စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ၄၇နှင့်ပုဒ်မ၁၇အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ၄၇နှင့်ပုဒ်မ၁၇အကြောင်း

————————————


AIR 1923 MADRAS 282 ::1923 (17) Mad LW 232


Madras High Court


HON'BLE JUDGE(S): SCHWABE, C.J. AND COUTTS-TROTTER, KUMARASWAMI SASTRI, J 


အမှုတွင်၊အောက်ပါအတိုင်းဆုံးဖြတ်သည်-


“Registration Act (16 of 1908) , S.47, S.17 - 


Registration makes title complete from date of execution of document. 


The effect of the sections, is that, if a title is complete except for registration, no subsequent alienation or dealing with the property by the vendor or donor, as the case may be, can defeat the title which, on registration, becomes an absolute title dating from the date of the execution of the document. 


The subsequent birth of a child, or the adoption of a child, or the death of the vendor or donor has no effect in defeating a title obtained under an instrument executed before the happening of these events but registered thereafter.”

————————————


အပိုင်ပေးစာချုပ်မှတ်ပုံတင်သည့်ကိစ္စတွင်၊စာချုပ်အားမှတ်ပုံတင်ပေးရန်မှတ်ပုံတင်ရုံးတွင်တင်ပြသူသည်ပစ္စည်းရမည့်သူဖြစ်သည်။


သူသည်စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ၃၂(က)တွင်ပါဝင်သော၊”by some person......claiming under the same”(စာချုပ်အရအခွင့်အရေးတောင်းဆိုသူတဦးဦး)ဆိုသောစကားရပ်တွင်အကျုံးဝင်သောသူဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော်၊စာချုပ်အရအခွင့်အရေးရရှိမည့်သူဖြစ်သောကြောင့်ဖြစ်သည်။


စာချုပ်အရအခွင့်အရေးရရှိမည့်သူသည်၊စာချုပ်အားမှတ်ပုံတင်ပေးရန်အတွက်မှတ်ပုံတင်ရုံးတွင်တင်ပြခွင့်ရှိကြောင်း၊ 40 Mad. 204 ( FB )အမှုစာမျက်နှာ၂၀၆တွင်ရှင်းပြထားသည်။


စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ၃၅(၁)(ဂ)အရ၊မှတ်ပုံတင်အရာရှိသည်ကွယ်လွန်သွားသောအပိုင်ပေးသူ​၏အခွင့်အရေးဆက်ခံသူအားဆင့်ခေါ်ပြီး၊အပိုင်ပေးသူချုပ်ဆိုသည်ဟုအဆိုရှိသောစာချုပ်အားကွယ်လွန်သူကချုပ်ဆိုခြင်းရှိမရှိမေးမြန်းရမည်ဖြစ်သည်။


ချုပ်ဆိုကြောင်းဝန်ခံလျှင်မှတ်ပုံတင်ပေးရန်ဖြစ်သည်။


ချုပ်ဆိုခြင်းမရှိဟုငြင်းဆိုလျှင်၊ပုဒ်မ၃၅(၃)အရဆိုင်ရာအရာရှိကမှတ်ပုံတင်ရန်ငြင်းဆိုမည်ဖြစ်သည်။


မှတ်ပုံတင်ရုံးကမေးမြန်းရမည့်ကိစ္စသည်စာချုပ်ကိုသေသူကချုပ်ဆိုခြင်းကိစ္စရှိမရှိသာဖြစ်သည်။


သေသူ​၏အမွေစားအမွေခံများက၊စာချုပ်ကိုသေသူကချုပ်ဆိုကြောင်းဝန်ခံသော်လည်း၊မှတ်ပုံမတင်လိုကြောင်းတင်ပြပြောဆိုလာခြင်းကိစ္စသည်၊ပုဒ်မ၃၅တွင်၎င်းကိစ္စမပါဝင်ချေ။


စာချုပ်ချုပ်ဆိုပါသည်ဟုဝန်ခံလျှင်၊မှတ်ပုံတင်ရမည်ဟုဆိုခြင်းသည်၊ပုဒ်မ၃၅(၁)ပါ "shall register”ဆိုသောပြဌာန်းချက်အရရှင်းလင်းပါသည်။


