ပြင်ဆင်မှုတရားရုံးက၊အလျောက်ဘာသာ( own motion )အမှုတွဲတောင်းခေါ်ခွင့်အကြောင်း

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


“ပြင်ဆင်မှုတရားရုံးက၊အလျောက်ဘာသာ( own motion )အမှုတွဲတောင်းခေါ်ခွင့်အကြောင်း”


တရားမမှုခင်းများတွင်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅၊ကအပ်နှင်းထားသောအာဏာကိုသုံးစွဲ၍ပြင်ဆင်မှုဖွင့်လှစ်နိုင်သော်လည်းသာမန်အားဖြင့်ဆိုလျင်ထိုအာဏာကိုလွယ်ကူစွာသုံးစွဲခြင်းမပြုပေ။


နှစ်ဘက်သောအမှုသည်များအနေဖြင့်မကျေနပ်ကကိုယ်တိုင်အယူခံဝင်ရန်သို့မဟုတ်ပြင်ဆင်မှုဖွင့်လှစ်ပေးရန်လျှောက်ထားနိုင်သောကြောင့်ဖြစ်သည်။


သို့ရာတွင်လိုအပ်ပါကထိုသို့အမှုကိုခေါ်၍ပြင်ဆင်ပေးနိုင်ကြောင်းမူကားဥပဒေအရထင်ရှားသောအချက်တရပ်ဖြစ်သည်။


လျှောက်ထားမှုမရှိဘဲတရားရုံးချုပ်သည်၊အလျောက်ဘာသာ( own motion )၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅အရအာဏာကိုကျင့်သုံးနိုင်သည်။

————————————


7 BLR 327 


KO KATHOOR00- APPLICANT. 

                       V.  

MA U - RESPONDENT.


Before Mr. Justice Fox.


အမှုတွင်၊အင်္ဂလိပ်တရားသူကြီး Mr. Fox ကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“High Court- -revisional powers of--competent to exercise on its ow motion--without application--passing exparte decree wit out proof of summons defect in procedure-Court's power to pass decree-going to the root of subsequent proceedings showing service of summons--cure of defect by-Civil Procedure Code (Act XIV of 1882) ss. 108, and 622.”


It is competent to a High Court to exercise its revisional powers under section 822 of the Civil Procedure Code (1) oh, its own motion and withoat application.


The error of the lower Court was apparent on the face of it own proceedings. At the first hearing of the suit it had not taken evidence as to the due sor vice Of the summons, and it had no affidavit uf the serving oficer before it, on which it could declare the cummons to have been duly served.


But there was an endorsement by the head-olerk that the process-server had been put on his oath and had admitted his report to be correct: Eleld that suc endorses ent was hot an añidavit and tho declaring by she lower Court of the suntions having been daly served, without aay aaterials before it justilying its making suck dediaration, constituted a dotest in procedure which send to he roof of the dourt's power to pass a decree, and it could not be cured by subs sequently showing, in proceedings under section 108,that, as a fact, the sumons had been served.


FOX, J.-I do not think there is suficient ground for a review of judgment in this case.


The ground upon which I set aside the decree of the township Court, was that the Judge had acted with material irregularity and illegaky in passing a decree, when he had no evidence before him that the summonses had been duly serwed. It is competent to a High Court to exereise its revisional powers under section 622 of the Civil Procedure Code ( Act XIV of 1882 )on its own motion and without application.


The error of the township Court was apparent on the face of its own proceedings. 


At the first hearing of the suit, it had not taken evidence as to the due service of the summons, and it had no affidavit of the serving officer before it, on which it could declare the summons to have been duly served.


The endorsement by the head clerk that the process-server had been put on his oath and had admitted his report to be correct, is not an affidavit.


No doubt the township Judge declared the summons to have been daly served, but. he did so without having any materials before him, which justified his making such a declaration.


This constituted a defect in procedure, which went to the root of the Court's power to pass a decree, and-it could not be cured by subsequently showing in proceedings under section 108 that, as a fact, the summons had been served.”

