ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


“28. At the determination of the period hereby limited to any person for instituting a suit for possession of any property, his right to such property shall be extinguished.”


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈သည်၊ကာလစည်းကမ်းသတ်အက်ဥပဒေအပိုင်း၄ပါပုဒ်မ(၃)ရပ်အနက်နောက်ဆုံးပုဒ်မဖြစ်သည်။


ထိုပုဒ်မ(၃)ရပ်၏အနှစ်ချုပ်ကို၊”Acquisition of Ownership by Possession”(လက်ရှိဖြစ်ခြင်းကြောင့်ပိုင်ရှင်မြောက်ခြင်း)ဟုဖော်ပြ၊ပြဌာန်းခြင်းကိုဆင်ခြင်မိပါလျှင်၊ပုဒ်မ၂၈တွင်ပြဌာန်းထားသည့်အတိုင်း၊ကာလစည်းကမ်းသတ်ကုန်ဆုံးသောအခါပစ္စည်းလက်ရှိဖြစ်သူသည်လက်ရှိထားသောပစ္စည်းတွင်ပိုင်ဆိုင်ခွင့်ရရှိသည်ကိုမုချသိရှိမည်ဖြစ်သည်။

——————————————-


1961 BLR ( H C ) 119 


U PU AND ONE, (APPELLANTS) 

                         V.

RAM KISHAN AND ANOTHER (RESPONDENTS).*


Before U San Maung and U Mya Thein, JJ.


အမှုတွင်၊၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားသောတရားလိုတို့သည်၊ဆန့်ကျင်လက်ရှိထားသောအိမ်၏ပိုင်ရှင်များဖြစ်သွားကြောင်း၊တရားလွှတ်တော်ခုံရုံးကအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


“In our opinion, there is no doubt whatsoever that the plaintiffs have become owners of the house in suit in view of article 144 of the Limitation Act read with section 28 thereof, for section 28 reads: " At the determination of the period hereby limited to any person for instituting. a suit for possession of any property, his right to such property shall be extinguished."


ခုံရုံးက”there is no doubt whatsoever”(မည်သည့်သံသယမျှမရှိ)ဟုအစချီကာ၊ဆိုင်ရာပြဌာန်းချက်များကိုရည်ညွှန်းပြီး”တရားလိုများသည်ဆန့်ကျင်လက်ရှိထားခြင်းကိုအကြောင်းပြုပြီးအိမ်ပိုင်ရှင်ဖြစ်သွားသည်”ဟူသောအဆိုအမိန့်ကိုပြတ်ပြတ်သားသားမြွက်ဆိုခြင်းဖြစ်သည်။


စီရင်ထုံးတွင်တရားလွှတ်တော်မူလဘက်ဌာန၏အဆုံးအဖြတ်ကိုအတည်ပြုရာ၌ခုံရုံးက၊၁၂နှစ်ကဆန့်ကျင်လက်ရှိထားသောတရားလိုများသည်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၄နှင့်ပုဒ်မ၂၈တို့အရအချင်းဖြစ်အိမ်၏ပိုင်ရှင်များဖြစ်သွားကြောင်းစီရင်ထုံးစာမျက်နှာ၁၂၆တွင်အောက်ပါအတိုင်းပြဆိုထားသည်-


“In our opinion, there is no doubt whatsoever that the plaintiffs have become owners of the house in suit in view of article 144 of the Limitation Act read with section 28 thereof, for section 28 reads: " At the determination of the period hereby limited to any person for instituting. a suit for possession of any property, his right to such property shall be extinguished."


The matter is, however, not so simple, regarding the lease-hold land in respect of which the plaintiffs have claimed that they had become owners by prescription, and in respect of which the learned trial Judge had merely declared that they were lessees in substitution of the original lessees.”


တရားဝန်ကြီးဦးစံမောင်ပါဝင်သောခုံရုံးက၊တရားလိုတို့သည်အချင်းဖြစ်အိမ်၏ပိုင်ရှင်များဖြစ်ကြောင်းမြွက်ဟကြေညာသည့်ဒီကရီကိုစီရင်ထုံးစာမျက်နှာ၁၃၀၌အောက်ပါအတိုင်းချမှတ်သည်-


“In the result, the appeal succeeds in part. Instead of the decree granted to the plaintiff's in the trial Court there will be a decree:


(i) declaring that the plaintiffs are the owners of the jonestoreyed building known as No. 4 in 12rd Street, Rangoon;


(il) declaring that they are not liable to be dispossessed of the site on which this building stands by the original lessees Bhagwandin Lohar and Bhulai Lohar or their successors-in-title, because of Article 28 of the Limitation Act by which their right to possession had been extinguished.”

