အယူခံဝင်သောအခါတင်သွင်းရမည့်ဒီကရီမိတ္တူများအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အယူခံဝင်သောအခါတင်သွင်းရမည့်ဒီကရီမိတ္တူများအကြောင်း


တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆ပါပြဌာန်းချက်များအရဆိုပါမူဒီကရီကိုအယူခံဝင်နိုင်သည်။


စီရင်ချက်ကိုအယူခံဝင်ခြင်းမဟုတ်။


တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၁အရ၊အယူခံလွှာတင်သွင်းရာ၌၊အယူခံလွှာနှင့်အတူအယူခံသောဒီကရီမိတ္တူနှင့်စီရင်ချက်မိတ္တူကိုပူးတွဲတင်သွင်းရမည်ဖြစ်သည်။


စီရင်ချက်မိတ္တူကိုမူကားအယူခံရုံးကခွင့်ပြုလျင်တင်သွင်းခြင်းမပြုဘဲနေနိုင်သည်။


သို့သော်ဒီကရီမိတ္တူကိုအယူခံလွှာနှင့်အတူတင်သွင်းရမည်ဖြစ်သည်။


ယင်းသို့ဒီကရီမိတ္တူပူးတွဲ၍အယူခံလွှာကိုတင်သွင်းခြင်းမပြုလျင်ထိုအယူခံသည်တရားဝင်သောအယူခံမဟုတ်ချေ။


1962 BLR ( H C ) 152 စီရင်ထုံးကိုကြည့်ပါ။

——————————


Upper Burma Rulings(1921-22)


Volume IV, Page 75 


MAUNG PO SAUNG AND Two v. MA MUN.


Before Mr. H. A. Brown, Esq., B.A., I.C.S:, Barrister-at-Law


အမှုတွင်၊ဒီကရီကိုအယူခံဝင်သောအယူခံတရားလိုသည်မိမိအယူခံလွှာနှင့်အတူအယူခံဝင်သောဒီကရီမိတ္တူကိုပူးတွဲတင်ပြရန်တာဝန်ရှိသည်။ထိုမိတ္တူတင်သွင်းခြင်းမပြုသေးသရွေ့တရားရုံးရှေ့တွင်တရားဝင်အယူခံမှုဟူ၍မရှိ။ဒီကရီမိတ္တူကိုကာလစည်းကမ်းသတ်ဥပဒေကခွင့်ပြုသောစည်းကမ်းသတ်ကာလအတွင်းတင်သွင်းခြင်းမပြုလျင်အယူခံလွှာကိုအချိန်မီတင်သွင်းစေကာမူအယူခံမှုမှာစည်းကမ်းသတ်ကာလကျော်လွန်သည်ဟု၊အင်္ဂလိပ်တရားသူကြီး Mr. H. A. Brown ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“Code of Civil Procedure-Order XLI, Rule 1.


An appellant against a decree is bound to file a copy of the decree appealed against with his memorandum of appeal, and until the copy is filed there is no proper appeal before the Court-if the copy of the decree is not filed within the period allowed by the law of limitation, the appeal is barred by limitation.”


စီရင်ထုံးစာမျက်နှာ၇၅တွင်၊ Mr. H. A. Brown ကအောက်ပါအတိုင်းသုံးသပ်သည်-


“The memorandum of appeal in this case was filed on the 6th July 1920.It was noted in the diary by the Registrar on the occasion of its being filed that the decree of the District Court (which is the decree appealed against) was not filed. This note was apparently overlooked when the case came on for hearing as to admission. The appeal was admitted and was finally argued before me. On looking through the papers prior to writing the judgment, and after the hearing of the appeal had been concluded, I noticed that there was still no copy of the decree on the record. I then gave further time for further application in the matter. A copy of the decree has since been filed, but the question arises whether that copy can be accepted, and whether the appeal must not entirely fail.”


စီရင်ထုံးစာမျက်နှာ၇၆နှင့်၇၇တွင်အောက်ပါအတိုင်းပြည့်ပြည့်စုံစုံသုံးသပ်၍၊အဆုံးအဖြတ်ပြုသည်-


It is contended on behalf of the appellant that the first sentence of Rule 1 of Order XLI stands by itself, and that the appeal is preferred on the presentation of a memorandum.


