အပြီးသတ်ဒီကရီချမှတ်ပြီးမှ၊ပဏာမဒီကရီအပေါ်တင်သွင်းသည့်အထူးအယူခံမှုတွင်ချမှတ်သောအထူးအယူခံခုံရုံး၏ဒီကရီသည်၊အပြီးသတ်ဒီကရီအပေါ်သက်ရောက်မှုရှိမရှိ။

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


“အပြီးသတ်ဒီကရီချမှတ်ပြီးမှ၊ပဏာမဒီကရီအပေါ်တင်သွင်းသည့်အထူးအယူခံမှုတွင်ချမှတ်သောအထူးအယူခံခုံရုံး၏ဒီကရီသည်၊အပြီးသတ်ဒီကရီအပေါ်သက်ရောက်မှုရှိမရှိ”

——————————


အထက်ဖော်ပြပါဥပဒေပြဿနာ၏အဖြေသည်၊မြန်မာနိုင်ငံတရားစီရင်ထုံးများတွင်မရှိသေးပါ။


သို့သော်အိန္ဒိယနိုင်ငံကာလကတ္တားတရားလွှတ်တော်က၁၉၂၉ခုနှစ်၊စက်တင်ဘာလ၂ရက်နေ့တွင်ဆုံးဖြတ်သော၊ Taleb Ali And Anr. vs Abdul Aziz And Ors.( AIR 1929 Cal 689 )အမှုတွင်၊အထက်ဖော်ပြပါဥပဒေပြဿနာ၏သုံးသပ်ချက်၊ဆုံးဖြတ်ချက်အဖြေကိုတွေ့ရှိနိုင်သည်။


———————————-


တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇၏ပြဌာန်းချက်


Appeal from final decree where no appeal from preliminary decree


97. Where any party aggrieved by a preliminary decree does not appeal from such decree, he shall be precluded from disputing its correctness in any appeal which may be preferred from the final decree.


ပဏာမဒီကရီတရပ်ကြောင့်နစ်နာသောအမှုသည်တဦးဦးအနေဖြင့်ယင်းဒီကရီကိုအယူခံဝင်ခြင်းမပြုပါကအပြီးသတ်ဒီကရီကိုအယူခံဝင်မှုတွင်ထိုပဏာမဒီကရီ၏မှန်ကန်မှုနှင့်စပ်လျဉ်း၍အငြင်းပွါးခြင်းမှထိုအမှုသည်အားတားမြစ်ပိတ်ပင်ကြောင်းပြဌာန်းချက်ဖြစ်သည်။


ရှေးခေတ်မြန်မာပြန်တွင်”preliminary decree”ကို”အဦးအစဖြစ်သည့်ဒီကရီ”ဟူ၍ဘာသာပြန်ဆိုထားကြောင်းတွေ့ရှိရသည်။


ပဏာမဒီကရီ(preliminary decree)၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်တွေ့ရှိနိုင်သည်။


အယူခံတွင်၊အပြီးသတ်ဒီကရီကိုကန့်ကွက်တိုက်ဖျက်ရာ၌ပဏာမဒီကရီမှန်ကန်ခြင်းရှိမရှိနှင့်စပ်လျဉ်း၍အယူခံသူကပြဿနာဖော်ထုတ်ခွင့်မရှိကြောင်းပိတ်ပင်ခြင်းအားဖြင့်ကြားဖြတ်အမိန့်များ(interlocutory orders)အားပေးထားသောအဆင့်အတန်းမှပဏာမဒီကရီများကိုအတိအလင်းခြွင်းချက်ပြုဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။


ဤသို့ဖြစ်ရခြင်းမှာအပြီးသတ်ဒီကရီမှာသဘာဝအားဖြင့်ပဏာမဒီကရီ၏လက်အောက်ခံအဖြစ်ပဏာမဒီကရီအပေါ်တွင်မှီခိုနေရပြီးပဏာမဒီကရီ၏ညွှန်ကြားချက်နှင့်ထိန်းချုပ်မှုတို့နှင့်အညီအမှုကိုဆက်လက်ဆောင်ရွက်မှုများအရချမှတ်သောဒီကရီဖြစ်သောကြောင့်ဖြစ်သည်။