————————————-


1994 BLR 88 


ဦးဘရှင် နှင့် ဦးမောင်စိန်


တရားရုံးချုပ်တရားသူကြီးဦးအောင်မြင်ရှေ့တွင်


အမှုတွင်၊တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၈၉နှင့်၉၀တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“ဤအမှုတွင်အဓိကဆုံးဖြတ်ရန်မှာ၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈အရအယူခံတရားပြိုင်အနေဖြင့်အချင်းဖြစ်မြေ၏ပိုင်ဆိုင်ခွင့်မှာကုန်ဆုံးပြတ်စဲသွားပြီဖြစ်၍ယင်းပစ္စည်းကိုလက်ရှိနေထိုင်သူအယူခံတရားလိုကသူပိုင်ပစ္စည်းအဖြစ်ကြေညာပြဌာန်းပေးရန်စွဲဆိုခွင့်ရှိမရှိဟူ၍ဖြစ်သည်။


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ပြဌာန်းချက်မှာပစ္စည်းလက်ရောက်ရလိုမှုအတွက်တရားစွဲဆိုရန်သတ်မှတ်ထားသောကာလစည်းကမ်းသတ်ကျော်လွန်လျှင်၊တရားစွဲဆိုမည့်သူအနေဖြင့်ထိုပစ္စည်းတွင်ရှိသောအခွင့်အရေးများကုန်ဆုံးပြတ်စဲသွားပြီဖြစ်ကြောင်းပြဌာန်းထားခြင်းဖြစ်သည်။


ယင်းပြဌာန်းချက်ကြောင့်ပစ္စည်းလက်ရှိဖြစ်နေသူသည်ထိုပစ္စည်းကိုပိုင်ဆိုင်သွားပြီဟုမှတ်ယူရန်မဟုတ်ပေ။ဒေါ်ငန်လွယ်ပါ၈ နှင့် ဒေါ်တွဲလျန်ပါ၃(၁၉၈၃ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၉၂)အမှုတွင်လည်းထိုသဘောအတိုင်းထုံးပြုဆုံးဖြတ်ဆုံးဖြတ်ထားခြင်းဖြစ်သည်။”


စီရင်ထုံးစာမျက်နှာ၉၀နှင့်၉၁တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“အယူခံတရားလို၏အကျိုးဆောင်ကြီးက၊ဦးစိန်ဟုတ်ပါ၅ နှင့် ဒေါ်သိန်းမြ၊အပြန်အလှန်အမှု(၁၉၈၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၁၀)တွင်ဆန့်ကျင်လက်ရှိထားခြင်းနှင့်စပ်လျဉ်း၍အရေးဆိုသူသည်အချင်းဖြစ်ပစ္စည်းကိုအမှန်တကယ်လက်ရှိဖြစ်ရန်လိုသည်ဟုလမ်းညွှန်သုံးသပ်ထားရာဆန့်ကျင်လက်ရှိနေသူများ၏ဥပဒေပါအခွင့်အရေးကိုငြင်းဆိုလာသည့်ကိစ္စတွင်လက်ရှိနေသူများအနေဖြင့်တရားစွဲဆိုရန်အခွင့်အရေးရှိကြောင်း၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရတရားဥပဒေနှင့်အညီရရှိသောအခွင့်အရေးကိုတစုံတယောက်ကငြင်းဆိုလာလျှင်ထိုအခွင့်အရေးရှိကြောင်းကြေညာပြဌာန်းပေးနိုင်သည့်အလျောက်မူလတရားရုံးကအမှုစွဲဆိုပုံမှားယွင်းသည်ဆိုကာအမှုပလပ်ခဲ့ခြင်းမှာမှားယွင်းကြောင်းလျှောက်လဲသည်။


ထို့ပြင်ဦးစိန်ဟုတ်ပါ၅ နှင့် ဒေါ်သိန်းမြအမှုစီရင်ထုံးတွင်ဆန့်ကျင်လက်ရှိထားသူအားအခွင့်အရေးပေးထားပါလျက်၊ဒေါ်ငန်လွယ်ပါ၈ နှင့် ဒေါ်တွဲလျန်ပါ၃အမှုစီရင်ထုံးကဆန့်ကျင်လက်ရှိထားသူ၏အခွင့်အရေးကိုပိတ်ပင်ထားခြင်းမှာစီရင်ထုံးနှစ်ခုကွဲလွဲနေပါကြောင်းလည်းလျှောက်လဲသည်။