But the rule must be read as a whole, and it is quite clear that the rule makes it obligatory on the appellant to file a copy of the decree with the memorandum.


If such memorandum is not filed, then the appeal cannot be accepted by the Court. 'The Judicial pronouncements of the Indian Courts on the point are very clear, and I have not been referred to any authority for a contrary view.. I can see no. good reason for not following these decisions.


I hold that there was no proper appeal before this Court when the parties were heard. The copy of the decree was filed only after an interval of about a year from the filing of the memorandum of appeal, and by that time the period allowed by the law of limitation for the filing of an appeal had long expired.


Nor do I think that I can overlook this defect simply because the appeal was as a matter of fact admitted and argued. If there was no appeal before the Court, the Court had no jurisdiction to entertain the matter, and I think that the Court is bound to take cognizance of the fact that it has no jurisdiction however that may be brought to its notice, and at whatever stage of the proceedings.


Finally, it is suggested that the Court should admit the appeal now under the provisions of section 5 of the Indian Limitation Act. It does not seem to me that there is any material before the Court which would justify me in holding that there has been sufficient cause for the failure to file the appeal until about a year after the period allowed by the law of limitation.


It was noted at the time of presentation of the memorandum that the copy of the decree was wanting, and there is no affidavit of any kind explaining the reason for not supplying the deficiency. I must hold that there was no proper appeal before the Court until long after the period allowed by law of limitation.


'I dismiss this appeal with costs.”

————————————-


1976 BLR 41 


ဦးပုလေး နှင့် ဒေါ်ချစ်


ဥက္ကဌအဖြစ်ဦးကြည်မြ၊အဖွဲ့ဝင်များအဖြစ်ဗိုလ်မှုးကြီးလှမောင်နှင့်ဦးထွန်းအောင်ကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၄၂၌ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်သည်-


“ရန်ကုန်တိုင်းတရားရုံးက၊ကာလစည်းကမ်းသတ်အပေါ်တွင်အခြေပြု၍ဦးပုလေး၏အယူခံကိုပလပ်ခြင်းနှင့်ပတ်သက်၍ရှေးဦးစွာစဉ်းစားရန်လိုပေလိမ့်မည်။တိုင်းတရားရုံးသို့ဦးပုလေး၏အယူခံလွှာကိုတင်သွင်းသောအခါတွင်မြို့နယ်တရားရုံး၏ဒီကရီမိတ္တူပူးတွဲပါရှိခြင်းမရှိချေ။ယင်းဒီကရီမိတ္တူကိုနောက်မှတင်သွင်းခဲ့သည်။ထိုသို့တင်သွင်းချိန်တွင်ကာလစည်းကမ်းသတ်ကျော်လွန်လျက်ရှိပြီးဖြစ်သည်။အယူခံမှုတင်သွင်းသောအခါတွင်မူလရုံး၏ဒီကရီမိတ္တူကိုပူးတွဲတင်သွင်းရန်လိုအပ်ကြောင်းမှန်ပေသည်။သို့သော်တခါတရံမလွဲမရှောင်သာသောအကြောင်းရှိ၍အယူခံလွှာကိုအချိန်မီတင်သွင်းပြီးဒီကရီမိတ္တူကိုနောက်မှတင်သွင်းခွင့်ပြုရန်တောင်းဆိုလေ့ရှိသည်။ဤကဲ့သို့အယူခံလွှာကိုလက်ခံထားပြီးဒီကရီမိတ္တူကိုနောက်မှတင်သွင်းရန်ခွင့်ပြုလျင်၊ယင်းဒီကရီကိုကာလစည်းကမ်းသတ်နေ့ရက်ကျော်လွန်ပြီးမှတင်သွင်းသော်လည်းအယူခံကိုကာလစည်းကမ်းသတ်အတွင်းတင်သွင်းသည်ဟုမှတ်ယူရမည်ဖြစ်သည်။”

