1948 BLR ( H C ) 866
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1948 BLR ( H C ) 866
U ZAGARA (PLAINTIFF) Vs. U SANDAWBATHA (DEFENDANT).*
Before U Bo Gyi, J.
အမှုသည်၊အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်နှင့်လက်ရှိထားပိုင်ခွင့်အပေါ်အခြေခံသောအမှုဖြစ်ပုံပေါ်သည်။
အမှုတွင်တရားလိုကပုဂ္ဂလိကကျောင်းတိုက်ပိုင်ရှင်ဖြစ်သည်။
“ထို့ပြင်”/“သို့မဟုတ်”ကျောင်းထိုင်ဆရာတော်ဖြစ်သည်ဟုအဆိုပြုကာအချင်းဖြစ်ကျောင်းတိုက်မှတရားပြိုင်အားနှင်ထုတ်ပေးရန်တရားစွဲဆိုပါသည်။
ပုဂ္ဂလိကကျောင်းတိုက်ပိုင်ရှင်ဖြစ်သည်၊”ထို့ပြင်”/“သို့မဟုတ်”ကျောင်းထိုင်ဆရာတော်ဖြစ်သည်ဟူ၍အဆိုပြုသောအဆိုလွှာမျိုးယခုအခါမတွေ့ရပါ။
“ထို့ပြင်”ဟုအဆိုပြုခြင်းက၊တရားလိုသည်အချင်းဖြစ်ကျောင်းတိုက်၏ပုဂ္ဂလိကပိုင်အနေအထားအပြင်ကျောင်းထိုင်ဆရာတော်အနေအထားအရလည်းတရားစွဲဆိုခြင်းဖြစ်သည်။
“သို့မဟုတ်”ဟူသောစကားရပ်က”ပုဂ္ဂလိကကျောင်းတိုက်ပိုင်သူဖြစ်သည်”သို့မဟုတ်”ကျောင်းထိုင်ဆရာတော်ဖြစ်သည်”ဟူသောအနေအထားနှစ်ရပ်အနက်တရပ်”မဟုတ်“တရပ်အနေအထားအရတရားစွဲခြင်းဖြစ်သည်ဟုအဆိုပြုခြင်းဖြစ်သည်။
ထိုအမှုမှာသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈အရတရားစွဲဆိုသောအမှုဖြစ်သည်။
ဒေါ်ဆင့်ဆိုသူကတရားလိုအားအချင်းဖြစ်ကျောင်းတိုက်ကို”နှုတ်”ဖြင့်လှုဒါန်းခြင်းဖြစ်သည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၃အရစာချုပ်ချုပ်ဆိုလှုဒါန်းပါမှလှုဒါန်းခြင်းအထမြောက်မည်ဖြစ်သည်။
“ထိုသို့လွှဲပြောင်းခြင်းမပြုဘဲနှုတ်ဖြင့်လှုဒါန်းကြောင်းနှုတ်သက်သေခံချက်တို့သည်သက်သေခံအက်ဥပဒေပုဒ်မ၉၁အရသက်သေခံမဝင်”ဟုစီရင်ထုံးစာမျက်နှာ၈၇၂တွင်၊တရားဝန်ကြီးဦးဘိုကြီးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“For all the above reasons I hold that the plaintiff is not the poggalika owner of the, suit kyaunedike.”
ထိုသို့သုံးသပ်ပြီးနောက်တရားလိုသည်ကျောင်းထိုင်ဆရာတော်မဖြစ်နိုင်ပုံကိုဆက်လက်ဆင်ခြင်ဆုံးဖြတ်သည်။
စီရင်ထုံးခေါင်းစဉ်တွင်-
"Where the gift of a kyaungdike is invalid for want of a registered deed it must be considered to be Sanghika property ....."
ဟုပြဌာန်းထားသည်ကိုတွေ့ရသည်။
စီရင်ထုံးစာမျက်နှာ၈၇၅၌၊တရားဝန်ကြီးဦးဘိုကြီး၏သုံးသပ်ချက်မှာမှတ်သားနာယူဖွယ်ဖြစ်သည်-
"After all, as Sayadaw U Khemasara says, nowadays people throughout Burma, ecclesiastical or lay, must be governed by methods of democracy. In facts, the Buddhist Brotherhood is a democratic institution and there is a saying, "သံဃာအား ဘုရားသော်မှ မဆန်သာ။" which is the Burmese equivalent of vox populi vox dei."