ပဏာမဒီကရီကိုအယူခံမဝင်မီသို့မဟုတ်အယူခံဝင်ထားဆဲတွင်အပြီးသတ်ဒီကရီချမှတ်သည့်အခါပြဿနာပေါ်ပေါက်တတ်သည်။


ဤပြဿနာနှင့်စပ်လျဉ်း၍ကာလကတ္တားတရားလွှတ်တော်၏ယခင်စီရင်ထုံးများအရအပြီးသတ်ဒီကရီချမှတ်ပြီးပါကပဏာမဒီကရီကိုအယူခံဝင်ခွင့်မရှိတော့ချေ။


သို့ရာတွင်ကာလကတ္တားတရားလွှတ်တော်၏စုံညီခုံရုံးကဤပြဿနာနှင့်စပ်လျဉ်းသည့်ယခင်စီရင်ထုံးများကိုပြန်လည်သုံးသပ်ပြီးနောက်”ပဏာမဒီကရီကိုအယူခံမဝင်မီအပြီးသတ်ဒီကရီကိုချမှတ်လိုက်လျှင်ယင်းပဏာမဒီကရီမှအယူခံဝင်ခွင့်မရှိတော့ဟုမဆိုနိုင်ကြောင်း၊ယင်းကိစ္စမျိုးတွင်အပြီးသတ်ဒီကရီသည်ပဏာမဒီကရီအပေါ်တွင်အခြေခံ၍ချမှတ်သောဒီကရီဖြစ်သည်ဆိုသောအချက်မှတပါးအခြားအချက်များအရမှန်ကန်နေသောဒီကရီဖြစ်ပါက၊ပဏာမဒီကရီအရနစ်နာမှုရှိသောအမှုသည်အနေဖြင့်အပြီးသတ်ဒီကရီကိုအယူခံဝင်ရန်မလိုအပ်တော့ကြောင်း”ဆုံးဖြတ်ခဲ့သည်။


AIR 1929 Cal 689အမှုတွင်၊ကာလကတ္တားတရားလွှတ်တော်တရားသူကြီးချုပ် Rankin က”အပြီးသတ်ဒီကရီ၏တာဝန်မှာပဏာမဒီကရီကပေးထားသည့်အမိန့်ကိုပြန်လည်ဖော်ပြရန်နှင့်တိကျမှန်ကန်စွာအသုံးပြုရန်၊ဆောင်ရွက်ရန်မျှသာဖြစ်သည်။ဒီကရီများသည်အမှုတမှုတည်းတွင်ဖြစ်ခြင်းကြောင့်၊ပဏာမဒီကရီမှအယူခံသည့်အမှုကိုကြားနာသောအယူခံရုံးသည်ပဏာမဒီကရီအားဆန့်ကျင်သောအမိန့်ကိုချမှတ်ခွင့်သို့မဟုတ်ပြောင်းလဲခွင့်ရှိသကဲ့သို့၊အပြီးသတ်အမိန့်ကိုလည်းယင်းသို့ပြုလုပ်ခွင့်အာဏာရှိသည်။ပဏာမဒီကရီမှအယူခံဝင်နိုင်သည့်အခွင့်အရေးကိုစည်းကမ်းကန့်သတ်ချက်မရှိဘဲပေးအပ်ထားခြင်းဖြစ်ပေရာ၊အပြီးသတ်ဒီကရီချမှတ်ခြင်းသည်ပဏာမဒီကရီကိုဆန့်ကျင်လျက်အယူခံဝင်ခြင်းကိုသော်လည်းကောင်း၊ယင်းသို့အယူခံဝင်မှုအားကြားနာခြင်းကိုသော်လည်းကောင်း၊ပိတ်ပင်ခြင်းမရှိပေ။ပဏာမဒီကရီကိုပယ်ဖျက်လိုက်ပါကယင်းဒီကရီမှအယူခံသည့်အမှုကိုအပြီးသတ်ဒီကရီမချမှတ်မီတင်သွင်းသည်ဖြစ်စေ၊ချမှတ်ပြီးမှတင်သွင်းသည်ဖြစ်စေ၊အပြီးသတ်ဒီကရီမှာလွှမ်းမိုးခြင်းခံရမည်ဖြစ်သည်။အပြီးသတ်ဒီကရီချမှတ်ထားကြောင်းအယူခံရုံးကသိရှိရလျင်၊ပဏာမဒီကရီပယ်ရာတွင်သို့မဟုတ်ပြောင်းလဲရာတွင်အယူခံရုံးအနေဖြင့်အမှုအားလုံးတွင်လုပ်သင့်လုပ်ထိုက်သည့်အတိုင်းအပြီးသတ်ဒီကရီကိုပယ်ရန်သို့မဟုတ်ပြောင်းလဲရန်ညွှန်ကြားချက်များပေးရမည်ဖြစ်သည်။”ဟူ၍မြွက်ကြားခဲ့သည်။