—————————-


1965 BLR 977 


ဦးခွေး နှင့် ကိုအေးပါ၂


တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးချစ်နှင့်တရားသူကြီးဦးစိန်သင်းတို့ရှေ့တွင်


၁၉၆၅ခုနှစ်၊စက်တင်ဘာလ၂၅ရက်နေ့တွင်ဆုံးဖြတ်သည်။


တရားသူကြီးချုပ်ဒေါက်တာမောင်မောင်က၊စီရင်ထုံးစာမျက်နှာ၉၈၀တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“တရားမမှုများတွင်တရားလိုတရားခံတို့သည်မိမိတို့၏အဆိုအချေကိုမိမိတို့ကိုယ်တိုင်ပြု၍၊မိမိတို့၏သက်သေများကိုမိမိတို့ကထူကြရသည်။တရားတထုံးပြီးဆုံးပြန်လျင်လည်းမကျေနပ်သူကအယူခံဝင်ခြင်း၊ပြင်ဆင်မှုဖွင့်လှစ်ခြင်းစသည်တို့ကိုဥပဒေကခွင့်ပြုထားသည့်အတိုင်းဆက်လက်ဆောင်ရွက်နိုင်ကြသည်။တရားရုံးအနေနှင့်အမှန်တရားကိုစောင့်ထိန်းရသည်ထက်ပို၍ဆောင်ရွက်ပြန်လျင်လည်း၊တရားလိုတရားခံနှစ်ဖက်ရှိရာတဖက်ဖက်သို့ယိမ်းညွှတ်သလိုဖြစ်တတ်သည်။”


စီရင်ထုံးစာမျက်နှာ၉၈၁တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“ထို့ကြောင့်ရာဇဝတ်မှုခင်းများ၌အောက်ရုံးများကဆုံးဖြတ်ပြီးသောအမှုများကိုလိုအပ်လျင်၊တရားရုံးချုပ်ကပြင်ဆင်မှုဖွင့်လှစ်၍ခေါ်ယူစစ်ဆေးကာ၊တရားဥပဒေအရလွန်စွာမှားယွင်းချွတ်ချော်နေသည်များကိုဖြစ်စေ၊တရားမျှတမှုကင်းမဲ့နေသည်များကိုဖြစ်စေတွေ့ရှိရလျင်သင့်လျော်သောအမိန့်ကိုချမှတ်၍ပြင်ဆင်ပေးသည်။ဤသို့ပြင်ဆင်ပေးခြင်းဖြင့်၊တနိုင်ငံလုံးရှိတရားရုံးများသည်တရားဥပဒေနှင့်အညီမျှမျှတတတရားစီရင်စေနိုင်သည်။ထို့ကြောင့်ရုံးအသီးသီး၏အစီရင်ခံစာများမှဖြစ်စေ၊တရားရုံးများကိုစစ်ဆေးခြင်းအားဖြင့်ဖြစ်စေတွေ့ရှိရသောပြင်ဆင်အမိန့်ချမှတ်ပေးရန်လိုကောင်းလိုမည်ဟုယူဆနိုင်သည့်အမှုများကိုမည်သူကမျှမလျှောက်ထားဘဲ၊တရားရုံးချုပ်ကအလိုအလျောက်ခေါ်ယူကာပြင်ဆင်မှုများဖွင့်လှစ်သည်။


တရားမမှုခင်းများတွင်မူကား၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁(စီရင်ထုံးတွင်ပုဒ်မ၁၁၅အစား၊ပုဒ်မ၁၅၁ဟုမှားယွင်းဖော်ပြထားဟန်တူသည်)ကအပ်နှင်းထားသောအာဏာကိုသုံးစွဲ၍၊အလားတူပြင်ဆင်မှုများဖွင့်လှစ်နိုင်သော်လည်း၊သာမန်အားဖြင့်ဆိုလျင်ထိုအာဏာကိုလွယ်ကူစွာသုံးစွဲခြင်းမပြုပေ။နှစ်ဖက်သောအမှုသည်များအနေနှင့်မကျေနပ်ကကိုယ်တိုင်အယူခံဝင်ရန်၊သို့မဟုတ်ပြင်ဆင်မှုဖွင့်လှစ်ပေးရန်လျှောက်ထားနိုင်ကြသောကြောင့်ဖြစ်ပေသည်။အချို့သောအမှုများ၌ထိုကဲ့သို့အဆင့်ဆင့်အယူခံဝင်ခြင်း၊ပြင်ဆင်မှုလျှောက်ထားခြင်းပြုလုပ်ပြီးနောက်၌ပင်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ၆အရအယူခံဝင်ရန်အခွင့်ထူးလျှောက်ထားနိုင်ကြသည်။ထိုအခွင့်အရေးများရှိနေပြီး၍၊တရားရုံးချုပ်ကအလိုအလျောက်တရားမမှုများကိုခေါ်ယူ၍၊ပြင်ဆင်မှုဖွင့်လှစ်ခြင်းများနည်းပါးခဲ့သည်။လိုအပ်ပါကထိုသို့အမှုကိုခေါ်ယူ၍ပြင်ဆင်ပေးနိုင်ကြောင်းမူကားဥပဒေအရထင်ရှားသောအချက်တရပ်ဖြစ်သည်။”