———————————-


အယူခံဝင်သောဒီကရီကိုစည်းကမ်းသတ်ကာလကျော်မှတင်သွင်းစေရန်အယူခံရုံးကခွင့်ပြုနိုင်ကြောင်းပြဌာန်းချက်တစုံတရာမရှိချေ။


အယူခံလွှာကိုမြန်မြန်တင်သွင်း၍အယူခံရုံးမှဆိုင်းငံ့မိန့်တောင်းရန်လိုသောအမှုများတွင်မူလရုံး၏ဒီကရီမိတ္တူတောင်းယူရာ၌ကြန့်ကြာနေရခြင်းကြောင့်စီရင်ချက်မိတ္တူသာတင်ပြ၍အယူခံဝင်ရသည့်ကိစ္စများကိုတွေ့ကြုံဖူးပါသည်။


အမှုတမှုတွင်တိုင်းတရားရုံးတရုံး၏ဒီကရီမိတ္တူကူးရာ၌၊တနှစ်ကျော်ကြာခဲ့သည်ကိုတွေ့ရ၍ယခင်ဗဟိုတရားရုံးကသတိပေးဖူးပါသည်။


ဤကဲ့သို့အကျပ်အတည်းတွေ့ရသောအချက်တွင်၊မောင်ဖိုးဆောင်စီရင်ထုံး( IV UBR 75 )သည်၊မမျှမတမဖြစ်စေဘူးလားဟုစောဒကတက်ဖွယ်ရှိပါသည်။


ဥပဒေပြဌာန်းချက်မှာရှင်းပါသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရဆိုလျင်ဒီကရီကိုအယူခံဝင်ခြင်းဖြစ်သည်။


စီရင်ချက်ကိုအယူခံဝင်ခြင်းမဟုတ်။


ဒီကရီမိတ္တူမပါဘဲတင်သွင်းသည့်အယူခံသည်တရားဝင်အယူခံမဟုတ်ချေ။

—————————————


1959 BLR ( H C ) 187 


MA AYE KYIN (APPELLANT)

                      V.

DAW NYEIN AND TWO OTHERS (RESPONDENTS).*


Before U Aung Khine and U Ba Thoung, JJ.


အမှုတွင်၊တရားလွှတ်တော်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“Under s. 96 of the Civil Procedure Code, an appeal lies from a decree and not from a judgment, and Order XLI, Rule 1, sub-rule (1) provides inter alia that the memorandum of appeal shall be accompanied by a copy of the decree appealed from.”


စီရင်ထုံးစာမျက်နှာ၁၈၉နှင့်၁၉၀တွင်၊တရားလွှတ်တော်တရားဝန်ကြီးဦးအောင်ခိုင်ကအောက်ပါအတိုင်းသုံးသပ်သည်-


“In this appeal although the appellant mentioned that she was aggrieved by the judgment and decree dated the 5th November 1957, in Suit Nos. 2 and 4 of 1956 of the District Court of Toungoo, she filed only a copy of the decree in Suit No. 4. At the beginning of the hearing the learned Advocate for the appellant argued as if he were appealing against both the decrees in Suit Nos. 2 and 4.


He conceded, when pointed out that there was no copy of the decree of Suit No. 2 filed along with his appeal, that he is barred by law to appeal against the decree in Suit No. 2. Under section 96 of the Civil Procedure Code, an appeal lies from a decree and not from a judgment, and Order XLI, Rule 1, sub-rule (1) provides inter alia that the memorandum of appeal shall be accompanied by a copy of the decree appealed from.


Although the lower Court wrote a single judgment in the above two suits, we find on reference that there were two separate decrees passed.


Therefore, it is quite clear that there has been no proper appeal against the decree in Suit No. 2.


Finally, the learned Advocate for the appellant submitted to the Court that in spite of what has been stated in the preamble to the grounds of appeal filed in this Court, he would argue in respect of the appeal against the decree in Suit No. 4 only.


All that the learned Advocate asked for now is to have Suit No. 4 remanded to the lower Court to enable the appellant to adduce evidence to substantiate that she is the adopted daughter of the deceased U E Choe.”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