ဦးစိန်ဟုတ်ပါ၅ နှင့် ဒေါ်သိန်းမြအပြန်အလှန်အမှုတွင်၊တရားလိုသည်အချင်းဖြစ်ပစ္စည်းတွင်သုံးပုံနှစ်ပုံပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာ၍ပစ္စည်းခွဲဝေပေးရန်စွဲဆိုခြင်းဖြစ်သည်။တရားပြိုင်ဘက်ကထိုပစ္စည်းကိုဆန့်ကျင်လက်ရှိထားခဲ့သည့်အခွင့်အရေးဖြင့်ခုခံသည်။သို့သော်တရားပြိုင်မှာအချင်းဖြစ်ပစ္စည်းတွင်အိမ်ငှါးများထားသဖြင့်၊”ဆန့်ကျင်လက်ရှိထားခြင်းနှင့်စပ်လျဉ်း၍အရေးဆိုသူသည်အချင်းဖြစ်ပစ္စည်းကိုအမှန်တကယ်လက်ရှိဖြစ်ရန်လိုပေသည်။အငှါးချထားသူများလက်ရှိဖြစ်ရုံမျှဖြင့်ဦးခင်မောင်(တရားပြိုင်)တို့အမှန်လက်ရှိဖြစ်သည်ဟုမဆိုနိုင်ပေ။ထို့ကြောင့်မူလရုံးကဦးခင်မောင်တို့သည်အချင်းဖြစ်ပစ္စည်းများကို၁၂နှစ်ကျော်လက်ရှိထားခဲ့သည်ဟုကောက်ယူဆုံးဖြတ်ခြင်းမှာမှားယွင်းပေသည်”ဟူ၍ဆုံးဖြတ်ခြင်းဖြစ်သည်။


ယင်းအမှုတွင်ဆန့်ကျင်လက်ရှိအခွင့်အရေးတောင်းဆိုသူသည်တရားပြိုင်ဖြစ်သည်။


ဤအမှုတွင်ဆန့်ကျင်လက်ရှိအခွင့်အရေးတောင်းဆိုသူမှာတရားလိုဖြစ်သည်။


ဒေါ်ငန်လွယ်ပါ၈ နှင့် ဒေါ်တွဲလျန်ပါ၃အမှုတွင်လည်း၊ဆန့်ကျင်လက်ရှိအခွင့်အရေးတောင်းဆိုသူမှာတရားလိုများဖြစ်သည်။


ထို့ကြောင့်အယူခံတရားလို၏အကျိုးဆောင်ကြီးလျှောက်လဲသကဲ့သို့စီရင်ထုံးနှစ်ခုကွဲလွဲနေသည်ဆိုသည်ကိုလက်ခံရန်မဖြစ်နိုင်ပေ။


ဤအမှုတွင်အချင်းဖြစ်ပစ္စည်းအားလက်ရှိဖြစ်သူဦးဘရှင်သည်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ပြဌာန်းချက်ကိုအကြောင်းပြု၍၎င်းပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးရန်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရတရားလိုပြုလုပ်၍တရားစွဲခြင်းဖြစ်သည်။


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈သည်လက်ရှိထားသူ၌ပိုင်ဆိုင်ခွင့်ရသွားပြီဟုပြဌာန်းထားခြင်းမဟုတ်။


တရားစွဲဆိုရမည့်သူ၌ပစ္စည်းတွင်အခွင့်အရေးမရှိတော့ကြောင်းပြဌာန်းခြင်းဖြစ်သည်။


ထို့ကြောင့်မူလရုံးကတရားလိုသည်ဆန့်ကျင်လက်ရှိထားခြင်းဖြင့်ပိုင်ရှင်အဖြစ်သို့မရောက်ဟုဆိုကာသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂တွင်အကျုံးမဝင်သဖြင့်စွဲဆိုသောအမှုကိုပလပ်ခြင်းမှာမှားသည်ဟုမဆိုနိုင်ပေ။”