“အပြီးသတ်ဒီကရီမှာပဏာမဒီကရီမှအယူခံဝင်သည့်အမှုကိုဆုံးဖြတ်ချက်အပေါ်တည်မှီနေခြင်းမရှိသောကြောင့်၊အပြီးသတ်ဒီကရီချမှတ်ပြီးနောက်ပဏာမဒီကရီမှအယူခံဝင်ရန်အခွင့်အရေးမရှိသို့မဟုတ်အကျိုးမရှိ၊ထို့ပြင်ပဏာမဒီကရီကိုအယူခံဝင်ပြီးနောက်မှအပြီးသတ်ဒီကရီကိုချမှတ်ခြင်းဖြစ်လျင်အပြီးသတ်ဒီကရီမှအယူခံဝင်သည့်အမှုပါအကျုံးဝင်သွားစေရန်ပဏာမဒီကရီကိုပြင်ဆင်သင့်သည်”ဟူသော၊ယခင်ကာလကတ္တားတရားလွှတ်တော်စီရင်ထုံးများကို၊ဤရှင်းလင်းသောစီရင်ချက်(AIR 1929 Cal 689)ကလွှမ်းမိုးလိုက်သည့်အကျိုးသက်ရောက်မှုရှိပေသည်။


ယခင်ကာလကတ္တားတရားလွှတ်တော်၏စီရင်ထုံးများကို၊AIR 1929 Cal 689စုံညီခုံရုံးဆုံးဖြတ်ချက်ဖြင့်လွှမ်းမိုးပယ်ဖျက်လိုက်ခြင်းဖြစ်သည်။


မဒရပ်စ်နှင့်အာလာဟာဘတ်ဒ်တရားလွှတ်တော်များကမူ”အပြီးသတ်ဒီကရီကိုအယူခံဝင်ခြင်းမရှိသော်လည်းပဏာမဒီကရီမှအယူခံဝင်ခြင်းမှာတရားဝင်သည်၊ထို့ပြင်ပဏာမဒီကရီကိုပယ်ဖျက်လိုက်ပါကအပြီးသတ်ဒီကရီမှာလည်းပဏာမဒီကရီနှင့်အတူပျက်ပြယ်သွားသည်”ဟူ၍ဆုံးဖြတ်ထားသည်။


လာဟိုးတရားလွှတ်တော်ကလည်းအလားတူယူဆထားသည်။


အပြီးသတ်ဒီကရီကိုချမှတ်ပြီးနောက်မှ၊ပဏာမဒီကရီကိုပယ်သည့်ကိစ္စတွင်၊ဒီကရီရသူအနေဖြင့်အယူခံဒီကရီနှင့်လိုက်လျောညီထွေဖြစ်သည့်ဒုတိယနောက်ဆုံးဒီကရီ(second final decree)ချပေးရန်လျှောက်ထားခွင့်ရှိသည်။

