အငှါးသက်တမ်းအတွင်းဆန့်ကျင်လက်ရှိထားခြင်းမရှိနိုင်။ 25 Madras 507(511)စီရင်ထုံးနှင့် AIR 1951 All 634စီရင်ထုံးများကိုကြည့်ပါ။

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အငှါးသက်တမ်းအတွင်းဆန့်ကျင်လက်ရှိထားခြင်းမရှိနိုင်။

25 Madras 507(511)စီရင်ထုံးနှင့်

AIR 1951 All 634စီရင်ထုံးများကိုကြည့်ပါ။

—————————

အခမဲ့နေထိုင်သူသည်အခမဲ့ထားသောဥပစာကိုလက်ရှိထားခြင်းသည်ခွင့်ပြုသူအားမဆန့်ကျင်ခြင်း။ဒေါ်ရှုတင်အမှု၊ 1991 BLR 138

—————————

ချေလွှာတွင်ချေပထားခြင်းမရှိသောအချက်ကိုအယူခံတွင်အကြောင်းပြပိုင်ခွင့်မရှိခြင်း။ဦးကျော်ဇံအမှု၊ 1978 BLR 8

—————————-


1991 BLR 138 


ဒေါ်ရှုတင်ပါ၂ နှင့် ဦးမောင်ဆင့်


တရားရုံးချုပ်တရားသူကြီးဦးမျိုးထွန်းလင်းရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၄၀တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“ဤအယူခံတွင်အယူခံတရားလို၏ရှေ့နေကအခြားအချက်များအပြင်အယူခံတရားပြိုင်ဦးမောင်ဆင့်စွဲဆိုသောအမှုသည်ကာလစည်းကမ်းသတ်ကျော်လွန်နေခြင်းကြောင့်ဒီကရီချမှတ်ခြင်းမှာမှားယွင်းကြောင်းအဓိကအယူခံအကြောင်းပြချက်အဖြစ်တင်ပြထားသည်။ဒေါ်ရှုတင်သည်အချင်းဖြစ်အိမ်၏မူလပိုင်ရှင်ဒေါ်ငွေသင်နှင့်အတူလွန်ခဲ့သောနှစ်(၃၀)ခန့်ကပင်အတူနေထိုင်လာခဲ့ရာမှဒေါ်ငွေသင်ကွယ်လွန်သည့်အခါဆက်လက်နေထိုင်ခဲ့ကြောင်းထင်ရှားသည့်အပြင်လက်မဲ့ဖြစ်သူဒေါ်လှအုန်းကဦးမောင်ဆင့်သို့ရောင်းချခြင်းဖြစ်၍ကာလစည်းကမ်းသတ်ဥပဒေ၊ပထမဇယား၊အပိုဒ်၁၃၆အရဒေါ်ငွေသင်ကွယ်လွန်သည့်နေ့မှ(၁၂)နှစ်အတွင်းမစွဲဆိုခြင်းကြောင့်ကာလစည်းကမ်းသတ်ကျော်လွန်နေခြင်းဖြစ်ကြောင်းတင်ပြခြင်းဖြစ်သည်။


အယူခံတရားပြိုင်၏ရှေ့နေကအယူခံတရားပြိုင်ဦးမောင်ဆင့်ကဤအမှုကိုပိုင်ရေးဆိုင်ခွင့်အခြေခံစွဲဆိုခြင်းဖြစ်ကြောင်း၊အယူခံတရားလိုဒေါ်ရှုတင်တို့သည်မူလပိုင်ရှင်ဒေါ်ငွေသင်၏ခွင့်ပြုချက်အရနေထိုင်သူများသာဖြစ်၍ဆန့်ကျင်ပိုင်ဆိုင်ခွင့်မရှိကြကြောင်း၊ဒေါ်ရှုတင်တို့ကဦးမောင်ဆင့်အပေါ်စွဲဆိုသောမြိတ်အရှေ့မြို့နယ်တရားရုံး၊တရားမကြီးမှုအမှတ်၁၀/၈၆တွင်လည်းယင်းအချက်ကိုဆုံးဖြတ်ပြီးဖြစ်ကြောင်းနှင့်တရားလိုစွဲဆိုသောအမှုကာလစည်းကမ်းသတ်မကျော်လွန်ကြောင်း၊စောယူဟုတ် နှင့် မဖိုးရင်အမှု(အေအိုင်အာရ်၊၁၉၃၄၊ရန်ကုန်၊စာ-၂၂၃)ကိုကိုးကားတင်ပြသည်။”


တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၁၄၂တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“ထို့ကြောင့်အချင်းဖြစ်အိမ်တွင်မူလပိုင်ရှင်ဒေါ်ငွေသင်၏ခွင့်ပြုချက်ဖြင့်နေထိုင်ခဲ့သူအယူခံတရားလိုဒေါ်ရှုတင်သည်ပိုင်ရှင်အားဆန့်ကျင်လက်ရှိပိုင်ဆိုင်ခွင့်မရနိုင်ချေ။ဆန့်ကျင်လက်ရှိထားပိုင်ခွင့်မရှိသည်နှင့်အမျှထိုအိမ်တွင်လွန်ခဲ့သောနှစ်ပေါင်း(၃၀)ကျော်ကနေထိုင်ခဲ့ခြင်းဖြစ်၍တရားလိုစွဲဆိုသောအမှုကာလစည်းကမ်းသတ်ကျော်လွန်နေကြောင်းအယူခံတရားလို၏ရှေ့နေတင်ပြသည့်အချက်မှာလက်ခံစဉ်းစားစရာမရှိတော့ပေ။