သေသူ​၏အမွေစားအမွေခံများကမှတ်ပုံမတင်လိုကြောင်းပြောသော်လည်း၊မှတ်ပုံတင်ပေးရမည့်အကြောင်း၊အဆိုပါဥပဒေသဘောကို၊ 40 Mad. 204 ( FB )အမှုစာမျက်နှာ၂၀၇တွင်ရှင်းပြထားသည်။


၁၉-၇-၁၉၁၆ခုနှစ်တွင်ဆုံးဖြတ်သော-


40 Mad 204( FB ) , 


Equivalent citations: ( 1916 ) 31 MLJ 690 


Venkati Rama Reddi And Ors.  vs  Pillati Rama Reddi And Ors. 


on 19 July , 1916 


အမှုတွင်၊အပိုင်ပေးစာချုပ်ချုပ်ဆိုပြီး၊နောက်တနေ့၌ပေးသူသေဆုံးသွားသည်။


လက်ထောက်မှတ်ပုံတင်အရာရှိကစာချုပ်ကိုမှတ်ပုံတင်ပေးရန်ငြင်းဆိုသော်လည်း၊မှတ်ပုံတင်အရာရှိကအယူခံမှုတွင်မှတ်ပုံတင်ပေးရန်ဆုံးဖြတ်သည့်အတွက်၊မှတ်ပုံတင်ဖြစ်သွားသည်။


အပိုင်ပေးသူသေဆုံးပြီးမှမှတ်ပုံတင်ခြင်းသည်ခိုင်လုံကြောင်း၊စုံညီခုံရုံးကအောက်ပါအတိုင်းထုံးဖွဲ့ပါသည်-


“အပိုင်ပေးသူသေဆုံးပြီးနောက်၊အပိုင်ပေးသူ​၏တရားဝင်ကိုယ်စားလှယ်များ​၏သဘောတူချက်မရရှိပဲ၊အပိုင်ရသူကမှတ်ပုံတင်သောအပိုင်ပေးသာချုပ်သည်ခိုင်လုံသည်။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၃တွင်၊အပိုင်ပေးသူကစာချုပ်ကိုမှတ်ပုံတင်ရန်လိုအပ်ကြောင်းပြဌာန်းချက်မရှိချေ။


လိုအပ်သမျှမှာအပိုင်ပေးသူကစာချုပ်ကိုချုပ်ဆိုရန်ဖြစ်သည်။


ထိုစာချုပ်ကိုနည်းလမ်းတကျချုပ်ဆိုသည်နှင့်တပြိုင်နက်၊အပိုင်ပေးသူကစာချုပ်ကိုမှတ်ပုံတင်ရန်သဘောမတူစေကာမူ၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေကမှတ်ပုံတင်ခွင့်ပြုသည်။


ထို့ပြင်မှတ်ပုံတင်သောအခါအပိုင်ပေးစာချုပ်သည်၊စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍အကျိုးသက်ရောက်သည်။ "

———————-


1995 BLR 24 


ဒေါ်ခင်မိ နှင့် ဒေါ်နီလာလူပါ၃ 


တရားရုံးချုပ်တရားသူကြီးဦးအောင်မြင်ရှေ့တွင်


အမှုမှာ၊မြေရှင်ဦးမောင်မောင်ကမြေနှစ်ကွက်ကို၊ဒေါ်နီလာလူနှင့်ဒေါ်ခင်မိတို့ကို(၁၈-၂-၇၅) နှင့် (၂၅-၃-၇၅)ရက်စွဲပါစာချုပ်များအရအသီးသီးရောင်းချရာမှာမှတ်ပုံတင်ရုံးကဒေါ်ခင်မိရဲ့စာချုပ်ကိုဦးစွာမှတ်ပုံတင်ပေးပါတယ်။