———————————————


ပညာရှင် Sir Dinshaw Fardunji Mulla ပြုစုသော၊ THE CODE OF CIVIL

PROCEDURE, 17th Edition(2018ခုနှစ်ထုတ်)ကျမ်းစာမျက်နှာ၅၀၇တွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇ကိုဋီကာချဲ့ရာ၌အောက်ပါအတိုင်းပြဆိုသည်-


“S. 97. Appeal from final decree where no appeal from preliminary decree.


Where any party aggrieved by a preliminary decree passed after the commencement of this Code does not appeal from such decree, he shall be precluded from disputing is correctness in any appeal which may be preferred from the final decree.”


“Scope,Section 97 attaches a finality to the preliminary decree and provides that if no appeal is filed against the preliminary decree, its correctness cannot be disputed in any appeal against the final decree. 


The object of the section is to estop parties aggrieved by a preliminary decree, who do not appeal from such decree within the period of limitation, from later disputing its correctness in any appeal which may be preferred from the final decree.


This section has expressly excepted preliminary decrees from the position assigned to interlocutory orders by precluding an appellant from impeaching them in the course of an attack upon the final decree. 


This is because the final decree is in its nature dependant and subordinate, as it is a decree which has been passed as a result of proceedings directed and controlled by the preliminary decree and based thereon. 


Matters decided by a preliminary decree are not open for re-agitation at the time of final decree.


However, where a preliminary decree is passed in a partition suit, addition of property by amendment of decree is permissible to rectify the mistake of Court. Section 97 of the Code will not be a bar to such amendment.


A perusal of section 97 goes to show that any party aggrieved by a preliminary decree  is under an obligation to file an appeal from such decree, but if he declines to avail of this opportunity,”


ကျမ်းစာမျက်နှာ၅၀၈တွင်၊အထက်ဖော်ပြပါဥပဒေပြဿနာ၏အဖြေကိုအောက်ပါအတိုင်းပြဆိုသည်-


“Final Decree Passed during the Pendency of Appeal from Preliminary Decree”


In Kaushalya Devi v Baijnath,[1961]3 SCR 769; AIR 1961 SC 790, a preliminary decree in a partition suit was passed by consent without complying with the provisions of Order XXXII, rule 7(1), but no appeal was preferred against it. 


It was held by the Supreme Court that its validity could not be questioned in an appeal against the final decree. 


An appeal against a preliminary decree is not barred by reason of a final decree having been passed belore the presentation of the appeal, as the final decree is dependent on the preliminary decree and must fail if the preliminary decree is reversed or superseded. (Taleb  Ali v. Abdul Aziz IL R 57 Cal 1013)

———————————————————————


Calcutta High Court


Taleb Ali And Anr. vs Abdul Aziz And Ors. 


on 2 September, 1929


Equivalent citations: AIR 1929 Cal 689


Author: Rankin


JUDGMENT Rankin, C.J.


အမှုတွင်ထုတ်နုတ်ကြားနာသောဥပဒေပြဿနာနှစ်ရပ်မှာအောက်ပါအတိုင်းဖြစ်သည်-


(1) Whether an appeal from a preliminary decree is incompetent if a final decree is made before the appeal is presented ?


(2) Whether it is necessary for a party aggrieved by a preliminary decree to appeal both from that decree and the final decree in order to maintain his appeal against the preliminary decree, although he final decree apart from its being based on the preliminary decree may be otherwise correct?


