သွင်းပြီးထုချေလျင်၊တရားရုံးကထိုကျမ်းကျိန်လွှာပါအကြောင်းပြအချက်အလက်များသည်ဆီလျော်သင့်မြတ်သည်ဟုယူဆပါကခွင့်ပြုနိုင်သည်။


အိန္ဒိယပြည်တာဝန်ခံ နှင့် ဂိုမုတ်ဒတ်(စ်)၊အေ၊အိုင်၊အာ(ရ်)၊၁၉၂၉ခု၊ဆင်း၊စာ၂၁၁။ရန်ကုန်မြို့၊တရားရုံးချုပ်၊၁၉၆၄ခု၊တရားမပဌမအယူခံမှုအမှတ်၈၁၊၈၂နှင့်၈၃အမှုတွင်အောက်ပါအတိုင်းအဆုံးအဖြတ်ပေးထားသည်။


“The Act makes no distinction between Government and a private individual but it is abvious that considering an application under section 5 a distinction must be made. A private person has only himself to consider and must be presumed to be familiar with every aspect of his case. Government has to consider the public interest and cannot be expected to know the fact of each individual case. They require time for inquiry and consideration before taking action and must consult the local officers, to whom they cannot delegate their powers."


ထိုဆုံးဖြတ်ချက်ကို၊ဤရုံးနိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ် နှင့် မက်ဆား(စ်)ရွှေနှင်းဆီအင်တာပရိုက်(စ်)လီမီတက်။ပြည်သူ့ဘဏ်အမှတ်(၉) နှင့် မက်ဆား(စ်)ရှီး(စ)စီးကရက်ကုမ္ပဏီလီမီတက်။ပြည်သူ့ဘဏ်အမှတ်(၉) နှင့် မက်ဆား(စ်)နေရှင်နယ်စီးကရက်ကုမ္ပဏီပါ၁၆အမှုတို့တွင်လက်ခံအတည်ပြုထားသည်။


ထိုအထက်ဖော်ပြပါစီရင်ထုံးများကိုအထောက်အထားပြု၍ပြင်ဆင်မှုရက်စည်းကမ်းသတ်ကျော်လွန်ပြီးမှလျောက်ထားသောပြင်ဆင်လွှာများကိုခွင့်ပြုလိုက်သည်။”

—————————-


1950 BLR ( S C ) 172


TAN CHIT LYE (a) TET SHIN (a) MAW PEIN (APPELLANT)

                                   V.

THE UNION OF BURMA (RESPONDENT).


*Present: U E Maung, Chief Justice of the Union of Burma, MR. JUSTICEThein Maung and U Thaung Sein, J.


အမှုတွင်တရားလွှတ်တော်ချုပ်တရားသူကြီးချုပ်ဦးဧမောင်က၊စီရင်ထုံးစာမျက်နှာ၁၇၃နှင့်၁၇၄တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“The first point that was taken before us by the learned counsel for the appellant, placing reliance on a decision of the High Court of Judicature at Rangoon in King-Emperor v. U San Win (2), 10 Ran, 312  is that the appeal to the High Court being preferred more than three months after the order of acquittal should never have been accepted inasmuch as there appears in paragraph 828 of the Burma Courts Manual a caution that no appeals against acquittal " will ordinarily be sanctioned after the expiration of three months from the date of the order of acquittal. " But this after all is merely a departmental instruction and cannot over-ride the statutory provisions in Article 157 of the First Schedule to the Limitation Act, which allows an appeal against an order of acquittal to be preferred within six months from the date of the order of acquittal appealed from.Relying again on the same decision of the High Court of Judicature at Rangoon the learned counsel for the appellant also contended before us that no question of law having been involved in the appeal to the High Court - the appeal turning entirely on facts - that appeal was not competent.”


——————————————-


2005 BLR 28


ဦးစိုးမြင့် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ၂


တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊ဒုတိယတရားသူကြီးချုပ်ဦးသိန်းစိုးနှင့်တရားသူကြီးဦးခင်မောင်အေးတို့ရှေ့တွင်


အမှုတွင်တရားရုံးချုပ်အထူးခုံရုံးက၊စီရင်ထုံးစာမျက်နှာ၃၆၊၃၇နှင့်၃၈တို့တွင်အောက်ပါအတိုင်းသုံးသပ်၍ဆုံးဖြတ်သည်-


“ကာလစည်းကမ်းသတ်ကျော်လွန်နေသောအမှုများတွင်ကာလစည်းကမ်းသတ်ကျော်လွန်ရသည့်အကြောင်းရင်းအားခိုင်လုံစွာတင်ပြနိုင်ပါကအမှုကိုတရားရုံးကလက်ခံဆောင်ရွက်နိုင်ကြောင်းခွင့်ပြုထားသည့်အချက်ကိုလည်းတွေ့ရှိရသည်။တနည်းအားဖြင့်ဆိုသော်ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းအားတရားသူကြီး၏သင့်တော်ရာလုပ်ပိုင်ခွင့်အာဏာအရခွင့်ပြုသင့်မသင့်ဆုံးဖြတ်ခွင့်ရှိသည်။ပြစ်မှုဆိုင်ရာပြင်ဆင်မှုတင်သွင်းလာခြင်းအပေါ်အလားတူဆုံးဖြတ်ပိုင်ခွင့်အာဏာပေးထားကြောင်းလည်းတွေ့ရှိရသည်။