ဘယ်စာချုပ်ဟာဦးစားပေးရတယ်ဆိုတာကိုစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇နဲ့၊ 1 LBR 293 ( မောင်မြတ်သူပါ၂ နှင့် မောင်သာဇံ ) ( 1995 BLR 24 စာမျက်နှာ၂၉တွင်၊သန်းဇန်ဟုမှားယွင်းဖော်ပြထားပါသည် )စီရင်ထုံးများအရထင်ရှားနေပါလျက်၊အငြင်းပွားကြတာတော်တော်ထူးဆန်းနေပါတယ်။


အရောင်းအဝယ်စာချုပ်(နှစ်)ခုလုံးကိုမှတ်ပုံတင်ပေးတဲ့အတွက်ပုဒ်မ၄၇အရ၊ဒေါ်နီလာလူရဲ့စာချုပ်ဟာ(၁၈-၂-၇၅)နေ့မှစပြီးသက်ဝင်လှုပ်ရှားပါတယ်။


ဒေါ်ခင်မိရဲ့စာချုပ်ကတော့(၂၅-၃-၇၅)နေ့ကျမှစပြီးအကျိုးသက်ရောက်မယ်ဖြစ်ပါတယ်။


အဲဒီတော့ဒေါ်ခင်မိကိုမြေကွက်များရောင်းကြောင်းချုပ်ဆိုတဲ့ဦးမောင်မောင်ဟာစာချုပ်ချုပ်ဆိုတဲ့(၂၅-၃-၇၅)နေ့ရက်မှာ၊လွှဲပြောင်းပေးရန်ပိုင်ဆိုင်ခွင့်မရှိတော့တာမြင်သာတဲ့အချက်ပါ။


ဒါကြောင့်ဒေါ်ခင်မိအားရောင်းတဲ့စာချုပ်ကိုစောပြီးချုပ်ဆိုတဲ့အချက်အပေါ်အခြေခံပြီးခုခံမယ်ဆိုရင်၊ပုဒ်မ၄၇အရအကျိုးမရှိပါဘူး။


မြေအရောင်းအဝယ်လုပ်တဲ့စာချုပ်ကိုမှတ်ပုံတင်တော့မှ၊အရောင်းအဝယ်အထမြောက်တယ်ဆိုတာစာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ၄၉အရရှင်းပါတယ်။


ပုဒ်မ၄၇အရပြဌာန်းချက်ဟာအဲဒီပုဒ်မနဲ့ဝိရောဓိဖြစ်မနေဘူးလားလို့စောဒကတက်စရာရှိပါတယ်။


မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ဟာ၊မှတ်ပုံတင်တဲ့နေ့ကျမှစတင်အကျိုးသက်ရောက်တယ်လို့ပြဌာန်းခဲ့ဖူးပါတယ် [1 LBR 293 ( DB ) ]။


လက်တွေ့မကျလို့လက်ရှိပြဌာန်းချက်ကိုပြဌာန်းခြင်းဖြစ်ပါတယ်။ 


1937 RLR 375 ( FB )အမှုမှာ၊ဒီဥပဒေသဘောကိုကျယ်ကျယ်ပြန့်ပြန့်စိစစ်ဆုံးဖြတ်ထားပါတယ်။


အခင်းဖြစ်မြေနှစ်ကွက်ကိုဒေါ်ခင်မိအားရောင်းချတာကိုဒေါ်နီလာလူသိတဲ့အကြောင်းဦးမောင်မောင်ကထုချေတာမရှင်းပါဘူး။


တကယ်တော့ဒေါ်နီလာလူကိုရောင်းပြီးမှဒေါ်ခင်မိကိုရောင်းတဲ့ကိစ္စဖြစ်ပါတယ်။


မှတ်ပုံတင်အရောင်းစာချုပ်ကိုမချုပ်ဆိုခင်ဒေါ်ခင်မိကိုရောင်းချရန်ကတိကဝတ်ရှိခဲ့ပုံပေါ်ပါတယ်။


ဒါမှဒေါ်ခင်မိကိုရောင်းတဲ့ကိစ္စကိုဒေါ်နီလာလူသိတယ်ဆိုတဲ့အချက်နဲ့ရှေ့နောက်ညီညွတ်ပါလိမ့်မယ်။


