တံဆိပ်တော်ခွန်ကိုအကြောင်းပြု၍အမှုသည်တို့သည်၊အမှုကိုအနိုင်ရခွင့်မရှိနိုင်။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တံဆိပ်တော်ခွန်ကိုအကြောင်းပြု၍အမှုသည်တို့သည်၊အမှုကိုအနိုင်ရခွင့်ရှိပါသလော?
1962 BLR 529
ဦးကျော်ဝင်းပါ၃ နှင့် ဒေါ်သောင်း
တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးစောဘသိန်းတို့ရှေ့၌
အမှုတွင်၊တရားသူကြီးချုပ်ဦးဘိုကြီးက၊စီရင်ထုံးစာမျက်နှာ၅၃၂၌အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“တဖန်လျှောက်ထားသူများ၏ပညာရှိရှေ့နေကြီးက၊လျှောက်ထားခံရသူသည်၊တရားလွှတ်တော်သို့အယူခံဝင်ရာ၌အမိန့်ကိုအယူခံဝင်ကြောင်းဖော်ပြပြီးငွေ၅ိတန်တံဆိပ်တော်ခွန်ကိုသာထမ်းဆောင်ကြောင်း။ထို့ကြောင့်တရားလွှတ်တော်ကထိုအယူခံလွှာကိုပယ်သင့်ကြောင်းဖြင့်လျှောက်ထားပြန်သေး၏။မည်သို့ပင်ဖြစ်စေ၊တရားလွှတ်တော်နောက်ဆုံးချမှတ်သောအမိန့်အရ၊တံဆိပ်တော်ခွန်ကိုပြန်လည်ပေးရမည်ဖြစ်သဖြင့်၊ဒီကရီကိုအယူခံသည့်အနေနှင့်တန်ဖိုးအလျောက်တံဆိပ်တော်ခွန်တောင်းဆိုလျင်လည်း၊ထိုတံဆိပ်တော်ခွန်ကိုပြန်လည်ပေးအပ်ရမည်ဖြစ်သည်။မည်သို့ပင်ဆိုစေ၊တံဆိပ်တော်ခွန်ကိစ္စကိုအကြောင်းပြု၍အမှုသည်တို့သည်၊အမှုကိုအနိုင်ရခွင့်မရှိပေ။ချစ်တီးနတ်ဘဏ်လီမိတက် နှင့် ဦးတော(၁၉၅၇ခု၊မြန်မာပြည်စီရင်ထုံးများ၊တရားလွှတ်တော်ချုပ်၊စာ၅၆)နှင့်၊စရီရတ္တနာဘရမာရာဂျာ နှင့် အက်(စ်)၊အမ်၊တီ၊ဗင်လာ(၁၉၆၁ခု၊၃အိန္ဒိယတရားလွှတ်တော်ချုပ်၊စာ၁၀၁၅)အမှုတို့ကိုကြည့်ပါ။”
—————————-
1956 BLR ( S C ) 56
THE BANK OF CHETTINAD LTD. (APPELLANT)
V.
U TAW (RESPONDENT). *
Present: U MYINT THEIN, Acting Chief Justice, U Bo GYI, J. and U AUNG THA GYAW, J.
အမှုတွင်၊တရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“Held further :The Court Fees Act was passed not to arm a litigant with a weapon of technicality against his opponent but to secure revenue for the benefit of the State.
R. Subrao v. Venkatro, A. I. R 1918 (P.C.) 188, referred to.”
စီရင်ထုံးစာမျက်နှာ၅၉တွင်၊တရားသူကြီးဦးဘိုကြီးက၊အိန္ဒိယတရားလွှတ်တော်စီရင်ထုံးတရပ်ကိုကိုးကား၍အောက်ပါအတိုင်းသုံးသပ်သည်-
“The learned advocate for the respondent has contended that no court fee has been paid on the relief for possession of the premises.
The Bank have paid Court fees on K 31,080 and it is clear that they did not try to evade payment of court fees by a mere declaratory suit.
Furthermore, it has been held by the Privy Council in R. Subrao v. Venkatro(4) A.I .R. (1918) (P.C.) 188. that the Court Fees Act was passed not to arm a litigant with a weapon of technicality against his opponent but to secure revenue for the benefit of the State.”
———————————————-
1956 BLR ( S C ) 56(59) ၌ကိုးကားဆုံးဖြတ်သော၊ A.I R. (1918) (P.C.) 188.စီရင်ထုံးမူရင်းအား၊အင်တာနက်မှကူးယူရရှိရာ၊အောက်ပါအတိုင်းဖြစ်ပါသည်-
Bombay High Court
Rachappa Subrao Jadhav Desai vs Shidappa Venkatrao Jadhav Desai
on 3 December, 1918
Equivalent citations: (1919) 21 BOMLR 489
Author: L Jenkins
Bench: Buckmaster, Dunedin, J Edge, L Jenkins
JUDGMENT Lawrence Jenkins, J.