သင့်တော်ရာလုပ်ပိုင်ခွင့်အာဏာကိုသုံးစွဲမည်ဆိုပါကတရားနည်းလမ်းတကျကျင့်သုံးကြရန်တရားသူကြီးအဆက်ဆက်တို့ကလက်ခံခဲ့ကြပြီးဖြစ်သည်။တရားနည်းလမ်းတကျဆိုရာတွင်သက်ဆိုင်ရာအမှုများအားကြားနာခြင်း၊အကြောင်းပြချက်များခိုင်လုံမှုရှိမရှိစိစစ်ခြင်း၊ရှေးဦးဖြတ်ထုံးပါမူများကိုအလေးထားခြင်း၊လက်ရှိတည်ဆဲဥပဒေများနှင့်ညီညွတ်မှုရှိမရှိစိစစ်ခြင်းစသည့်အချက်များပါဝင်သည်ဟုသုံးသပ်ရရှိသည်။


ဤအမှုတွင်ကာလစည်းကမ်းသတ်ကိစ္စကိုစဉ်းစားရာတွင်သက်ဆိုင်ရာအမှုသည်များအားလျောက်ထားတင်ပြခွင့်ပြုခဲ့ကြောင်းတွေ့ရှိရသည်။အလားတူကာလစည်းကမ်းသတ်ကျော်လွန်မှုများကိုတရားရုံးများကလက်ခံဆောင်ရွက်ခဲ့သောရှေးအစဉ်အလာများလည်းအထင်အရှားရှိခဲ့ကြောင်းတွေ့ရှိရသည်။အကြောင်းပြချက်များခိုင်လုံသဖြင့်ကာလစည်းကမ်းသတ်ကျော်လွန်သောပြစ်မှုဆိုင်ရာပြင်ဆင်မှုကိုတရားရုံးချုပ်ကလက်ခံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။တရားရုံးချုပ်၏အမိန့်သည်ဥပဒေတရပ်ရပ်နှင့်ဆန့်ကျင်သည်ဟုဆိုနိုင်သောအကြောင်းလည်းမတွေ့ရပေ။


ပြစ်မှုဆိုင်ရာပြင်ဆင်မှုများလျောက်ထားတင်သွင်းရန်အတွက်ကာလစည်းကမ်းသတ်ကိစ္စကိုဥပဒေတရပ်အဖြစ်ပြဌာန်းခဲ့ကြောင်းမတွေ့ရပေ။တရားရုံးများလက်စွဲအပိုဒ်၇၆၆ပါသတ်မှတ်ချက်ကာလကျော်လွန်သောပြစ်မှုဆိုင်ရာပြင်ဆင်မှုကိုလက်ခံဆောင်ရွက်ခြင်းပြုသင့်မသင့်မှာတရားသူကြီး၏သင့်တော်ရာလုပ်ပိုင်ခွင့်သက်သက်သာဖြစ်သည်။ပြစ်မှုဆိုင်ရာပြင်ဆင်မှုများလက်ခံဆောင်ရွက်ပေးခြင်းမှာလည်းအမှုသည်တို့၏အခွင့်အရေးတရပ်အနေဖြင့်လက်ခံဆောင်ရွက်ခြင်းမဟုတ်ဘဲတရားရုံးများကတာဝန်တရပ်အနေဖြင့်ဆောင်ရွက်ပေးခြင်းဖြစ်သည်။အယူခံမှုများကိုလက်ခံဆောင်ရွက်ခြင်းနှင့်ကွာခြားသည်။ပြစ်မှုဆိုင်ရာပြင်ဆင်မှုကိုနှစ်ဖက်ကြားနာနိုင်ရန်လက်ခံလိုက်ခြင်းသက်သက်သည်တရားမျှတမှုကိုမထိခိုက်ဟုဆိုရမည်။ဥပဒေတရပ်ရပ်နှင့်ဆန့်ကျင်သည်ဟုမဆိုနိုင်ပေ။


ထို့ကြောင့်တရားရုံးများလက်စွဲအပိုဒ်၇၆၆အရသတ်မှတ်သည့်စည်းကမ်းသတ်ကာလထက်လွန်စွာကျော်လွန်ပြီးမှတင်သွင်းလာသည့်ပြင်ဆင်မှုအားလက်ခံဆောင်ရွက်ခြင်းသည်ဥပဒေနှင့်ဆန့်ကျင်မှုမရှိကြောင်းဖြေကြားသည်။


အထူးအယူခံမှုကိုပလပ်ကြောင်းအမိန့်ချမှတ်လိုက်သည်။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