စီရင်ချက်စာမျက်နှာ၂၊အပိုဒ်၄တွင်၊”ပဏာမ”နှင့်”အပြီးသတ်”တို့၏အဓိပ္ပာယ်များကိုအောက်ပါအတိုင်းပြဆိုသည်-


“4. The terms " preliminary " and "final" decree were probably in general use before 1908, but Section 2, Civil P.C., of that year introduced them as technical expressions and provided a definition:


A decree is preliminary when further proceedings have to be taken before the suit can be completely disposed of. It is final when such adjudication completely disposes of the suit. It may be partly preliminary and partly final.”


စီရင်ချက်စာမျက်နှာ၂၊အပိုဒ်၆တွင်အမွေပုံစီမံခန့်ခွဲပေးစေလိုမှု၏ဥပဒေသဘောကိုအောက်ပါအတိုင်းပြဆိုသည်-


“6. As regards administration suits the provisions of Section 213 was that:


the Court before making the decree shall order such accounts and enquiries to be taken and made and give such other directions as it thinks fit.”


စီရင်ချက်စာမျက်နှာ၃၊အပိုဒ်၁၀နှင့်၁၁တွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇နှင့်ပုဒ်မ၁၀၅တို့၏ဥပဒေသဘောကိုအောက်ပါအတိုင်းပြဆိုသည်-


“10. The Code of 1908, by providing for preliminary and final decrees introduced a uniform practice for many different classes of suits, and by Section 97 provided that:


where any party aggrieved by a preliminary decree does not appeal from such decree, he shall be precluded from disputing its correctness in any appeal which may be preferred from the final decree.


11. This last provision is also applied, by Section 105, Clause (2), to orders of remand from which an appeal lies. The difficulties which have been referred to us for solution arise from these provisions. A litigant, aggrieved by a preliminary decree, cannot seek remedy for his grievance in an appeal from the final decree; a litigant aggrieved by an order of remand from which an appeal lies, must appeal there from directly or be precluded from disputing its correctness.”


စီရင်ချက်စာမျက်နှာ၆၊အပိုဒ်၂၁နှင့်၂၃တွင်ဥပဒေပြဿနာ၏အဖြေကိုအောက်ပါအတိုင်းသုံးသပ်သည်-


“21. In the end, however, and inconsistently with their reasoning, the learned Judges appear to fall back upon the consideration that the appeal, was presented after the final decree has been pronounced. The logic of this case would appear to be that nothing which can happen upon an appeal against a preliminary decree can affect the final decree, and in keeping with this view no suggestion is offered as to any principle according to which the final decree can be held to stand or fall according as an appeal against the preliminary decree was preferred before or after the making of the final decree.”


“23. In Atul's case [1915] 22 C.L.J. 90 the presentation of the appeal had preceded the passing of the Final decree and the Court held that if the appeal succeeded, the final decree ought to be amended in accordance with the result of the appeal.”


စီရင်ချက်စာမျက်နှာ၇၊အပိုဒ်၂၅တွင်၊ပဏာမဒီကရီကိုပြင်ဆင်ခြင်းသို့မဟုတ်ပယ်ဖျက်ခြင်းပြုလိုက်ပါက၊အပြီးသတ်ဒီကရီမှာလည်းအလားတူပယ်ဖျက်ခြင်းသို့မဟုတ်ပြင်ဆင်ခြင်းဖြစ်သွားကြောင်းအောက်ပါအတိုင်းပြဆိုသည်-


“that the final decree must be deemed to have been made on the assumption that if the preliminary decree should be modified or set aside in the appel, the final decree also would be similarly modified or set aside.”


ပဏာမဒီကရီကိုပယ်ဖျက်သို့မဟုတ်ပြောင်းလဲရာတွင်၊အယူခံရုံးအနေဖြင့်အပြီးသတ်ဒီကရီကိုပယ်ဖျက်ရန်သို့မဟုတ်ပြင်ဆင်ရန်ညွှန်ကြားချက်များပေးရမည်ဟုစီရင်ချက်စာမျက်နှာ၈၊အပိုဒ်၂၈တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-


“28. Where an appeal has been brought; from the preliminary decree before the final decree has been passed, this Court has consistently held that such appeal is competent and that if the preliminary-decree be set aside the final decree falls to the ground along with it. In these cases attempt has been made to induce the Court to affirm that the passing of a final decree takes away from the appellate Court its jurisdiction over the appeal already lodged against the preliminary decree; or else to hold that the final decree is valid and subsisting until set aside formally and directly by am appeal therefrom.”