စီရင်ချက်စာမျက်နှာ၄၊အပိုဒ်၂၉တွင်၊ Bombay High Court ကအောက်ပါအတိုင်းသုံးသပ်သည်-
“29. The Court Fees Act was passed not to arm a litigant with a weapon of technicality against his opponent, but to secure revenue for the benefit of the State. This is evident from the character of the Act, and is brought out by Section 12, which makes the decision of the First Court as to value final as between the parties, and enables a Court of appeal to correct any error as to this, only where the First Court decided to the detriment of the revenue.”
——————————
အထက်ဖော်ပြပါ၊ A.I.R. (1918) (P.C.) 188.ကိုကိုးကား၍၊ Himachal Pradesh High Court ကအောက်ဖော်ပြပါအမှုတွင်လိုက်နာဆုံးဖြတ်သည်-
Himachal Pradesh High Court
Smt. Rai Dulari vs Tarsem Singh And Anr.
on 27 November, 1974
Author: C R Thakur
Bench: R Pathak, C R Thakur
JUDGMENT Chet Ram Thakur, J.
အမှုတွင်စီရင်ချက်စာမျက်နှာ၅၊အပိုဒ်၁၀တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“10. Another case cited is Rachappa v. Shidappa (AIR 1918 PC 188). This authority also has got no relevancy. The further authority is Inayat Husain v. Bashir Ahmad (AIR 1932 All 413). In this case it had been held that the Suits Valuation Act and Court-fees Act are purely fiscal enactments and they have no bearing on the question as to which is the proper Court for the institution of the suit having regard to the value of property. The case is distinguishable because it was a suit for rendition of accounts.”
———————————
1967 BLR 283
ဦးသန်းမောင် နှင့် မခင်ကြည်
တရားသူကြီးဦးထွန်းတင်နှင့်တရားသူကြီးဦးစိန်သင်းတို့ရှေ့တွင်
အမှုတွင်တရားသူကြီးဦးထွန်းတင်က၊စီရင်ထုံးစာမျက်နှာ၂၉၀နှင့်၂၉၁တွင်တံဆိပ်တော်ခွန်နှင့်ပတ်သက်သည့်ဥပဒေပြဿနာအပေါ်၊အောက်ပါအတိုင်းသုံးသပ်၍အဆုံးအဖြတ်ပေးသည်-
“ထို့ကြောင့်၊အောက်ရုံးတွင်အယူခံတရားလိုကကန့်ကွက်ခဲ့သည့်အတိုင်း၊အယူခံတရားခံသည်မိမိတောင်းဆိုသည့်သက်သာခွင့်အတွက်လုံလောက်သည့်တံဆိပ်တော်ခေါင်းများထမ်းဆောင်ခဲ့ခြင်းမရှိသဖြင့်၊ထိုသို့တောင်းဆိုသည့်သက်သာခွင့်ကိုမရထိုက်ပါဟုချေပခဲ့သည်မှာမှန်ကန်ကြောင်းတွေ့ရှိရသည်။
သို့ရာတွင်အောက်ရုံးမှကောက်ချက်(၂)နှင့်ပတ်သက်၍အယူခံတရားခံသည်စာချုပ်အားပယ်ဖျက်သောကျေညာချက်ဒီကရီကိုရထိုက်သည်ဟုဆုံးဖြတ်ပြီးနောက်၊အမိန့်တွင်မူ၊သက်သေခံ(က)ရေစစ္စတြီစာချုပ်ကိုပယ်ဖျက်သောအမိန့်ဒီကရီကိုပါတပါတည်းချမှတ်လိုက်သည်ဆိုထားသဖြင့်၊ဒီကရီအရသက်သေခံအမှတ်(က)ရေစစ္စတြီစာချုပ်ကိုပါပယ်ဖျက်လိုက်ကြောင်းတွေ့ရှိရသည်။