————————————


1983 BLR 92 


ဒေါ်ငန်လွယ်ပါ၈ နှင့် ဒေါ်တွဲလျန်ပါ၃


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးသန့်စင်နှင့်ဦးခင်ဇာမုံတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဗဟိုတရားစီရင်ရေးအဖွဲ့က၊စီရင်ထုံးစာမျက်နှာ၉၄၌အောက်ပါအတိုင်းသုံးသပ်သည်-


“ပိုင်ရှင်ဆိုသူတို့အနေဖြင့်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈အရပိုင်ဆိုင်ခွင့်ကုန်ဆုံးပြတ်စဲစေကာမူ၊ဒေါ်တွဲလျန်တို့သည်ယင်းသို့ဆန့်ကျင်လက်ရှိထားခြင်းဖြင့်အချင်းဖြစ်မြေနှင့်အိမ်မြေပိုင်ရှင်အဖြစ်သို့ရောက်ရှိစေရမည်ဟုအဆိုပါပုဒ်မ၂၈တွင်ပြဌာန်းထားခြင်းမရှိပေ။”


ယင်းအဆိုအမိန့်ကိုစောဒကတက်နိုင်ဖွယ်မရှိ။


သို့သော်စီရင်ထုံးပါဆုံးဖြတ်ချက်သည်၊အိန္ဒိနိုင်ငံစီရင်ထုံးများနှင့်ဆန့်ကျင်နေသည်ဟုယူဆစရာဖြစ်သည်။


အဆိုပါအမှုသည်၊၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားသည့်အတွက်အချင်းဖြစ်ပစ္စည်းများကိုပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးရန်စွဲဆိုသည့်အမှုဖြစ်သည်။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရမြွက်ဟကြေညာသောသက်သာခွင့်ကိုအခွင့်အရေးတရပ်အနေဖြင့်တောင်းဆိုခွင့်မရှိ။


တရားရုံးကမိမိသဘောအတိုင်းခွင့်ပြုရသည့်သဘောဖြစ်သည်။


သူတပါးပစ္စည်းကိုဆန့်ကျင်လက်ရှိထားသဖြင့်ပိုင်ဆိုင်သည်ဆိုသည်ကိုတရားရုံးကမြွက်ဟဒီကရီချမှတ်ပေးမည်ဆိုလျှင်၊ဥပဒေနှင့်ဆန့်ကျင်လုပ်ဆောင်သောသူကိုတနည်းအားဖြင့်အားပေးရာရောက်မည်ဖြစ်သည်။


အဆိုပါအခြေအနေမျိုးတွင်၊တရားရုံးက၊တောင်းဆိုသောသက်သာခွင့်မျိုးကိုခွင့်မပြုသင့်သည့်အတွက်၊ဗဟိုတရားရုံး၏အန္တိမဆုံးဖြတ်ချက်သည်မှန်သည်ဟုသဘောရရှိသည်။


အကြောင်းပြချက်မှာဘဝင်ကျဖွယ်မရှိဟုပြောမည်ဆိုလျှင်ပြောနိုင်သည်။


ပိုင်ရှင်ကလက်ရောက်ရလိုကြောင်းတရားမစွဲဆိုနိုင်တော့သည့်အခြေအနေမှရှေ့သို့တဆင့်တက်ပြီးစဉ်းစားရန်ကျန်နေသေးသည်ဟုပြောစရာဖြစ်နေပါသည်။


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ချည်းသက်သက်ကွက်ကြည့်မည်ဆိုလျှင်၊ဗဟိုတရားရုံး၏အကြောင်းပြချက်အားစောဒကတက်စရာမရှိ။


သို့သော်ပိုင်ဆိုင်ခွင့်သည်မည်သူ့ထံသို့ရောက်ရှိသနည်းဆိုသည့်အချက်နှင့်ပတ်သက်ပြီးဆက်လက်စိစစ်လျှင်၊အစိုးရထံသို့ရောက်ရှိသွားသည်ဆိုပါကဆုံးဖြတ်ချက်မှန်ကန်နေဦးမည်ဖြစ်သည်။


လက်ရှိဖြစ်သူထံသို့ပိုင်ဆိုင်ခွင့်ရောက်သည်ဆိုသည့်အမြင်ကိုလက်ခံလျှင်တမျိုးဖြစ်နိုင်ပါသည်။


၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားပါလျက်နှင့်အမှုရှုံးရခြင်းသည်နစ်နာစရာသဘောသက်ရောက်နေသည်။