—————————————


1965 BLR 1116 


ဦးခွေး နှင့် ဦးအေးပါ၂


တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးချစ်နှင့်တရားသူကြီးဦးစိန်သင်းတို့ရှေ့တွင်


၁၉၆၅ခုနှစ်၊ဒီဇင်ဘာလ၄ရက်နေ့တွင်ဆုံးဖြတ်သည်။


ဦးခွေးအမှုနှစ်မှုပေါ်ပေါက်လာပုံမှာအောက်ပါအတိုင်းဖြစ်သည်။


လယ်သမားကြီးဦးခွေးကလယ်သမားဇနီးမောင်နှံဖြစ်ကြသည့်ဦးအေး၊ဒေါ်ထားတို့ထံမှကျွဲနှစ်ကောင်ကိုစာချုပ်ဖြင့်ငွေသုံးရာပေးကာဝယ်ယူပြီးနောက်ထိုကျွဲများကိုဦးအေး၊ဒေါ်ထားတို့ကိုပင်တနှစ်စာအလုပ်ပြီးစီးသည်အထိပြန်လည်ငှါးရမ်းထားခဲ့သည်ဟုအဆိုရှိသည်။နှစ်ကုန်၍ကျွဲများကိုပြန်တောင်းသောအခါမပေးသဖြင့်ဦးခွေးကဖျာပုံမြို့နယ်တရားမတရားသူကြီးရုံးတွင်၊ဦးအေး၊ဒေါ်ထားတို့အပေါ်၌ကျွဲနှစ်ကောင်ကိုပြန်လည်ရလိုမှုတရားစွဲဆိုခဲ့သည်။


အမှုတွင်ဦးအေး၊ဒေါ်ထားတို့ကအကြောင်းအမျိုးမျိုးပြ၍ခုခံခဲ့သည်။စာချုပ်သည်တရားဝင်အရောင်းအဝယ်စာချုပ်မဟုတ်၊ကြွေးအတွက်လီဆယ်ချုပ်ဆိုစေသည့်စာချုပ်မျှသာဖြစ်သည်။၎င်းတို့အားကျွဲနှစ်ကောင်ကိုငှါးရမ်းထားခဲ့သည်ဆိုသည်မှာလည်းမဟုတ်မမှန်စသည်ဖြင့်ချေပခဲ့ကြသောကြောင့်ထိုငြင်းချက်တို့အပေါ်တွင်ကောက်ချက်များထုတ်နုတ်၍ပညာရှိမြို့နယ်တရားမတရားသူကြီးကနှစ်ဖက်သက်သေအပြည့်အစုံစစ်ဆေးခဲ့သည်။


ထို့နောက်စာချုပ်သည်တရားဝင်ချုပ်ဆိုခဲ့သောကျွဲအရောင်းအဝယ်စာချုပ်ဖြစ်သည်။ဦးခွေးကထိုကျွဲနှစ်ကောင်ကိုဦးအေးတို့အားလယ်လုပ်ရန်အတွက်တနှစ်ငှါးရမ်းထားသည်ဆိုခြင်းမှာလည်းမှန်ကန်သည်စသည်ဖြင့်အဓိကကောက်ချက်တို့တွင်အဖြေပေးကာဦးခွေးစွဲဆိုသည့်အတိုင်းကျွဲနှစ်ကောင်ကိုဦးအေးတို့ကပြန်လည်ပေးအပ်ရန်အမိန့်ဒီကရီချမှတ်ခဲ့သည်။


ထိုစီရင်ချက်မှဦးအေးတို့ကဖျာပုံခရိုင်တရားမရုံးသို့အယူခံဝင်ခဲ့သော်လည်းမအောင်မြင်ခဲ့ကြချေ။