————————————————————


1993 BLR 29 


ဦးဇော်လင်း(၎င်း၏အခွင့်ရကိုယ်စားလှယ်ဒေါ်မြင့်မြင့်) 


                                   နှင့် 


                          ဒေါ်စန်းစန်းရွှေ


တရားရုံးချုပ်တရားသူကြီးဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်


ပဏာမဒီကရီကြောင့်နစ်နာသူအမှုသည်တဦးဦးသည်၊ထိုဒီကရီကိုအယူခံမဝင်ခဲ့လျှင်၊အပြီးသတ်ဒီကရီကိုအယူခံဝင်ရာ၌ပဏာမဒီကရီသည်မမှန်ကန်ကြောင်းတင်ပြခွင့်မရှိဟုအတိအလင်းပိတ်ပင်ထားကြောင်း၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


“97. Where any party aggrieved by a preliminary decree does not appeal from such decree, he shall be precluded from disputing its correctness in any appeal which may be preferred from the final decree.”


စီရင်ထုံးစာမျက်နှာ၃၁တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“မူလတရားရုံးကအယူခံတရားပြိုင်ဒေါ်စန်းစန်းရွှေသည်လက်ထက်ပွါးပစ္စည်း၏ထက်ဝက်ကိုရထိုက်ကြောင်း၄-၃-၉၁ရက်နေ့ကပဏာမဒီကရီချမှတ်ခဲ့ရာယင်းဒီကရီကိုအယူခံတရားလိုကအယူခံဝင်ရောက်ခဲ့ကြောင်းမတွေ့ရသဖြင့်အတည်ဖြစ်လျက်ရှိသည်။တရားမကျင့်ထုံးဥပဒေအမိန့်၂၆၊နည်း၁၄(၃)ပါပြဌာန်းချက်များအရတရားရုံးသည်ကော်မရှင်နာ၏အစီရင်ခံစာကိုအတည်ပြုလျှင်ဖြစ်စေ၊ပြောင်းလဲပြင်ဆင်လျှင်ဖြစ်စေထိုသို့အတည်ပြုသည့်အတိုင်းသို့မဟုတ်ပြောင်းလဲပြင်ဆင်သည့်အစီရင်ခံစာအတိုင်းအပြီးသတ်ဒီကရီကိုချမှတ်ရမည်ဟုအတိအလင်းပြဌာန်းထားသည်။ထို့နောက်အပြီးသတ်ဒီကရီကိုပဏာမဒီကရီပါညွှန်ကြားချက်များအပေါ်အခြေခံ၍ရေးဆွဲရသည်။”


စီရင်ထုံးစာမျက်နှာ၃၁၊ပဉ္စမအပိုဒ်နှင့်စာမျက်နှာ၃၂တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“ကော်မရှင်နာကလက်ထက်ပွါးပစ္စည်း၏တန်ဖိုးမှာကျပ်၃၀၀၀၀၀/-ဖြစ်ကြောင်းအစီရင်ခံတင်ပြချက်ကိုမူလတရားရုံးက၂၅-၁-၉၃ရက်နေ့ကလက်ခံအတည်ပြုခဲ့ပြီးဖြစ်သည်။ယင်းကြားဖြတ်အမိန့်ကိုအယူခံတရားလိုကမကျေနပ်၍တရားရုံးချုပ်တရားမပြင်ဆင်မှုအမှတ်၁၀၉/၉၃တွင်ပြင်ဆင်မှုတင်သွင်းထားကြောင်းအယူခံအကြောင်းပြချက်တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။အယူခံတရားလိုအနေဖြင့်အဆိုပါအမိန့်သည်မှားယွင်းကြောင်းသို့မဟုတ်နည်းလမ်းမကျကြောင်းကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅အရအယူခံအကြောင်းပြချက်အဖြစ်ဖော်ပြ၍အယူခံဝင်နိုင်ပေသည်။သို့ရာတွင်အယူခံတရားလိုကထိုသို့အယူခံအကြောင်းပြချက်အဖြစ်ဖော်ပြခဲ့ခြင်းမရှိချေ။”