ထိုသို့ပယ်ဖျက်သည့်အမိိန့်ကိုရရှိနိုင်ရန်အထက်ကပြဆိုထားသည့်အတိုင်း၊တရားခံဖြစ်သူအယူခံတရားခံကလုံလောက်သောတံဆိပ်တော်ခေါင်းများထမ်းဆောင်ထားခြင်းမရှိသဖြင့်၊ယင်းအမိိန့်နှင့်ဒီကရီမှာဥပဒေအရမှားယွင်းနေသဖြင့်ပယ်ဖျက်ရမည်သာဖြစ်ပေသည်။
ယခုအယူခံရာတွင်လည်း၎င်းအချက်နှင့်ပတ်သက်၍အယူခံတရားလိုကသက်သေခံအမှတ်(က)ရေစစ္စတြီစာချုပ်အရတန်ဘိုးငွေ၅၀၀၀ပေါ်တွင်တံဆိပ်တော်ခေါင်းထမ်းဆောင်ပြီးအယူခံဝင်ခဲ့လေသည်။
အယူခံတရားခံတို့ကမူ၎င်းတို့ထမ်းဆောင်သည့်တံဆိပ်တော်ခေါင်းမှာလုံလောက်မှန်ကန်သည်ဟုသာငြင်းဆိုပြီး၊အောက်ရုံးတွင်မိမိတို့ကကျေညာချက်ဒီကရီသက်သက်သာတောင်းဆိုခဲ့ခြင်းဖြစ်သဖြင့်၊ရုံးမှမှားယွင်းပြီးစာချုပ်ကိုပယ်ဖျက်လိုက်သည့်အမိန့်နှင့်ဒီကရီချမှတ်ပေးသော်လည်းမိမိတို့သည်စာချုပ်ပါတန်ဘိုးအတိုင်းတံဆိပ်တော်ခေါင်းပေးရန်မလိုအပ်ပါဟုပြဆိုလေသည်။
ထို့ကြောင့်တရားခံဖြစ်သူအယူခံတရားခံများသည်ယခုအယူခံမှုတွင်လည်းသက်သေခံအမှတ်(က)စာချုပ်ကိုပယ်ဖျက်သည်နှင့်ပတ်သက်၍လုံလောက်သည့်တံဆိပ်တော်ခေါင်းထမ်းဆောင်ရန်မလိုလားသည်ကိုတွေ့ရှိရသည်။
မည်သို့ပင်ဖြစ်စေ၊အထက်ကပြဆိုခဲ့သည့်အတိုင်းအယူခံတရားလိုတောင်းဆိုသည့်သက်သာခွင့်မှာရေစစ္စတြီစာချုပ်ကိုပါတပါတည်းချမှတ်ပေးရမည့်သက်သာခွင့်မျိုးဖြစ်ကြောင်းထင်ရှားနေပေသည်။
ထိုသို့ချမှတ်ပေးရလျှင်အယူခံတရားခံသည်၊စာချုပ်တန်ဘိုးပေါ်ကျသင့်သည့်တံဆိပ်တော်ခွန်ထမ်းဆောင်ရမည်ဖြစ်ရကား၊အောက်ရုံးမှသက်သေခံအမှတ်(က)စာချုပ်ကိုပယ်ဖျက်လိုက်သည်ဆိုသောအမိန့်ဒီကရီမှာတရားဝင်သည့်အမိိန့်ဖြစ်သည်ဟုမဆိုနိုင်တော့သဖြင့်ပယ်ဖျက်ရမည်ဖြစ်သည်။
ဖေါ်ပြပါအကြောင်းများကြောင့်၊ယခုအယူခံမှုတွင်အယူခံတရားလိုသည်အချင်းဖြစ်မြေယာနှင့်အိမ်ကိုပိုင်ဆိုင်ကြောင်းမြွက်ဟဒီကရီနှင့်၊ထိုအိမ်မှအယူခံတရားခံအားနှင်ထုတ်ရန်အခွင့်အရေးမရှိကြောင်းအောက်ရုံးမှချမှတ်ခဲ့သည့်စီရင်ချက်နှင့်ဒီကရီနှင့်ပတ်သက်၍အယူခံခဲ့သော်ငြားလည်း၊အထက်ကပြဆိုခဲ့သည့်အတိုင်းထိုဆုံးဖြတ်ချက်မှာမှန်ကန်ကြောင်းထင်ရှားနေသဖြင့်၊ထိုသို့ချမှတ်ပေးခဲ့သည့်စီရင်ချက်နှင့်ဒီကရီအတွက်အယူခံခြင်းကိုကျွန်ုပ်တို့ပလပ်ရပေမည်။
သို့ရာတွင်အောက်ရုံးမှသက်သေခံ(က)စာချုပ်ကိုပယ်ဖျက်သောအမိိန့်နှင့်ဒီကရီမှာလုံလောက်သည့်တံဆိပ်တော်ခေါင်းထမ်းဆောင်ထားခြင်းမရှိဘဲချမှတ်ထားသည့်အမိန့်ဖြစ်သဖြင့်၊လက်ခံအတည်ပြုရန်မဖြစ်နိုင်သောကြောင့်ထိုအချက်နှင့်ပတ်သက်၍အယူခံသည်ကိုခွင့်ပြုပြီး၊အောက်ရုံးမှချမှတ်သည့်အမိိန့်နှင့်ဒီကရီကိုပယ်ဖျက်လိုက်သည်။”
————————————-
တံဆိပ်တော်ခွန်ဥပဒေပြဿနာနှင့်ပတ်သက်၍အထက်ဖော်ပြပါသုံးသပ်ချက်မှန်ကန်မှုရှိမရှိ၊စာဖတ်သူဥပဒေပညာရှင်ကမိမိကိုယ်ပိုင်ဉာဏ်ဖြင့်စဉ်းစားသုံးသပ်ဆင်ခြင်ကြည့်ပါရန်။
Comments
Post a Comment