အယူခံရုံးသည်လည်းမူလရုံးကဲ့သို့ပင်ကောက်ချက်အရပ်ရပ်အပေါ်၌တွေ့မြင်ယူဆသဖြင့်အယူခံပလပ်လိုက်သည်။


ဦးခွေးကမူလရုံးသို့အမိန့်အတွင်းကျွဲနှစ်ကောင်ပြန်ပေးစေရန်ဇာရီပြုလုပ်လျှောက်ထားခဲ့သည်။


တရားရှုံးတို့ကအလွယ်တကူပေးအပ်ခြင်းမပြုသဖြင့်ကျွဲများကိုဝရမ်းဖမ်းဆီးပေးရန်လျှောက်ထားသောအခါပညာရှိမြို့နယ်တရားမတရားသူကြီးကတရားနိုင်၊တရားရှုံးတို့သည်လယ်သမားများဖြစ်ကြသဖြင့်၎င်းတို့၏ဇာရီမှုတွင်မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်ကိုဖျာပုံခရိုင်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဌထံသို့အကြံဉာဏ်များတောင်းခံခဲ့လေသည်။


ဥက္ကဌကတရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရန်အကြံပေးသဖြင့်ဦးအေးတို့လက်ဝယ်တွင်ရှိနေသောကျွဲများကိုပေးအပ်စေရန်ဝရမ်းထုတ်ဆင့်ခဲ့သည်။


ဦးအေးတို့ကကျွဲတကောင်ကိုမြွေကိုက်၍သေပြီဟုအကြောင်းပြခဲ့သည်။


ကျန်ကျွဲတကောင်ကိုသာတရားနိုင်ကရုံး၏ဝရမ်းထုတ်ဆင့်ချက်အရပြန်လည်ရရှိခဲ့သည်။


ထိုသို့ကျွဲတကောင်ပေးအပ်ရသည်ကိုမကျေနပ်သေး၍ဦးအေးတို့ကခရိုင်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီထံသို့သွားရောက်တိုင်တန်းခဲ့ပြန််ရာဖျာပုံခရိုင်တရားမတရားသူကြီးရုံးသို့စစ်ဆေးပေးရန်ကော်မတီကတဆင့်ပေးပို့သဖြင့်ပညာရှိတရားသူကြီးကလည်းထိုပြဿနာကိုတရားရုံးချုပ်သို့တင်ပြအစီရင်ခံရန်မြို့နယ်တရားမတရားသူကြီးအားညွှန်ကြားလိုက်သည်။


ထို့ကြောင့်သက်ဆိုင်ရာအမှုတွဲများနှင့်ပေါ်ပေါက်သောပြဿနာသည်၊နိုင်ငံတော်တရားရုံးချုပ်သို့ရောက်ရှိလာသည်။


တရားရုံးချုပ်ကမြို့နယ်တရားရုံးကဇာရီမှုကိုလက်ခံ၍ဆောင်ရွက်ပေးခြင်းသည်တရားဥပဒေနှင့်လည်းကောင်း၊တရားမျှတမှုနှင့်လည်းကောင်းကိုက်ညီကြောင်း၊တရားရုံး၏တာဝန်ဝတ္တရားများကိုထမ်းဆောင်ရာလည်းရောက်ကြောင်းဆုံးဖြတ်သည်။


နောက်ပိုင်းတွင်ဦးခွေးစွဲဆိုခဲ့သောအမှုမှာအမှန်မဟုတ်ကြောင်းအတိုင်အတောရှိလာသဖြင့်တရားရုံးချုပ်ကပြင်ဆင်မှုဖွင့်လှစ်ကြားနာပြီးနောက်”မူလအမှုနှင့်၎င်းအမှုမှပေါက်ဖွားသောအယူခံမှုအမိန့်၁၉၆၅၊မတစ၊၉၇၇၊ပြင်ဆင်မှုတွင်ဇာရီပြုခြင်းနှင့်ပတ်သက်သောအမိန့်အရပ်ရပ်ကိုပယ်ဖျက်လိုက်သည်”ဟုဆုံးဖြတ်သည်။


ဦးခွေးစီရင်ထုံးပေါ်လာပြီးနောက်၁၉၆၃ခုနှစ်တောင်သူလယ်သမားကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ပြဿနာတက်သောအမှုများယင်တရားရုံးချုပ်၊ဗဟိုတရားရုံးနှင့်လက်ရှိတရားရုံးချုပ်တွင်မတွေ့ရတော့ချေ။