စစ်ကြိုခေတ်မတိုင်မီကာလက၊ဗုဒ္ဓဘာသာ၊သာသနာနှင့်သက်ဆိုင်သည့်မှုခင်းများကိုလူဝတ်ကြောင်များ(laymen)ဖြစ်ကြသောတရားသူကြီးများကစီရင်ခဲ့ကြသည်။
နိုင်ငံခြားသားဖြစ်သောရုံးထိုင်တရားဝန်ကြီးများလည်းစီရင်ခဲ့ကြသည်ကိုစီရင်ထုံးများတွင်အထင်အရှားတွေ့မြင်နိုင်သည်။
1948 BLR ( H C ) 866အမှုတွင်အဆိုလွှာရေးသောမြန်မာနိုင်ငံသားတရားလွှတ်တော်ရှေ့နေသည်ဆိုင်ရာဥပဒေများကိုကျေကျေညက်ညက်လေ့လာမိပုံမပေါ်။
အကြောင်းမူတရားလိုသည်တရားစွဲဆိုပိုင်ခွင့်အနေအထား(locus standi)ရှိသူမဟုတ်ဟူသောအကြောင်းပြချက်အရအမှုရှုံးသည်။
စီရင်ထုံးစာမျက်နှာ၈၇၆နှင့်၈၇၇တွင်တရားဝန်ကြီးဦးဘိုကြီးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“If the case were to be decided according to justice, equity and good conscience as required under sub-section (3) of section 13 of the Burma Laws Act, the result would be the same: for no co-owner of property can oust the other co-owner from the property, each being equally entitled to possession.
Now, since the plaintiff has failed to establish his locus standi to bring the present suit I need not try the remaining issues.
Before parting with the case, I cannot help remarking that if this dispute were adjudicated on by ecclesiastical authorities, the result might be different, the learned Sayadaws on both sides being agreed that under the Vinaya U Eindawuntha could make a valid gift of the kyaungdike (assuming it to be his poggalika property) to Daw Sint, who in her turn could validly gift it to the plaintif.
But modern law impinges on the rules of an ancient civilization and the Civil Courts have to have regard to both.
In the result, the suit is dismissed. Both parties being Buddhist monks, there will be no order as to costs.”
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈၏အဓိပ္ပာယ်အရတရားလိုသည်တရားပြိုင်သီတင်းသုံးသောကျောင်းတိုက်ကိုလက်ရောက်ရထိုက်သူမဟုတ်၍အရေးနိမ့်ခြင်းဖြစ်ရာ၊တရားပြိုင်ကိုနှင်ထုတ်ရန်တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်၍အမှုရှုံးရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၁)တွင်ပါရှိသောဘာသာ၊သာသနာဆိုင်ရာထုံးတမ်း၊ဗုဒ္ဓဘာသာ၊သာသနာတော်နှင့်ဆိုင်သောဓမ္မသတ်တို့မှာနားလည်ရလွယ်သည်မဟုတ်။
တရားရုံးများကထိုအမှုမျိုးကိုစီရင်ခွင့်အာဏာမရှိတော့ခြင်းသည်ရှေ့နေရှေ့ရပ်တို့ကိုများစွာသက်သာရာရောက်စေသည်ဟုဆိုရပါမည်။
ဘီအယ်လ်သင်တန်းတွင်ထိုဥပဒေကိုမြန်မာဓလေ့ထုံးတမ်းဥပဒေ၏တစိတ်တဒေသအဖြစ်သင်ယူရသည်။
တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုကျေကျေညက်ညက်သိရန်မလွယ်သောအမှုများရှိကြောင်း၊ရှေ့နေရှေ့ရပ်များကောင်းစွာသဘောမပေါက်သေးကြောင်းညွှန်ပြလျက်ရှိသည်ကိုသတိမူရန်အသိပေးလိုပါသည်။
စီရင်ထုံးစာမျက်နှာ၈၇၆တွင်၊တရားဝန်ကြီးဦးဘိုကြီးကအောက်ပါအတိုင်းပြဆိုသည်-
“for no co-owner of property can oust the other co-owner from the property, each being equally entitled to possession.”
ဤဘေးကြပ်နံကြပ်အခြေအနေတွင်လက်ရောက်ရရန်အကြောင်းမရှိသည့်ဥပဒေသဘောကိုအဆိုလွှာရေးသူသတိထားသင့်သည်။
ဥပဒေအပြောကျယ်ခြင်းကဖန်တီးသော”မောဟ”သည်အဆိုလွှာရေးသူအားအမှုပုံစံမှန်ကိုဖုံးကွယ်ထားပုံပေါ်သည်။
အဆိုလွှာကိုမရေးမီတရားလိုအားအမှုအနိုင်ရစေမည့်အကြောင်းခြင်းရာများကိုရှာဖွေသည့်ကိစ္စသည်မလွယ်ကြောင်းဤအမှုကသာဓကပြသည်။
Comments
Post a Comment