စီရင်ထုံးစာမျက်နှာ၃၂၊ဒုတိယအပိုဒ်တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်ဆုံးဖြတ်သည်-


“အယူခံတရားလိုကအမှုတွင်လက်ထက်ပွါးပစ္စည်းနှင့်ငွေကြေးတစုံတရာမကျန်ရစ်ခဲ့သဖြင့်မူလတရားရုံး၏ဒီကရီမှာမှားယွင်းကြောင်းအဓိကတင်ပြထားသည်။လက်ထက်ပွါးပစ္စည်းမကျန်ရစ်ခဲ့လျှင်ပစ္စည်းခွဲဝေသည့်ပဏာမဒီကရီကိုချမှတ်ရန်အကြောင်းမရှိနိုင်ပေ။သို့ဖြစ်၍ခွဲဝေရန်လက်ထက်ပွါးပစ္စည်းမရှိဘဲလျက်ပစ္စည်းခွဲဝေရန်ဒီကရီချမှတ်ခြင်းမှာမှားယွင်းကြောင်းအယူခံတရားလိုကတင်ပြခြင်းမှာပဏာမဒီကရီသည်မမှန်ကန်ကြောင်းတင်ပြခြင်းသာဖြစ်သည်ဟုဆိုရပေမည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇အရပဏာမဒီကရီကြောင့်နစ်နာသူအမှုသည်တဦးဦးသည်ထိုဒီကရီကိုအယူခံမဝင်ခဲ့လျှင်အပြီးသတ်ဒီကရီကိုအယူခံဝင်ရာ၌ပဏာမဒီကရီသည်မမှန်ကန်ကြောင်းတင်ပြခွင့်မရှိဟုအတိအလင်းပိတ်ပင်ထားသည်။သို့ဖြစ်၍အယူခံတရားလို၏တင်ပြချက်ကိုလက်မခံနိုင်ပေ။”

—————————————————


1978 BLR 45


ဒေါ်တင်ကြည် နှင့် ဒေါ်အမာ


ဥက္ကဌအဖြစ်ဦးစိုးလှိုင်၊အဖွဲ့ဝင်များအဖြစ်ဦးလှမောင်နှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


အမှုတွင်ဗဟိုတရားစီရင်ရေးအဖွဲ့ကစီရင်ထုံးစာမျက်နှာ၄၆တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“အမွေပစ္စည်းခွဲဝေအုပ်ချုပ်စီမံခန့်ခွဲပေးစေလိုမှုများတွင်ပထမအဆင့်အနေဖြင့်ပဏာမ(ကနဦး)ဒီကရီချမှတ်ရန်ဖြစ်သည်။ဒုတိယအဆင့်မှာခွဲဝေပေးရန်မည်သို့သောပစ္စည်းများကျန်ရှိသည်၊မည်သည့်စာရင်းအင်းများရှိ၍မည်သို့ထားရှိသည်စသည်များကိုစုံစမ်းစစ်ဆေးရန်ဖြစ်သည်။ထိုသို့စုံစမ်းစစ်ဆေးပြီးလျှင်မည်သူကမည်သည့်ပစ္စည်းကိုမည်သို့ရထိုက်သည်စသည်ဖြင့်အပြီးသတ်ဒီကရီချမှတ်ပေးရန်ဖြစ်သည်။


—————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]