အမှန်တရားရှာဖွေရာတွင်၊စီရင်ထုံးများ၏ကဏ္ဍကို၊ဦးခွေးစီရင်ထုံးကမီးမောင်းထိုးပြလိုက်ပါသည်။

—————————————


ပြင်ဆင်မှု၏အခြားမျက်နှာစာတရပ်

——————————


အယူခံဝင်ခွင့်မရှိသောပဏာမငြင်းချက်အပေါ်ဆုံးဖြတ်ချက်ကို၊ပြင်ဆင်မှုမတင်သွင်းလင့်ကစား၊အပြီးသတ်ဆုံးဖြတ်ချက်အပေါ်ပြင်ဆင်မှုတင်သွင်းရာတွင်တင်ပြခွင့်ရှိပါသလား ?

——————————-


1997 BLR 91


ဦးမြဝေပါ၂ နှင့် ဒေါ်တင်မြင့်မော်


တရားရုံးချုပ်၊တရားသူကြီးဦးသန်းဖေရှေ့တွင်


စီရင်ထုံးစာမျက်နှာ၉၄နှင့်၉၅တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“အမှုတွင်အဓိကအငြင်းပွါးလျက်ရှိသည့်ပြဿနာမှာမူလရုံးတရားလို(လျှောက်ထားခံရသူ)စွဲဆိုသောအမှုသည်ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းရှိမရှိနှင့်၊တရားပြိုင်(လျှောက်ထားသူ)များ၏မတရားကျူးကျော်ဝင်ရောက်မှုကြောင့်တရားလိုလက်ရှိဖြစ်ခဲ့သည်ဆိုသောအချင်းဖြစ်မြေကိုမတရားလက်လွတ်ခဲ့ရခြင်းရှိမရှိဖြစ်သည်။


ကာလစည်းကမ်းသတ်နှင့်ဆိုင်သောပဏာမငြင်းချက်ကိုမူလရုံးကဦးစွာကြားနာ၍၂၇-၉-၉၃နေ့ကပင်တရားလိုဘက်သို့အသာပေးဖြေဆို၍ကာလစည်းကမ်းသတ်ကျော်လွန်သည်ဆိုခြင်းမမှန်ဟုဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။


ယင်းဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍တရားပြိုင်များကအထက်ရုံးသို့တက်၍ပယ်ဖျက်ပေးရန်လျှောက်ထားခဲ့ခြင်းမရှိသဖြင့်အဆိုပါဆုံးဖြတ်ချက်မှာယနေ့တိုင်အတည်ဖြစ်လျက်ရှိကြောင်းအငြင်းမထွက်ချေ။


သို့သော်ယခုပြင်ဆင်မှုတွင်အဆိုပါကာလစည်းကမ်းသတ်နှင့်သက်ဆိုင်သောဆုံးဖြတ်ချက်၊ဥပဒေအရမှန်ကန်မှုမရှိကြောင်းပြင်ဆင်မှုအကြောင်းပြချက်တရပ်အဖြစ်တင်ပြထားသဖြင့်ယင်းအချက်ကိုလက်ခံစိစစ်ဆုံးဖြတ်ပိုင်ခွင့်ရှိမရှိ၊ဦးစွာစိစစ်ဖို့လိုမည်ဖြစ်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅တွင်တရားရုံးချုပ်သည်မိမိလက်အောက်ခံတရားရုံးတရုံးရုံးကဆုံးဖြတ်ခဲ့၍မိမိတရားရုံးသို့အယူခံဝင်ခွင့်မရှိသောအမှုတမှု၏အမှုတွဲကိုတောင်းယူ၍လက်အောက်ခံတရားရုံးသည်-


(က)ယင်းတရားရုံးအားဥပဒေကအပ်နှင်းခြင်းမရှိသည့်စီရင်ပိုင်ခွင့်ကိုကျင့်သုံးခဲ့ကြောင်း၊သို့မဟုတ်