အမှန်မှာအမွေမှုစွဲဆိုခြင်းကြာမြင့်သွားသည့်အတွက်၊လက်ရှိဖြစ်သူကအမှုထစွဲသည့်သဘောဖြစ်ပါသည်။


အမွေမှုတွင်မြွက်ဟကြေညာပေးစေလိုမှုစွဲဆိုသောတရားလိုများသည်အမှုသည်အဖြစ်မပါဝင်ပါ။


အမွေမှုစွဲဆိုသောအခါဒေါ်တွဲလျန်တို့လက်ရှိဖြစ်သောမြေနှင့်အိမ်ကိုလက်ရောက်တောင်းဆိုသောအခါ၊ကာလစည်းကမ်းသတ်ကိစ္စကိုထုချေနိုင်သဖြင့်၊ဗဟိုတရားရုံး၏ဆုံးဖြတ်ချက်ကြောင့်၊ဒေါ်တွဲလျန်တို့ထိခိုက်နစ်နာစရာအကြောင်းမရှိပါ။


ဗဟိုတရားရုံးကတရားလိုတို့ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာသောဒီကရီမရထိုက်ဟူ၍သာဆုံးဖြတ်ခြင်းဖြစ်သည်။


ဆန့်ကျင်လက်ရှိထားမှုမရှိဟုဆုံးဖြတ်ခြင်းမဟုတ်သောကြောင့်မီးသေသည့်ကိစ္စမပေါ်ပေါက်နိုင်။

————————————————


ကာလစည်းကမ်းသတ်အက်ဥပဒေသည်အမှားပြုသူများအားစွဲဆိုရန်စည်းကမ်းသတ်ကာလကိုသာပြဌာန်းသည်မဟုတ်။


ကာလစည်းကမ်းသတ်အက်ဥပဒေအပိုင်း၄သည်”လက်ရှိဖြစ်ခြင်းကြောင့်ပိုင်ရှင်မြောက်ခြင်း”နှင့်သက်ဆိုင်သည်ကိုသတိချပ်ရန်လိုသည်။


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၆ပါပြဌာန်းချက်များသည်”acquisition of right to easements “(သုံးစွဲခွင့်ရယူခြင်း)နှင့်သက်ဆိုင်သည်။


ထိုပုဒ်မတွင်သတ်မှတ်ကာလကြာသောအခါ၊အလင်းရောင်၊လေအဝင်အထွက်၊လမ်းသွားလာခွင့်(ဖြတ်သန်းသွားလာခွင့်)ရေစီးခွင့်၊အခြားရယူပိုင်သောသုံးစွဲခွင့်(affirmative easement)နှင့်တားမြစ်ပိုင်သောသုံးစွဲခွင့်(negative easement)များရရှိသည်။


ထိုသုံးစွဲခွင့်များအကြောင်းစာရေးသူ၏သီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်စာမျက်နှာ၃၁၂အောက်ခြေမှတ်စု၌ရှင်းပြထားသည်။


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ကိုအကြောင်းပြုပြီးသတ်မှတ်ကာလကြာဆန့်ကျင်လက်ရှိထားသူသည်”prescriptive right”(prescriptive title)ရရှိသည်။


ကာလစည်းကမ်းသတ်အက်ဥပဒေအပိုင်း၄ပါခေါင်းစီးနှင့်၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၆ပါပြဌာန်းချက်များ၏သဘောတရားတို့နှင့်ဆက်စပ်အဖြေရှာရန်ဖြစ်သည်။


ကာလကြာမြင့်စွာသုံးစွဲခြင်း၏အကျိုးသက်ရောက်မှုကိုလည်းကောင်း၊ပုဒ်မ၂၈ပါပြဌာန်းချက်များနှင့်စပ်လျဉ်း၍ထုံးဖွဲ့ချက်များကိုလည်းကောင်းသတ္တုချကြည့်ပါကအဖြေပေါ်သည်။


သို့ပါ၍၊ဒေါ်တွဲလျန်နှင့်ဦးဘရှင်အမှုများတွင်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ပါပြဌာန်းချက်များနှင့်စပ်လျဉ်းသည့်ထုံးသာဓကများကိုပြန်လည်စိစစ်ကာ၊ဆန့်ကျင်လက်ရှိထားရာမှပိုင်ဆိုင်ခွင့်ရရှိခြင်းဆိုင်ရာဥပဒေ(The Law of prescription )ကို၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကထုံးသာဓကပြုသင့်သည်ဟုသဘောရရှိသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