စီရင်ထုံးစာမျက်နှာ၃၀ပါဖော်ပြချက်များအရ၊ဦးမောင်မောင်က(၇-၉-၇၂)နေ့မှာမြေကွက်တွေကိုဒေါ်ခင်မိအားရောင်းဖို့သဘောတူခဲ့ပြီး(၂၁-၈-၇၄)နေ့ကျမှဒေါ်နီလာလူကိုရောင်းဖို့ထပ်မံသဘောတူခဲ့ခြင်းဖြစ်ပါတယ်။


ဒေါ်ခင်မိအနေနဲ့ဘယ်လိုဆောင်ရွက်သင့်သလဲဆိုရင်၊ဦးမောင်မောင်ရဲ့ကတိအတိုင်းဆောင်ရွက်ပေးဖို့သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂/၂၇(ခ)အရတရားစွဲဖို့ကောင်းတာပေါ့။


မဖြစ်နိုင်တာကိုထုချေမဲ့အစားအဲဒီလိုနည်းလမ်းတကျတရားစွဲဆိုခြင်းကပိုအကျိုးရှိနိုင်ပါတယ်။


ဦးမောင်မောင်ကဒေါ်နီလာလူနဲ့ချုပ်ဆိုတဲ့စာချုပ်မှာမြေကွက်တွေကိုမှားယွင်းထည့်ထားတာပါလို့ထုချေတာကောနည်းလမ်းကျရဲ့လားလို့စဉ်းစားစရာရှိပါတယ်။


အကြောင်းခြင်းရာနဲ့စပ်လျဉ်း၍ရောင်းသူနဲ့ဝယ်သူမှားပြီးစာချုပ်ချုပ်ဆိုမယ်ဆိုရင်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၀အရအရောင်းအဝယ်ပျက်မှာဖြစ်တဲ့အတွက်၊ဒေါ်နီလာလူတောင်းဆိုတဲ့မြွက်ဟဒီကရီရမယ်မဟုတ်ပါဘူး။


ဒါပေမဲ့တရားရုံးချုပ်ကထောက်ပြသလိုဒီလိုမှားပါတယ်ဆိုတာယုံကြည်လက်ခံဖို့ခပ်ခက်ခက်ပါပဲ။


1995 BLR 24အမှုမှာ၊မူလမြေပိုင်ရှင်ဦးမောင်မောင်ဟာဒေါ်ခင်မိနဲ့ဒေါ်နီလာလူတို့ကိုမြေကွက်များရောင်းချဖို့(၇-၉-၇၂)နှင့်(၂၁-၈-၇၄)ရက်စွဲပါကတိစာချုပ်များအသီးသီးချုပ်ဆိုပြီး(၂၅-၃-၇၅)နှင့်(၁၈-၂-၇၅)ရက်စွဲပါမှတ်ပုံတင်အရောင်းအဝယ်စာချုပ်များအသီးသီးထပ်မံချုပ်ဆိုခဲ့ပါတယ်။


ကတိစာချုပ်ချုပ်တဲ့ကိစ္စမှာဒေါ်ခင်မိကစောသော်လည်း၊မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုတဲ့အခါမှာတော့ဒေါ်နီလာလူကစောတဲ့အတွက်၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇အရဒေါ်နီလာလူကအသာစီးရသွားပါတယ်။


ဘာပဲဖြစ်ဖြစ်မူလပိုင်ရှင်အနေနဲ့အပြစ်တင်စရာတွေဖြစ်နေတာကိုဒေါ်ခင်မိကအသုံးချခွင့်မရှိတော့ဘူးလားလို့စောဒကတက်စရာရှိပါတယ်။


ဒေါ်ခင်မိအနေနဲ့အကျိုးမရှိတဲ့ထုချေချက်ကိုတင်ပြမဲ့အစား၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂/၂၇(ခ)ပါပြဌာန်းချက်တွေကိုအကျိုးရှိရှိသုံးသင့်တဲ့အကြောင်းကိုပဲထပ်ပြောရမှာပါပဲ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]