(ခ)ထိုသို့အပ်နှင်းထားသောစီရင်ပိုင်ခွင့်ကိုကျင့်သုံးခြင်းမပြုခဲ့ကြောင်း၊သို့မဟုတ်


(ဂ)မိမိ၏စီရင်ပိုင်ခွင့်ကိုဥပဒေနှင့်ဆန့်ကျင်လျက်ဖြစ်စေ၊အရေးကြီးသောကျင့်ထုံးနည်းလမ်းကျနခြင်းမရှိဘဲဖြစ်စေပြုလုပ်ခဲ့ကြောင်း


တွေ့ရှိပါက၊တရားရုံးချုပ်အနေဖြင့်ထိုအမှုတွင်မိမိသင့်သည်ထင်မြင်ရာအမိန့်ကိုချမှတ်နိုင်သည်ဟုပြဌာန်းထားသည်။


ယင်းပြဌာန်းချက်အရဆိုလျင်တရားရုံးချုပ်သည်မိမိလက်အောက်ခံတရားရုံးတရုံးကစီရင်ဆုံးဖြတ်ခဲ့သောအယူခံဝင်ခွင့်မရှိသည့်မည်သည့်အမှုတွဲကိုမဆိုတောင်းယူ၍အထက်ပါအချက်(၃)ချက်အရစိစစ်ပြင်ဆင်ခွင့်ရှိကြောင်းထင်ရှားသည်။


“အမှုတွဲ”ဟုသုံးနှုန်းထားသောစကားရပ်အရအပြီးသတ်စီရင်ဆုံးဖြတ်ချက်ကိုသာမကအမှုတွဲတခုလုံးရှိ၊အမိန့်၊စီရင်ဆုံးဖြတ်ချက်မှန်သမျှကိုစိစစ်ပြင်ဆင်ခွင့်ရှိသဖြင့်၊မူလမှုတွင်ကနဦးချမှတ်ခဲ့သော၂၇-၉-၉၃နေ့စွဲပါကာလစည်းကမ်းသတ်နှင့်သက်ဆိုင်သည့်ငြင်းချက်အမှတ်(၁)အပေါ်ဆုံးဖြတ်ချက်ကိုဤပြင်ဆင်မှု၌စိစစ်ခွင့်ရှိမည်ဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၉၆တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်ဆုံးဖြတ်သည်-


“xxxxxxxxxxxxxxxxxတိုင်းတရားရုံးတရားမကြီးမှုအမှတ်၄၆၂/၉၂အမှုနေ့စဉ်မှတ်တမ်းနှင့်ထိုအမှုတွင်တင်သွင်းထားသောအဆိုလွှာအရတိုင်းတရားရုံးတွင်အဆိုလွှာတင်သွင်းသည့်နေ့မှာ၂၃-၁၁-၉၂ဖြစ်ကြောင်းတွေ့ရှိရသဖြင့်မူလရုံးတရားလိုကတိုင်းတရားရုံးတွင်အဆိုလွှာတင်သွင်းချိန်၌သတ်မှတ်ထားသည့်ကာလစည်းကမ်းသတ်ထက်(၃)ရက်ကျော်လွန်နေပြီးဖြစ်ကြောင်းပေါ်ပေါက်သည်။


လျှောက်ထားသူတို့ကလည်းထိုအချက်ကိုပင်အဓိကထား၍ဤပြင်ဆင်မှု၌တင်ပြထားသည်။


ယင်းတင်ပြချက်မမှန်ပါဟူ၍လည်းလျှောက်ထားခံရသူဘက်ကတင်ပြနိုင်ခြင်းမရှိချေ။


ဤအခြေအနေတွင်မူလရုံးကကာလစည်းကမ်းသတ်နှင့်သက်ဆိုင်သောငြင်းချက်အမှတ်(၁)ကိုတရားလိုဘက်သို့အသာပေးဖြေဆို၍အမှုကိုဆက်လက်စစ်ဆေးပြီးတရားလိုစွဲဆိုသည့်အတိုင်းအနိုင်ဒီကရီချပေးခဲ့ခြင်းသည်ဥပဒေနှင့်ညီညွတ်သည်ဟုမဆိုနိုင်ပေ။


ထို့ကြောင့်ဤပြင်ဆင်မှုကိုခွင့်ပြု၍ရန်ကုန်တိုင်းတရားရုံး(တရားမ)၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီး၊မူလရုံးတရားလိုစွဲဆိုသောအမှုကိုတရားရုံးအဆင့်ဆင့်စရိတ်နှင့်တကွပလပ်လိုက်သည်။”

———————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]