မြိတ်အရှေ့မြို့နယ်တရားရုံး၊တရားမကြီးမှုအမှတ်၁၀/၈၆တွင်ဒေါ်ရှုတင်တို့ကဦးမောင်ဆင့်နှင့်ဒေါ်လှအုန်းတို့အပေါ်အချင်းဖြစ်အိမ်ကိုလက်ရှိဆန့်ကျင်ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးရန်စွဲဆိုရာဒေါ်ရှုတင်တို့သည်မူလပိုင်ရှင်ဒေါ်ငွေသင်၏အခမဲ့ခွင့်ပြုချက်ဖြင့်နေထိုင်သူများဖြစ်ကြ၍နှစ်ပေါင်းမည်မျှပင်နေခဲ့ကြစေကာမူဆန့်ကျင်ပိုင်ဆိုင်ခွင့်မရနိုင်ဟုမြို့နယ်တရားရုံးကဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်းကိုလည်းအယူခံတရားလို၏ရှေ့နေကချေပတင်ပြနိုင်ခြင်းမရှိချေ။


အယူခံတရားလိုတို့၏ရှေ့နေကအပတိဌသမီးဖြစ်ကြောင်းလည်းတင်ပြသည်။ယင်းအချက်ကိုချေလွှာတွင်ချေပခြင်းမပြုခဲ့သည့်ပြင်မူလမှုတွင်လည်းသက်သေထင်ရှားပြခဲ့ခြင်းအလျဉ်းမရှိချေ။ခွင့်ပြုချက်အရနေသူသာဖြစ်ကြောင်းထင်ရှားနေရာဒေါ်ရှုတင်သည်ဒေါ်ငွေသင်၏အပတိဌသမီးအဖြစ်နေခဲ့သည်ဟုအယူခံတွင်အကြောင်းပြချက်တရပ်အဖြစ်တင်ပြထားခြင်းမှာလည်းလက်ခံစရာအကြောင်းမရှိချေ။”

———————————-


A. I. R. 1934 Rangoon 223


Saw En Hoke-Appellant.

                 V.

Ma Po Yin and others -Respondents.


DUNKLEY, J.


အမှုတွင်၊တရားသူကြီး Dunkley ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“Limitation Act (1908), Art. 136-Both actual or constructive possession is contem-plated-"Out of possession' implies possession adverse to vendor Test is whether vendor's suit would succeed or fail--If vendor would succeed, vendee also must succeed.


Possession contemplated by Art. 136, is not confined to actual occupation only; it also includes constructive possession.


The expression out ot possession, as used in Art. 136 implies that some person is in possession adversely to the vendor. 


Time does not begin to run under Art. 136, until the property is held in possession adverse to the vendor. 


The question for decision in applying Art. 136 is whether, if there had been no second sale, and the vendor had brought the suit for possession, he would have succeeded.


IF he would have succeeded, then the vendee must succeed in the suit brought by him:


A I R 1918 Cal 68 and 9 I C 495. Rel on”

———————————-


1978 BLR 8


ဦးကျော်ဇံ နှင့် ဦးစောလှအောင်


ဥက္ကဌအဖြစ်ဦးတင်အောင်၊အဖွဲ့ဝင်များအဖြစ်ဦးအေးမောင်နှင့်ဦးသန့်စင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“ချေလွှာတွင်ချေပထားခြင်းမရှိသောအချက်ကိုအယူခံတွင်အကြောင်းပြပိုင်ခွင့်မရှိခြင်း။


ဆုံးဖြတ်ချက်။    ။အယူခံတရားပြိုင်သည်၁၉၄၅ခုနှစ်၊မေလတွင်ပိုင်ဆိုင်သူမဟုတ်ဟုအယူခံတရားလိုက၎င်း၏ချေလွှာအားဖြင့်ချေပထားခြင်းမရှိ၍မူလရုံးကယင်းအချက်နှင့်ပတ်သက်၍ငြင်းချက်ထုတ်ခြင်း၊အစစ်ခံချက်များရယူခြင်းမရှိကြောင်းတွေ့ရသည်။


တရားမကျင့်ထုံးဥပဒေအမိန့်၈၊နည်း၂တွင်တရားပြိုင်သည်မိမိ၏ချေလွှာအားဖြင့်တရားလို၏အမှုမှာမည်သည့်အကြောင်းကြောင့်စွဲဆိုခွင့်မရှိကြောင်းကိုအတိအကျထည့်သွင်းထုချေရမည်ဟုပြဌာန်းထားပြီးနောက်၊နည်း၅တွင်ထိုသို့ထုချေခြင်းမရှိလျင်တရားလို၏တင်ပြချက်ကိုဝန်ခံသည်ဟုကောက်ယူရမည်ဟုပြဌာန်းထားသည်။


မိမိကထိုသို့မထုချေခဲ့၍နစ်နာသည်ဟုယူဆလျင်အမိန့်၆၊နည်း၁၇အရဤဒုတိယအယူခံမှုတက်ရောက်သည့်အဆင့်အထိချေလွှာကိုပြင်ဆင်ရန်လျောက်ထားနိုင်ခွင့်ရှိသည်။သို့သော်ထိုသို့လျှောက်ထားခဲ့ခြင်းမရှိပေ။


ယင်းသို့ဆောင်ရွက်ပိုင်ခွင့်များရှိပါလျက်ကျင့်သုံးခဲ့ခြင်းမရှိသည်ကိုယခုမှထည့်သွင်းစဉ်းစားရန်သင့်လျော်မည်မဟုတ်ပေ။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]